အချစ်တက္ကသိုလ် ဖိုရမ်တွင်းရှိ အခန်းများ ကဏ္ဍအလိုက် လမ်းညွှန်ချက်
A. မောင်/မယ်သစ်လွင်များ ကြိုဆိုရာ[1]
လျှောက်လွှာတင်မယ် / နှုတ်ဆက်မယ်မောင်မယ်သစ်လွင်များကြိုဆိုရာ ဌာန ဖြစ်ပါတယ် ။ ဖိုရမ်တွင်း တင်ဆက်မှုများကို ဆက်လက် ဖတ်ရှုရန်အတွက် မဖြစ်မနေ တင်ရသော မိတ်ဆက်ပိုစ့် တင်ရန် နဲ့ Level မြင့် အထက်ခန်းများကို ကြည့်ရှုလိုသူများအတွက် အထူးကျူရှင် ယူလိုသော မန်ဘာများ ငွေသွင်းပိုစ့် တင်ရန် တော့ပစ်များ ရှိပါတယ် ။
[2]
အချစ်တက္ကသိုလ်ဝင်ခွင့်အခက်အခဲများmember အသစ်များအနေနဲ့ ဖိုရမ်နဲ့ပက်သက်ပြီး မသုံးတတ်တာ မရှင်းလင်းတာတွေ မေးဖို့ နေရာပါ ။ Admin Team နဲ့ စီနီယာ မန်ဘာများမှ အလျဉ်းသင့်သလို ဖြေကြားပေးကြမှာဖြစ်ပြီး ပိုစ့်များ လက်တွေ့ စမ်းသပ်တင်ရန် တော့ပစ်လည်း ရှိပါတယ် ။
*****B. အချစ်တက္ကသိုလ် မော်ကွန်းထိန်းရုံးခန်း[1]
အချစ်တက္ကသိုလ် စည်းကမ်းချက်နှင့် အထူးကြေငြာစာတမ်းများmember တိုင်း မဖြစ်မနေ ဝင်ဖတ်ရမယ့် စည်းကမ်းချက်များ ၊ အခါအားလျော်စွာ ထပ်မံကြေငြာတဲ့ စည်းကမ်းချက်များနဲ့ ဖိုရမ်အတွက် အမှုဆောင်များ ခေါ်ယူတဲ့ကြေငြာချက်များ စသည်တို့ ထားရှိရာနေရာဖြစ်ပါတယ် ။
[2]
အတန်းတိုးမြှင့်ပေးခြင်းသတ်မှတ်ထားသော respect ပြည့်မီသူများကို member level တိုးမြှင့်ပေးကြောင်း ကြေငြာချက်များ ထားရှိရာ နေရာ ဖြစ်ပါတယ် ။
[3]
အရေးယူခြင်းဖိုရမ်စည်းကမ်း ဖောက်ဖျက်သော မန်ဘာများကို အရေးယူသည့် ကြေငြာချက်များ ထားရှိရာ နေရာ ဖြစ်ပါတယ် ။
[4]
မော်ကွန်းထိန်းသို့ပေးစာ အတန်းတိုးမြှင့်ရန် အမှတ်ပြည့်မီသော မန်ဘာများ (မိမိကိုယ်တိုင်ဖြစ်စေ ၊ သက်ဆိုင်ရာ ဌာန တာဝန်ခံများက ဖြစ်စေ) မော်ကွန်းထိန်းထံ သတင်းပို့ရန် နေရာဖြစ်ပါတယ် ။ အတန်းတိုးမြှင့်ခြင်းသာမကဘဲ ဖိုရမ်နဲ့ ပတ်သက်သည့် အကြောင်းအရာများအား မော်ကွန်းထိန်းထံ တိုက်ရိုက် အကြောင်းကြားလိုပါကလည်း ဤနေရာတွင် ပိုစ့်တင်နိုင်ပါတယ် ။
