အချစ်တက္ကသိုလ်ရဲ့ ကလောင်ရှင် မောင်နှမများ အားလုံး မင်္ဂလာပါ ။
အားလုံးသိပြီးတဲ့တိုင်းပဲ မသိမ့်တို့အားလုံး Error တပြုံကြီးနဲ့ ကျောင်းအိုကြီးကနေ ဒုတိယ ခြေလှမ်း စဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ် ။ ဇ်ာဂျီနဲ့ ယူနီကုဒ် အပြောင်းအလဲကပါ ဖြစ်သွားတော့ ဖိုရမ်သစ် မြကျွန်းညိုကို ယူနီကုဒ် နဲ့ စရမယ် ။ သည်နေရာမှာ ပြဿနာက စာပေဌာနပါပဲ ။ အထူးသဖြင့် စိတ်ညစ်ရတာ ကွန်ပြူတာ သမားတွေပေါ့နော် ။ ဖုန်းနဲ့က မထောင်းသာလှပေမဲ့ ကွန်ပြူတာ သုံးတဲ့ မောင်မယ်တွေအဖို့ လက်ကွက် အပြောင်းအလဲက စာရေး အရှိန်ပျက်စေတဲ့ အကြောင်းရင်းကြီး တရပ် ဖြစ်သွားပါတယ် ။ ဆိုပေမဲ့လည်း ဘယ်တတ်နိုင်မလဲနော် ။ အများက ဒါဆို လိုက် ဒါ ကြရမယ်ကိုး ။
အခု မသိမ့် ပြောချင်တာက ရေးလက်စ တန်းလန်းတွေ အတွက်ပါ ။ ပုံတင်တဲ့သူတွေမှာ ထူးပြီး မပြောင်းလဲပေမဲ့ မသိမ့်နဲ့ အဖွဲ့ကတော့ ကိုယ့်အထုပ် ကိုယ်ပိုက်ပြီး လိုက်ရမယ့် သဘောမှာ ရှိနေတယ် ။ ဆိုတော့ ဘယ်သူ့ကို ဘာ ကူညီရမလဲ စဉ်းစားတယ်ပေါ့နော် ။ ရေးပြီးကြသမျှ အကုန်လုံး မဟုတ်တောင် ယူနီကုဒ် မြကျွန်းညိုမှာ ဆက်ရေးမယ့် စာတွေကို လက်ရှိ ဇော်ဂျီကနေ ယူနီ ပြောင်းပေးထားဖို့ တတ်စွမ်းသူများရဲ့ အကူညီ ယူပြီး စီစဉ်ပေးဖို့ ပြင်ဆင်နေပါတယ် ။
ဆိုတော့ကာ ခုကတည်းက ပြောင်းထားနှင့်ချင်သူများ မသိမ့်ဆီ အကြောင်းကြားပေးကြပါလို့ ။ ပြီးဆုံးတွေ မပါသေးဘူးနော် ။ ရေးလက်စလေးတွေ အရင် လုပ်ထားနှင့်ကြရအောင် ။
http://achittatkatho.net/index.php?topic=1344.msg212735#msg212735ဖော်ပြပါ ပိုစ့်အောက်မှာ လာပြောပေးကြပါ ။ PM ဆိုရင် မသိမ့် တယောက်ပဲ မြင်ရမှာမို့ပါ ။ ကူညီမယ့်သူတွေ မြင်အောင် တော့ပစ် အောက်မှာ ပြောပေးကြစေချင်ပါတယ်နော် ။
ခင်မင်စွာဖြင့်
မသိမ့်