Author Topic: လိုက်နာရမည့်စည်းကမ်းချက်များ  (Read 9906 times)

0 Members and 1 Guest are viewing this topic.

moeset

  • Tech Admin
  • အချစ်တက္ကသိုလ်
  • *****
  • Posts: 661
အချစ်တက္ကသိုလ်
                                                                               
ဝင်ရောက်မည့်သူများအားလုံးလိုက်နာရမည့်စည်းကမ်းချက်များ

အချစ်တက္ကသိုလ် ဖိုရမ်သည် မြန်မာလူငယ်လူရွယ်များ တစ်ဦးအပေါ်တစ်ဦးပွင့်ပွင့်လင်းလင်း ချစ်ချစ်ခင်ခင် နှင့် မိတ်ဆွေသူငယ်ချင်းအသစ်များရရှိစေလိုခြင်း၊ မိမိသိသော သိလိုသော ကိစ္စရပ်များအား မေးမြန်း ဆွေးနွေး ရှင်းပြစေခြင်း စသည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားသောဆိုက်ဖြစ်ပါသည်။ ထိုကြောင့် ဤဖိုရမ်အတွင်း ဝင်ရောက်မည့်အသင်းဝင်တိုင်းသည် အောက်ပါ စည်းကမ်းချက်များအားလိုက်နာရပါမည်။


(၁) ဖိုရမ်အတွင်း နိုင်ငံရေး၊ဘာသာရေးနဲ့ပတ်သက်မည့် အစွန်းရောက် အချက်အလက်များ ရေးသားခြင်း၊ ပြောဆိုခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရ။ တွေ့ရှိပါက ထိုဝင်ရောက်သူအား ဖိုရမ်အတွင်းမှ ရာသက်ပန် ထုတ်ပယ်မည်။


(၂) ဖိုရမ်အတွင်း ၀င်ရောက်သူအချင်းချင်း ရိုင်းစိုင်းစွာ ပြောဆိုခြင်း၊ စောင်းမြောင်းပြောဆိုခြင်း၊ ဆဲဆိုခြင်းများလုံးဝမပြုလုပ်ရ။


(၃) ၁၈+များကို အဓိကတင်ပေးမည့်ဖိုရမ်ဖြစ်ပါသဖြင့် မိမိတင်မည့် ဗီဒီယို၊ ဖိုင်များ၊ ဓါတ်ပုံများ စသည့် ဒေါင်းလော့လင့်များကို မတင်ခင်သေချာစစ်ပေးကြရန်နှင့် မိမိကိုယ်ပိုင် ပို့(စ်)မဟုတ်ပါကလည်း ယူဆောင်လာသည့် နေရာဒေသအား Credit ပေးပါရန် နှင့် ထိုကဲ့သို့မပြုလုပ်၍ တစ်စုံတစ်ခုသော ပြဿနာများပေါ်ပေါက်လာပါက တင်ပေးသူ၏ တာဝန်သာဖြစ်သည်။

(၄) ဖိုရမ်အတွင်း မိမိရေးသားတင်ပြလိုသောပို့(စ်)နှင့် ခေါင်းစဉ်များသည် ကိုက်ညီမှုရှိရမည်။ အကယ်၍ မိမိတင်လိုသောအကြောင်းအရာနှင့် သက်ဆိုင်သည့် ခေါင်းစဉ်မတွေ့ရှိပါက "ဤတွင်တင်လိုက်ပါသည်" ဆိုသည့် တော့ပစ်တစ်ခု တည်းအောက်တွင်သာတင်ခွင့်ရှိသည်။

(၅) ဖိုရမ်အတွင်း အခါအားလျှော်စွာ ထုတ်ပြန်သော ကြေငြာချက်များကိုလည်း ဖတ်ရှုပေးရန် လိုအပ်ပါသည်။


(၆) ဖိုရမ်အတွင်းတွင် Burglish (မြန်မာအသံထွက်အား အင်္ဂလိပ်အက္ခရာအဖြစ်ရေးသားခြင်း လုံးဝခွင့်မပြုပါ) မြန်မာလိုရိုက်ခြင်းသော်လည်းကောင်း၊ အင်္ဂလိပ်လိုရိုက်ခြင်းသော်လည်းကောင်း နှစ်မျိုးတည်းသာခွင့်ပြုသည်။