*****C. တက္ကသိုလ် အမှုဆောင်များ ဆိုင်ရာ ဌာနသည်အခန်းတွေကတော့ မန်ဘာများ အနေနဲ့ မြင်ရမှာ မဟုတ်ပါဘူး ။ ဖိုရမ်ရဲ့ အမှုဆောင်များ အနေနဲ့ မိမိတို့ တာဝန်ယူထားတဲ့ လုပ်ငန်းအသီးအတွက် ဆွေးနွေးချက်များ ထားရှိရာ အခန်းများဖြစ်ပါတယ် ။
[1]
Admin Team အစည်းဝေးခန်း[2]
ဆရာဝန်များ အစည်းဝေးခန်း[3]
PDF Creators Room [4]
မဂ္ဂဇင်းအယ်ဒီတာ အဖွဲ့ *****D. ကျောင်းသားရေးရာ[1]
တက္ကသိုလ်ထဲမှ အသံများသည်အခန်းကတော့ အချစ်တက္ကသိုလ်မန်ဘာများ ခံစားချက်တို့ ရင်ဖွင့်ရာ ၊ အချင်းချင်း ရင်းနှီးကြရာ နေရာလေးလို့ ဆိုနိုင်ပါတယ် ။ ခေါင်းစဉ်ငယ် ၃၂ ခု ထပ်ခွဲထားပြီး မိမိတို့ တင်လိုသော စာ ၊ ပြောလိုသော အကြောင်းအရာတို့ကို သက်ဆိုင်ရာ ခေါင်းစဉ်အောက်မှာ ရေးတင်ကြတဲ့နေရာပါ ။ စာမျက်နှာ ၁၀၀ ပြည့်သွားတဲ့ တော့ပစ်တွေကိုတော့ အမှတ် (၂) ၊ အမှတ် (၃) စသည်ဖြင့် ထပ်ဖွင့်ပေးပါတယ် ။
[2]
တက္ကသိုလ် အတွက် အကြံဥာဏ်နှင့်ရှေ့ လုပ်ငန်းစဉ်များ ဆွေးနွေးမယ်ဖိုရမ်ပြင်ဆင်မှုများ ၊ အကြံပြုခြင်းများနဲ့ ခွင့်တိုင်ကြားခြင်းလို တော့ပစ်မျိုးတွေ ရှိတဲ့နေရာပါ ။ ခေါင်းစဉ်ငယ် ၅ ခု ထပ်မံခွဲထုတ်ထားပြီး Personal message ကဲ့သို့ နှစ်ယောက်တည်း သိစေလိုတဲ့ ကိုယ်ရေးကိုယ်တာ မဟုတ်ဘဲ မန်ဘာချင်း ရင်းနှီးစွာ နောက်ပြောင်ကျီစယ်သောအားဖြင့် Public မှာ Post တင်ပြီး စာပို့ကြတဲ့
တက္ကသိုလ်စာတိုက်လို နေရာလေးမျိုးလည်း ရှိပါတယ် ။
[3]
အတန်းတက်သွားသူ တွေကိုကြိုဆိုဂုဏ်ပြုမယ်ဖိုရမ်တွင်း တင်ဆက်မှုများအလိုက် အမှတ်တွေရ ၊ အတန်းတွေ တက်ကြတဲ့အခါ အချင်းချင်း ခင်မင်ရင်းနှီးစွာ ဂုဏ်ပြုစကား ဆိုကြတဲ့နေရာလေးပါ ။
[4]
နှစ်သစ်ကူး အထူး အစီအစဉ်များ ဒါကတော့ အချစ်တက္ကသိုလ် မိသားစုရဲ့ နှစ်သစ်ကူး အစီအစဉ်တွေ ထားရှိရာနေရာပါ ။ မဂ္ဂဇင်းထုတ်ဝေမှုများ ၊ အလှူဒါန ပြုခြင်းများ စတဲ့ အစီအစဉ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။
[5]
