Author Topic: တက္ကသိုလ်မှ သရော်စာဇတ်လမ်းများ တက္ကသိုလ်&  (Read 21186 times)

0 Members and 1 Guest are viewing this topic.

ရဲရဲ

  • အငြိမ်းစား ကထိက
  • အချစ်တက္ကသိုလ်
  • ****
  • Posts: 1143
အားပေးကျမယ်လို့ထင်ပါတယ်
sex is something we do but love is main thing we live

ရဲရဲ

  • အငြိမ်းစား ကထိက
  • အချစ်တက္ကသိုလ်
  • ****
  • Posts: 1143
22:00hr, location near Somalia
အေဒင်ပင်လယ်ကွေ့ အနီးပင်လယ်ပေါ်တွင် စစ်တပ်သုံး စပိဘုတ်လေးတစ်ဆင်းလျှင်မြန်စွာမောင်းနှင်လျှက်ရှိပေသည်။ ထိုလှေပေါ်တွင်မူ နိုင်ငံတစ်ကာ CIA, KGB,MI, စသည်ကမ္ဘာနာမည်ကျော် အဖွဲများကပင် လက်လျှော့၍ထားရသောအမှုများကို အခကြေးငွေယူကာ တိုက်ခိုက်နှိပ်နှင်းပေးသောအထူးလေ့ကြင့်ထားသော နာမည်ကျော်ကြေးစားအဖွဲနာမည်က “လူနောက်ကြီးများ” ထိုလူနောက်ကြီး များအဖွဲတွင် ခေါင်းဆောင်သူကုနှစ်စက္ကန့်အတွင်း ခြောက်လုံးပူး သေနတ်ကိုကျည်ဆံခြောက်တောင့် လုံးကုန်အောင်ပစ်ခတ်နိုင်သော နာမည်ကျော် အဖွဲခေါင်းဆောင် “ကိုစီကာ” ထိုနောက်တွင်မူ ပျံနေသောယင်ကောင်အထီး ကိုတောင်မှ ဓါးဖြင့်ပေါက်ကာ သင်းကွပ်ပေးနိုင်သော ဓါးပေါက်ဝဇ္ဇာ “ ကိုထွန်းအေး” ကွန်ဖူး ထိုက်းချိ ကာရာတေး အာကီဒို တိုက်ချီချွမ် တိုက်ကွမ်ဒို ဘန်ဒို ဘန်ရှည် ဘန်လတ် ရှီသမျှသိုင်း အကုန်တတ်သော သိုင်းပညာရှင် “ကိုဂိဂိ” အရပ် ၇ပေနီးပါး ပေါင် ၄၀၀ကျော်ဗလကြီး စနိုက်ပါ “ကိုဂျေးဂျေး”  လက်နက်ကြီး လက်နက်လေး လက်နက်လတ် အကုန်ပစ်ခတ်နိုင်သည် လက်နုက်ပညာရှင် “ကိုသရဲ၁၁” နောက်ဆုံးတစ်ယောက်ကတော့ ဖောက်ခွဲသည့်နေရာမှာ အနံနှင့်ကော လက်နက်ကြီးနဲ့ကော အကုန်လာလာသမျှဖောက်ခွဲနိုင်သည့် ဗျူဟာနှင့် လက်နက်ကြီးပညာရှင် “ကိုဒီတိုနေတာ” တို့လိုက်ပါလာကြလေသည်။
22:30hr, location near Somalia
အေဒင်ပင်လယ်ကွေ့ အနီးပင်လယ်ပေါ်ရှီ သဘောင်္တစ်ဆင်းပေါ်တွင်
လူမိုက်ခေါင်းဆောင်ဟုယူဆရသော သူက သဘောင်္ပေါ်ရှိတံစားခံ များကို ခြိမ်းခြောက်နေပုံ များကို ဗီဒီယှိကင်မရာဖြင့် လိုက်လံမှတ်တမ်းယူနေပါသည်။
ဤနေရာတွင်ဖတ်ရှုသူများလွယ်ကူစေရန် မြန်မာလိုဘာသာပြန်ပေးသွားမည်ဖြစ်ပါသည်
‘ငါ့တို့ မင်းတို့လူတွေကို ဖမ်ထားတာ ဒီနေ့ဆို ၁ပတ်ပြည့်ပြီ ဒီနေ့ကတော့ ငါတို့ရက်ချိန်ပေးထားတဲ့ နောက်ဆုံးရက်ပဲ ဖြစ်တယ် ဒါကြောင့် ဒီနေ့အထိငါပိုက်ဆံ လက်ခံမရရှိသေးဘူး ဒိတော့ ငါမင်းတို့လူတွေကို ငါသတ်ပီးတော့ သူတို့ခေါင်းတွေကို မင်းတို့ကို ပို့ပေးလိုက်မယ်’
ထိုလူမိုက်ခေါင်းဆောင်က ဓါးနဲ့ တစာခံ များကို ခေါင်းဖြတ်ဖို့ ကြံရွယ်လိုက်ချိန်တွင် သဘောင်္ကြမ်းပြင်ပေါ သို့အနက်ရောင်အိပ်တစ်အိပ်ကြလာကာ အောင်မြင်ခံညား ၀င့်ကြွားလတ်ဆတ် ချိုအေးမွေးပြသော အသံနဲ့
“တစာခံတွေကိုလွတ်လိုက်မင်းတို့ပိုက်ဆံယူ’ ဟုသော ကိုစီကာ ထံမှထွက်ပေါလာလေသည်
sex is something we do but love is main thing we live

