ယူနီကုဒ် အသုံးပြုနိုင်မည့် အချစ်တက္ကသိုလ်မြကျွန်းညို ဖိုရမ်သစ်ကို ၂၀၁၉ နိုဝင်ဘာ ၁ ရက်နေမှာ စတင်ဖွင့်လှစ်နိုင်ဘို့  ပြင်ဆင်နေပါတယ် ။ အသစ်ဖွင့်လှစ်မယ့် ဖိုရမ်မှာ ယူနီကုဒ် font ကို သီးသန့် အသုံးပြုသွားမှာ ဖြစ်ပြီး လက်ရှိ အချစ်တက္ကသိုလ် ဖိုရမ်ကိုတော့ ဇော်ဂျီနဲ့  အချိန်တိုင်းတာ တခုထိ ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ် ။ ဖိုရမ်အသစ် စတင်ဖွင့်လှစ်မယ့် နိုဝင်ဘာ ၁ ရက်နေ့  ထိ ရက်ဂျစ်စတာ လုပ်ထားတဲ့ မန်ဘာများ ဖိုရမ်သစ်မှာ အကောင့်သစ်ထပ်မံ ပြုလုပ်ရန် မလိုဘဲ အချစ်တက္ကသိုလ်မှာ အသုံးပြုနေတဲ့ အကောင့် အတိုင်း ဝင်ရောက်ကြည့်ရှု့ နိုင်ပါတယ် ။ login လုပ်ဘို့ တော့ လိုပါမယ် ။ နိုဝင်ဘာ ၁ ရက်နောက်ပိုင်းမှာ ဝင်ရောက်မယ့် မန်ဘာ အသစ်များကတော့ အချစ်တက္ကသိုလ်မှာရော မြကျွန်းညို မှာ ပါ ၂ နေရာလုံး သပ်သပ်စီ မန်ဘာ အကောင့်သစ် ဖွင့်ရမှာ ဖြစ်ပါတယ် ။
မန်ဘာလယ်ဘယ်များ အနေနဲ့  အချစ်တက္ကသိုလ် မှာ နိုဝင်ဘာ ၁ ရက်နေ့  နောက်ဆုံး ရရှိထားတဲ့ လယ်ဘယ် အတိုင်း မြကျွန်းညို မှာ ပြန်ရပါမယ် ။ ဒါပေမယ့် မြကျွန်းညိုမှာ level point 0 က ပြန်စ မှာ ဖြစ်တဲ့ အတွက် နောက်လယ်ဘယ် တဆင့် တက်ဘို့  ကတော့ သတ်မှတ် အမှတ် ပြည့်မှ နောက်တဆင့်ကို တက်နိုင်မှာ ဖြစ်ပါတယ် ။ ( ဥပမာ အချစ်တက္ကသိုလ်မှာ စီနီယာ အဆင့် ရထားတဲ့ မန်ဘာဟာ မြကျွန်းညို မှာ စီနီယာ အဆင့် ဆက်ရ ပေမယ့် နောက်တဆင့် ကောလိပ်ဂျင် ဖြစ်ဘို့  ကိုတော့ မြကျွန်းညို ရမှတ် ၂၅၀၀ ပြည့်မှ ကောလိပ်ဂျင် အဆင့်ကို ဆက်တက်နိုင်မှာ ဖြစ်ပါတယ် ။ ) ဒီတော့ အမှတ်ပြည့်နေတဲ့ ကျောင်းသား များ အောက်တိုဘာ ၃၀ ရက်နေ့  နောက်ဆုံးထားပြီး လယ်ဘယ်တက်နိုင်ဘို့  အကြောင်းကြားပေးပါ ။ နိုဝင်ဘာ ၁ ရက်နောက်ပိုင်း အချစ်တက္ကသိုလ် က လယ်ဘယ်အဆင့် တက်တာ တွေ မြကျွန်းညို မှာ ပြောင်းပေးနိုင်မှာ မဟုတ်ပါဘူး ။
ဖိုရမ်သစ် ဖြစ်တဲ့ အတွက် လိုအပ်မယ့် ဆွေးနွေးခန်း နဲ့  တော့ပစ်တွေ ကို မန်ဘာများက ဝိုင်းပြီး အကြံပြု ပေးကြစေချင်ပါတယ် ။ အချစ်တက္ကသိုလ်ရဲ့ လက်ရှိ ဖေါင်းပွနေတဲ့ အခန်းများကို မြကျွန်းညို မှာ ပိုမို ကျစ်လစ်အောင် ပေါင်းစည်းပေးထားပါတယ် ။ မြကျွန်းညို နဲ့  ပါတ်သက်တဲ့ အသေးစိတ် အချက်လက်တွေ ကို ဆက်ပီး ထုတ်ပြန်ပေးသွားပါ့မယ် ။