 

(၇) ဖိုရမ်အတွင်းရှိ  Administrators, Moderators, ဖိုရမ်ထိန်းသိမ်းသူများ မှ မန်ဘာများ တင်ထားသောပို့(စ်)များသည် စည်းကမ်းချက် မကိုက်ညီမှု၊ ဖိုရမ် တည်ငြိမ်အေးချမ်းရေး၊ တိုးတက်ရေးအား ပျက်စီးစေနိုင်မှု စသောအကြောင်းအရင်းများ ပါဝင်နေပါက တည်းဖြတ်၊ ပြုပြင်၊ ဖျက်သိမ်းပါမည်။

 

(၈) ပြည်တွင်းဖြစ်များ တင်ပေးရာတွင် မည်သည့်နေရာမှရလာသည်ဖြစ်စေ မျက်နှာ ပါနေပါကလည်း အတတ်နိုင်ဆုံး မျက်နှာအား ကွယ်ဖျက်ပြီးမှသာ တင်ပါရန်။ ကာယယံရှင်မှ ခွင့်မပြုသော ဓါတ်ပုံ/ဗွီဒီယိုများအား တင်ပြခြင်းမပြုရန်၊ တင်ပြလာခဲ့ပါက သက်ဆိုင်ရာတင်ပေးသူ မန်ဘာတွင်သာ တာဝန်ရှိမည်ဖြစ်ကြောင်းနှင့် ၁၈နှစ်အောက် ဓါတ်ပုံ/ဗွီဒီယိုများ ၊ဇာတ်လမ်းစာပေများ တင်လာပါကလည်း ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးပါသည်။



                                                                                                                                              အချစ်တက္ကသိုလ်

                                                                                                                             
အက်ဒ်မင် အဖွဲ့ကိုယ်စား
« Last Edit: June 10, 2014, 03:13:55 AM by moeset »

moeset

  • Tech Admin
  • အချစ်တက္ကသိုလ်
  • *****
  • Posts: 661
စည်းကမ်းချက် နံပါတ် ၈ အဖြစ် အောက် ပါအချက်အလက်အား ထည့်သွင်းသည် မန်ဘာတိုင်း လိုက်နာရန်

ပြည်တွင်းဖြစ်များ တင်ပေးရာတွင် မည်သည့်နေရာမှရလာသည်ဖြစ်စေ မျက်နှာ ပါနေပါကလည်း မျက်နှာအား ဖြတ် (ဖျက်တာမဟုတ်)ပီးမှသာ တင်ပါရန်နှင့် ၁၈နှစ်အောက် ဓါတ်ပုံ/ဗွီဒီယိုများ ၊ ကာယယံရှင်မှ ခွင့်မပြုသော ဓါတ်ပုံ/ဗွီဒီယိုများအား တင်ပြခြင်းမပြုရန်၊ တင်ပြလာခဲ့ပါက သက်ဆိုင်ရာတင်ပေးသူ မန်ဘာတွင်သာ တာဝန်ရှိမည်ဖြစ်ကြောင်း အသိပေးပါသည်။
 

deedthar

  • Guest
 အထူးသတိပေးခြင်း ၁။

မန်ဘာများ အားအထူးသတိပေးလိုသည်မှာ၊ ပို့စ်ကောင့်များစေရန်ရည်ရွယ်ချက်ဖြင့် အခြားဖိုရမ်းများ ဝက်ဆိုက်များတွင် အလွယ်တကူကြည့်၍ ရနိုင်သောပို့စ်များကို ကူးယူပြီး အချစ်တက္ကသိုလ်တွင် လာရောက် တင်ပေးခြင်းများမပြုလုပ်စေလိုပါ၊
 ဥပမာ မြန်မာဇာတ်လမ်း စတိုရီများမှာ ပြီးဆုံးသွားသော စတိုရီ(ဟောင်း)ဖြစ်ပါက ပီဒိအက် လည်းပြုလုပ်ပြီး နေပြီဖြစ်ပါသဖြင့် ပိဒီအက် လင့်ကိုသာ တင်ပေးစေလိုပါသည်၊