ရဲရဲ

  • အငြိမ်းစား ကထိက
  • အချစ်တက္ကသိုလ်
  • ****
  • Posts: 1143
လူမိုက်ခေါင်းဆောင်အံအားသင့်စွာဖြင့် သဘောင်္ကုန်းပတ်ပေါ်သို့မော့ကြည့်လိုက်ချိန်တွင် တွေ့လိုက်ရသည်ကတော့ အနက်ရောက်ဝတ်စုံများနဲ့ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော
လူနောက်ကြီးများ အဖွဲသားများကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပါတော့သည်။
ထိုတွင်လူမိုက်ခေါင်းဆောင်မှ
‘မင်းတို့ပိုက်ဆံဘယ်လောက်လည်း’
ကိုစီကာမှ
‘သုံးသန်း’
“နည်းတယ် မင်းတို့နောက်ကျတယ် ငါးသန်းပေးမှရမယ်”
ကိုစီကာကပင်ဆက်လက်၍
‘နောက်ဆုံးအခွင့်အရေးပေးမယ် တစားခံတွေကိုလွတ် ပိုက်ဆံကိုယူ’
‘မရဘူးကွ မင်းတို့နောက်ကြတော့ ငါတို့ ဒီတံစားခံတွေကို ကျွေးရ တဲ့စရိတ်တက်တယ်ကွ ငါးသန်းရမှာ ကြေနပ်မယ်ဟေ့ရောင်”
‘နောက်ဆုံးအခွင့်အရေးပဲဟေ့ရောင် ပိုက်ဆံကိုယူ လူကိုလွတ်လိုက်တော့’ ကိုဆီကာအနည်းငယ်ဒေါသထွက်ဟန်ဖြင့်ပြောလိုက်လေသည်။
လူမိုက်ခေါင်းဆောင်ကလည်း လောဘမတတ်နိုင်သောကြောင့်
‘မရဘူးဟေ့ရောင်မပေးနိုင်ရင်တော့ လူကိုသတ်ပီကွာ’ ဟူသော စံကားသံနှင့် ဓါးကိုမြှောက်ကာ တစားခံလည်ပင်းကို ခုတ်ဖြတ်ဟန်ရွယ်လိုက်လေသည်။
ထိုအချိန်တွင် ဒေါသကြီးသော ဗလကြီး ဂျေးဂျေးတစ်ယောက် သည်းခံနိုင်ချင်းမရှိတော့သောကြောင့် သူကိုင်နေကြ လက်နက်ကြီး နှစ်ထောင့်ထိုးးသေနတ်အားဖြုတ်လိုက် ကာ လူမိုက်ခေါင်းဆောင် ခေါင်းကိုချိန်ကာပြစ်ချလိုက်လေတော့သည်။
ကြီးမားလှသောဆူညံပေါက်ကွဲသံနဲ့အတူ ဂျေးဂျေးသေနတ် မှထွက်ပေါလာချင်းမဟုတ်ပါ သဘောင်္ ဆီမလိုက်၍ အင်ဂျင်မှအနည်းငယ်အသံထွက်သွားချင်သာဖြစ်ပါသည်။ ဤတွင် ဖွတ် ဟူသော အသံနှင့်ဂျေးဂျေးသေနတ်မှာ အလုံးနှစ်လုံးကျည်ဆံထွက်သွားကာ တိုက်ဆိုင်ဆွာပင်လူမိုက်ခေါင်းဆောင် ပါးစပ်ထဲသို့ ပလွတ်ကနဲ့ သွားရောက်တစ်နေပါသည်။လူမိုက်ခေါင်းဆောင်လည်းအံအားသင့်သွားကာ
‘ဘာကျည်ဆံလည်းမသိဘူး နံလိုက်တာ နံလိုက်တာ ရွံတယ်ရွံတယ’် ဟုအော် အာ နှလုံးသွေးပျက် ကာ သေဆုံးသွားပါတော့သည်။ ထိုနောက်တွင်မူသဘောင်္တစ်ခုလုံး မှသေနတ်သံများဆူညံစွာထွက်ပေါလာကာ လူပျော်ကြီးအဖွဲသားများသည် သေဘာၤေပါရွိ မီးမ်ားကိုအဓိကထားက ၿပစ္က်ေလေသာအခါ တြင္သေဘာၤတစ္ခုလံုး အမှောင်အတိကျသွားပါလေတော့သည်။ ထိုအခါတွင်မှ လူပျော်ကြိးများ အဖွဲသားများလည်း သာမို မျက်မှန်များတပ်ကာ ရန်သူများအားစိတ်ကြိုက်ပြစ်ပါလေတော့သည်။ ရန်သူများက သေဆုံးကုန်သည်မှာအတုန်းအရှံး လူပျော်ကြီးများပြစ်လို့သေသည်ဟုမထင်မှတ် ပါနဲ့ အမှောင်ထဲ သူ့တို့အချင်းချင်းရမ်းသန်းကာလျှောက်ပြစ်ရင်းအချင်းချင်း မှန်ကုန်ချင်းသာဖြစ်ပေသည်။ အတော်များများသေကုန်ကာမှ လူပျော်ကြီးများက ကြိုးနဲ့အတူ သဘောင်္ဝမ်းဗိုက်ထဲသို့ခုန်ဆင်းကာလာလေတော့သည်။
sex is something we do but love is main thing we live

