ကျောင်းဝင်ကြေးသွင်းရင်ဘာတွေခံစားခွင့်ရှိမလဲဗျ
မသိလို့ရှင်းပြပေးပါ ကျေးဇူးပါနော်
စီနီယာများ အခန်းအထိ ရက် ၁၀၀ ဝင်ခွင့် အပြင် အမှတ် ၁၀၀ ရ ပါမယ် ကိုluyoe ရေ ။ ဒီထက် ပိုရှင်းအောင် အသေးစိတ် ပြောပြပါမယ် ။
ကျောင်းမှာ ဝင် ဝင်ချင်းက ပထမနှစ် level ပါ ။ ပိုစ့် ၅၀ ပြည့်သွားရင် ကျောင်းသား ဆိုတဲ့ level ကို အလိုလို ရောက်သွားပါမယ် ။ ကျန်တဲ့ level တွေက ကိုယ်တင်လိုက်တဲ့ပိုစ့်ပေါ် မူတည်ပြီး မန်ဘာတွေဘက်က ပြန်ပေးတဲ့ ရမှတ်နဲ့ သက်ဆိုင်ပါတယ် ။ အမှတ် ၅၀၀ ကနေစပြီး level အဆင့်ဆင့် တက်သွားတာပါ ။
အခု ကျူရှင်ကျောင်းသား level က ပထမဆုံးအကြိမ် ငွေသွင်းလိုက်တာနဲ့ စီနီယာတန်း (အမှတ် ၁၀၀၀) ကို တန်းရောက်သွားပါမယ် ။ ရက်၁၀၀ တိတိ ကြည့်ခွင့် ရပါမယ် ။ ရက်၁၀၀ ပြည့်ရင် မူလ level ကို ပြန်ရောက်သွားပါမယ် ။ ဒုတိယအကြိမ် ငွေထပ်သွင်းရင် နောက်ထပ် ရက်၁၀၀ ထပ်ရပါမယ် ။ ဒါက ပထမတစ်ပိုင်းပါ ။
ဒုတိယ အချက် အနေနဲ့က ငွေ တစ်ကြိမ် သွင်းတိုင်း profile မှာ အမှတ် ၁၀၀ ရပါမယ် ။ ဆိုတော့ ပိုစ့် တစ်ခုမှ တင်မထားတဲ့ ပထမနှစ် ကျူရှင်ကျောင်းသား တစ်ယောက်ဟာ ငွေသွင်း ငါးကြိမ် ပြည့်တဲ့အခါ (အမှတ် ၅၀၀) ကျောင်းသားကြီး level ကို ရောက်သွားပါပြီ ။ ဆယ်ကြိမ် သွင်းပြီးတဲ့အခါ (အမှတ်၁၀၀၀) စီနီယာ level ကို ရောက်သွားပါပြီ ။ ဆိုတော့ ကိုယ် နေချင်တဲ့ level မှာ (ငွေထပ်သွင်းစရာ မလိုတော့ဘဲ) နေလို့ ရသွားမှာပါ ။ ဒီလောက်ဆို ပြည့်စုံပြီ ထင်ပါတယ် နော် ။
ကျူရှင်ကျောင်းတော်သားတိုင်း မဖြစ်မနေ လုပ်ပေးရမှာလေး တစ်ခု ရှိပါသေးတယ်

။ တခြားမဟုတ်ပါဘူး ။ အပေါ်ခန်းက contributor တွေရဲ့ အားထုတ်မှုလေးတွေကို vote လေးတွေပေးကြပါ လို့