တမျက်နှာ၊နူစ်မျက်နှာ စတိုရီဆိုလျှင် အကြောင်းမဟုတ်သော်လည်း စာမျက်နှာပေါင်းများစွာ ဆိုလျှင် လူအများလည်း ဖတ်ပြီးနေကြပြီဖြစ်သဖြင့် ဖိုရမ်းစာမျက်နှာ အပိုဆုံးရှုံးပါသည်၊

မန်ဘာဝင်စရာမလိုပဲ တိုက်ရိုက်၊ ကြည့်နိုင်၊ ဖတ်နိုင်၊ ဒေါင်းယူနိုင်သော ဆိုက်များမှ ဆိုပါက လင့်ကိုသာ ပေးခြင်းဖြင့် ရှယ်နိုင်ပါသည်၊

ယခုအချိန်မှစ၍ ဟောင်းနေပြီဖြစ်သော၊ အကြောင်းအ၇ာ၊ ဓါတ်ပုံ၊ စတိုရီ တို့ကို တောင်းဆိုသူ မရှိပဲ၊ စာမျက်နှာ များစွာ အသုံးပြုပြီး တင်လာပါက တက္ကသိုလ် အုပ်ချုပ်သူများ အဖွဲ့မှ ကြီးကြပ်ကာ ၄င်း ပို့စ်များကို တက္ကသိုလ် တွင်းမှ ဖယ်ရှားပြစ်မည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်၊

ဒိသာ
တက္ကသိုလ် အုပ်ချုပ်သူများကိုယ်စား
« Last Edit: September 25, 2012, 08:41:11 AM by tunaye2011 »

deedthar

  • Guest
အထူးသတိပေးခြင်း ၂။

မန်ဘာအသစ်များ ပို့စ်တင်ခြင်းများကို နားမလည်သေးပါက

အချစ်တက္ကသိုလ် > မောင်/မယ်သစ်လွင်များ ကြိုဆိုရာ > အချစ်တက္ကသိုလ်ဝင်ခွင့်အခက်အခဲများ  > နည်းပညာအခက်အခဲများမေးမြန်မယ် ကူညီမယ်

မှာ သွားရောက်ပို့စ်တင်ပြိးမေးမြန်းနိုင်ကြပါတယ်၊
သရက်နူင့်မဆိုင်သောပို့စ်များကို တင်ပါက သက်ဆိုင်ရာမော့ဒ်များမှ သက်ဆိုင်ရာ သရက်အောက်၊ တော့ပစ်များနူင့် ဝမ်နင်မပေးပဲ ချက်ခြင်း ပူးပေါင်းပစ် လိုက်မည်ကြောင်း၊
မိမိ တို့ တင်လိုက်သောပို့စ်ကို ရှာမတွေ့ပါက အက်ဒမင် အဖွဲ့အား ပီအမ်ပို့ပြီး မေးမြန်းနိုင်ပါသည်၊

ဒိသာ
အက်ဒမင်အဖွဲ့ကိုယ်စား



moeset

  • Tech Admin
  • အချစ်တက္ကသိုလ်
  • *****
  • Posts: 661
စည်းကမ်းချက်များ ကိုဖြည့်စွက်ခြင်း

၁။ဤဖိုရမ်အတွင်း နိုင်ငံရေး၊ဘာသာရေးနဲ့ပတ်သတ်မည့်အချက်အလက်များအားရေးသားခြင်း၊ပြောဆိုခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရ တွေ့ရှိပါကထိုဝင်ရောက်သူအား ဖိုရမ်အတွင်းမှ ရာသက်ပန် ထုတ်ပယ်မည်။

စည်းကမ်းချက် နံပါတ် ၁ ကို "အစွန်းရောက်" ဖြည့်စွက်ခြင်း

၁။ဤဖိုရမ်အတွင်း နိုင်ငံရေး၊ဘာသာရေးနဲ့ပတ်သတ်မည့် အစွန်းရောက် အချက်အလက်များအားရေးသားခြင်း၊ပြောဆိုခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ရ တွေ့ရှိပါကထိုဝင်ရောက်သူအား ဖိုရမ်အတွင်းမှ ရာသက်ပန် ထုတ်ပယ်မည်။

မိုးစက်
အက်ဒ်မင်အဖွဲ့ကိုယ်စား