ရဲရဲ

  • အငြိမ်းစား ကထိက
  • အချစ်တက္ကသိုလ်
  • ****
  • Posts: 1143
‘ဖျောင်း’ ဟူသော အသံနှင့်အတူ မီးများလင်းလာလေသောအခါ ကျန်နေသော လူမိုက် မျာ်းကို လူပျော်ကြီးများက သေနတ်များနဲ့အသီးသီး ချိန်ထားလိုက်ပေလေသည်။ ကံကောင်းချင်တော့ လူမိုက်မှာ သူလက်ထဲတွင်ကိုင်ထားသော ဓါးနဲ့အတူ တစာခံတစ်ယောက်အား ချုပ်ကိုင်ထား၍
“မင်းတို့တွေလက်နက် ချလိုက် မဟုတ်ရင် ငါဒီလူကိုသတ်ပြစ်မယ်လို့ကျိန်ရဲတယ်နော်’ ဟုသုံးကြိမ်သုံးခါအထပ်ထပ်သွေးရူးသွေးတမ်းလျှောက်ပြောလေသည်
ကိုစီကာနဲ့ ကိုထွန်းအေးမှ မဲ့ပြုံးလေးနှင့်အတူ သေနတ်များကို ပြစ်ချလိုက်လေသည် ထိုနောက်တွင်မူကိုစီက ကိုထွန်းအေးကို
‘ငါက တစားခံကို ဖမ်းထားတဲ့တစ်ယောက်ကိုပြစ်မယ် မင်းကသူ့ဘေးက ကောင်ကိုချဟုတ်ပီလား’
‘ဟားဟားစီကာ ရယ် မင်းသေနတ်ကငါ့ဓါးလောက်မမြန်ပါဘူးကွာ ဘယ်သူအရင်သေမလည်းဆိုတာကိုတောင်ကြည့်လိုက်ချင်သေး’ ဟု ကိုထွန်းအေးကလည်း အားကျမခံ တိုးတိုးလေးကိုစီကာအားပြန်ပြောလိုက်လေသည်။
သုံးစက္ကန်လောက်အချိန်တွင် ကိုစီကာကလည်း သူ့အနောက်တွင်ချိတ်ထားသော သူ့လက်ဆွဲတော် ခြောက်လုံးပြူးကိုလျှပ်စီးလျက်သလိုအရှိန်ဖြင့်ထုတ်ကာ လူမိုက်အားပြစ်ချလိုက်သလို ကိုထွန်းအေးကလည်း သူ့လက်ဆွဲတော်ပေါက်ဒါးဖြင့်  တစ်ချိန်တည်းပြစ်ချလိုက်လေတော့သည်။