ကျောင်းတော်သားတို့ လက်စွမ်းပြစို့အချစ်တက္ကသိုလ် ဝတ္ထုတိုပြိုင်ပွဲ ကျင်းပခဲ့ရာ နေရာလေးပါ ။ စာမူပြိုင်ပွဲ အပြင် ဖိုရမ်အတွက် သူ့ထက်ငါ လက်စွမ်းပြထားကြတဲ့ အမှတ်တရ ဆောင်ပုဒ်တွေ ၊ တင်ပေးစေချင်တဲ့ Avatar လေးတွေ စသည်ဖြင့် ခေါင်းစဉ်ငယ်လေးတွေ ထပ်ခွဲထားပါတယ် ။
*****E. တက္ကသိုလ် ပရဝုဏ်[1]
ပျော်ပွဲရွှင်ပွဲများနှင့်ပြပွဲများသည်အခန်းကို ဝင်လိုက်ရင် ပျော်ပွဲရွှင်ပွဲနဲ့ ပြပွဲ ဆိုပြီး ခေါင်းစဉ်ကြီး ၂ ခု ထပ်တွေ့ပါလိမ့်မယ် ။ မန်ဘာများ အချင်းချင်း ဇာတ်ကောင်လုပ်ပြီး ခင်မင်ရင်းနှီးစွာ စာဖွဲ့ စ နောက် ထားကြတဲ့နေရာပါ ။ သင်္ကြန်ပွဲလို ပျော်ရွှင်ပွဲရဲ့ ပုံရိပ်တွေ တွေ့နိုင်သလို အချစ်တက္ကသိုလ် အငြိမ့်ပွဲလိုမျိုး အချင်းချင်း နောက်ပြောင်ကျီစယ် စာဖွဲ့ထားတဲ့ အမှတ်တရတွေ မြင်ရမှာပါ ။
[2]
တက္ကသိုလ်လေထန်ကုန်းဆိုင်ခန်းများလေထန်ကုန်း ဆိုတဲ့အတိုင်းပဲ ရောက်တတ်ရာရာ ရေးတင်ကြတဲ့ နေရာပါ ။ ဥချစ် လက်ဘက်ရည်ဆိုင်နဲ့ ခွက်ပုန်းခန်းလို ပျော်စရာ အခန်းမျိုးရှိသလို အပေါင်ဆိုင်နဲ့ ဆေးမင်ကြောင်ဆိုင်လို ရှာရှာကြံကြံ ခေါင်းစဉ်လေးတွေ ၁၅ ခုနဲ့ ဖွဲ့စည်းထားပါတယ် ။
[3]
လက်တို့ပြီး ပြောချင်တဲ့ အထူးအဆန်း သတင်းကမ္ဘာအရပ်ရပ်က သတင်းများနဲ့ ပြည်တွင်း သတင်းဆိုပြီး ခေါင်းစဉ်ငယ် ၂ ခု ခွဲထားပါတယ် ။ အထူးအဆန်းသတင်းတွေ အချင်းချင်းလက်တို့ ပြောကြတဲ့နေရာလေးပါ ။
[4]
တက္ကသိုလ်အဆောင်များLCR , GCR တို့လို အဆောင်တွေအပြင် အားကစားခန်းမ နဲ့ ဘောလုံးအသင်း ၊ တောင်တက်အသင်း စသည်ဖြင့် ခေါင်းစဉ်ငယ် ၉ခု ထပ်ခွဲထားပါတယ် ။ ပြင်ပနဲ့မတူ တမူထူးခြားသော ကျား / မ ခွဲမထားတဲ့ Hostel နဲ့ ကျောင်းအိမ်သာလည်း အဲ့ဒီထဲမှာပါ ။
*****ကျန်တဲ့ အပိုင်းတွေ နောက်နေ့မှ ဆက်ကြစို့နော် ။ ခုလောက်ဆိုရင်တော့ ကျောင်းတော်ကြီး ကျယ်လွန်းလို့ မျက်စိတွေ လည်ပါတယ် ဆိုတဲ့ မောင်ငယ် ညီမငယ်များ အဆင်ပြေတန်ကောင်းပါရဲ့ ။
ခင်မင်စွာဖြင့်
မသိမ့်