PayPal Personal Account ပြုလုပ်နည်း
PayPal အကောင့် ပြုလုပ်ရန်အတွက် လိုအပ်ချက်များ
1. Email Account တစ်ခု
2. CB Bank မှ Master or Visa Card (လက်ရှိ စမ်းသပ်ထားသလောက် CB Bank မှ Card များဖြင့်သာ အဆင်ပြေပါသည်။)
၁။
https://www.paypal.com/sg/webapps/mpp/home သို့ သွားရောက်ပါ။ (နိုင်ငံရွေးရာတွင် Myanmar မပါသည့် အတွက် Singapore နိုင်ငံ အနေဖြင့် ဖွင့်မည်ဖြစ်သောကြောင့် ဖြစ်ပါသည်။) အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မည်။ “Sign up now” buttom အား နှိပ်ပါ။

၂။ PayPal အကောင့်စတင်ပြုလုပ်ရန်အတွက် “Buy with Paypal” အောက်ရှိ “Get Started” Button အား နှိပ်ပေးပါ။

၃။ နိုင်ငံတွင် Singapore ကိုရွေးပြီး Email, Password, Re-enter Password တို့ကို ဖြည့်ပါ။ Code ကို ဖော်ပြထားသည့်အတိုင်း ပြန်ရိုက်ထည့်ပြီး Continue ကိုနှိပ်ပေးပါ။

၎။ ဤအဆင့်တွင် PayPal အကောင့်ပြုလုပ်ရန်အတွက် လိုအပ်သည့် အချက်အလက်များအား ဖြည့်သွင်း ရပါမည်။ အချက်အလက်များအား မဖြည့်သွင်းမီ Singapore Address တစ်ခုနှင့် Singapore ဖုန်းနံပါတ် တစ်ခုအား ကြိုတင်ရှာထားရန် လိုအပ်ပါသည်။ အချက်အလက်များအား ဖြည့်သွင်းပြီးလျင် Agree ဖြစ်ကြောင်း (√ ) လုပ်၍ Agree and Create Account ကို ကိုနှိပ်ပေးပါ။

၅။ credit or debit card နှင့် ချိန်ဆက်ရန် Page ကို မြင်တွေ့ရမည်ဖြစ်ပါသည်။ Credit Information တို့ကိုဖြည့်ပါ။ ပြီးလျင် Link Card ကိုနှိပ်ပါ။

၆။ အောက်ပါအတိုင်း မြင်တွေ့ရလျင် မိမိ PayPal Account ဖွင့်ခဲ့သော Email ထဲသို့ “Complete your PayPal account setup” ဆိုသည့် mail တစ်စောင် ရောက်ပါလိမ့်မည်။

၇။ Email ထဲသို့ အောက်ပါအတိုင်း “Complete your PayPal account setup” ဆိုသည့် mail ရောက်လာလျင် Email confirm လုပ်ရန်အတွက် “Yes, this is my mail” ဆိုသည့် စာကို click လုပ်ပါ။

၈။ PayPal Login Page ပေါ်လာလျင် PayPal Account ဖွင့်ခဲ့စဉ်ကပေးခဲ့သော password ကိုဖြည့်၍ Confirm Email Address ကိုနှိပ်ပါ။

၉။ အောက်ပါအတိုင်း မြင်တွေ့ရလျင် PayPal Personal Account တစ်ခုကို အောင်မြင်စွာဖွင့်နိုင်ပြီ ဖြစ်ပါသည်။

၁၀။ My PayPal ကိုနှိပ်၍ Account ကို စတင်အသုံးပြုနိုင်ပါပြီ။

ကိုw320 ပေးထားတဲ့ link ကို ဒီမှာ ပြန်ကူးတင်ပေးလိုက်ပါတယ် ။