လျှင်လိုက်ကြသည့်ဖြင့်ချင်း လူဆိုးများဘာမှန်းမသိချိန်တွင် အကုန်သေကုန်ကြလေသည် သို့သော် မသေပဲ ကျန်နေသည်မှာတစ်ယောက် ထိုသူကတော့ အချားသူမဟုတ် ကိုထွန်းအေး တာဝန်ယူသတ်ရသော လူဆိုး ထိုလူဇိုးမှာ အူကြောင်ကြောင်အမူအရာဖြင့်သူကို ဘယ်နှားဓါးဝင်သွားလည်းဆိုတာ ကိုလှည့်ပတ်ရှာကြည့်သောအခါတွင် ဟောတွေ့ပါပီ သွေားလေးများတစ်တောက်တောက်ကြဆင်းနေသောကြမ်းပြင်တွင်သွေးကွက် အထက်ကိုတက်လိုက်တော့ ပေါင်နှလုံးကြားတွင်အပေါက်တစ်ပေါက် ထိုမှာသာ လူဆိုးသဘောပေါက်သွားကာ
‘သွားပီ ငါ့ဘ၀သွားပီ အာဖရိက မှာ တစ်ဝက်အဖြတ်ခံလိုက်ရရင် ငါ့ဒုက္ခိတဖြစ်ပီ ငါ့လူရာမ၀င်တော့ဘူး ငါ့ကံဆိုးလိုက်တယ်ငါ့ ဒီလိုအဖြစ်ထက်ငါ့သေတာမှာကောင်းမယ’်
ဆိုပြီး လက်ထဲတွင်ကိုင်ထားသော ဓါးနဲ့အတူ ကိုယ့်ကိုယ်ကိုထိုးသတ်ကာ အဆုံးဆီရင်လိုက်ပေလေသည်။
ထိုအခါတွင် ‘တွေ့လား မင်းကျည်ဆံက မြန်ပေမယ့်ငါ့လို့ အတိအကျဖြတ်ဖို့ဆိုတာ မလွယ်ဘူးကွ’ ဟု ကိုထွန်းအေးမှ ကိုစီကာ အား သရော်ပြုံးလေးဖြင့် ပြောလိုက်လေ၏။ ထိုအချိန်တွင် သဘောင်္ကုန်းပတ်ပေါ်တွင် တဒုံးဒုံး အသံကြား၍အားလုံးမော့ကြည့်လိုက်ရာ ကုန်းပတ်ပေါတွင်မူကအချားမဟုတ် ဗလကြီးေ၈ျးဂျေးတစ်ယောက်သေနေသူ လူဆိုး အားကြိုးဖြင့်ချည်ကာ နေအောက်ကိုပစ်ချဖို့လုပ်နေသည်ကိုတွေ့ရလေသောအခါတွင် ကိုစီကာမှ
‘ဂျေးဂျေး ဘာလုပ်နေတာတုန်းကွ’
‘ဒီကောက်တွေကို ကျောက်ဆူးလုပ်မလို့ကိုစီကာ’
‘ဟေ့ရောင်ငါ့တို့မစ်ရှင်ပီးပီလေကွာ ထားလိုက်တော့ လေ မင်းဘာလုပ်နေတာလည်း လစ်မယ်ဟရောင့်’
‘ခနလေးပါဗျာ ဒီကောင်တွေကို ပြစ်ချမလိုပါဆို’
‘ငါ့မင်းကိုနောက်ဆုံးအခွင့်အရေးပေးမယ် အဲ့ကောင်ကိုထားလိုက်တော့ လွတ်လိုက်တော့’
‘နေပါဦးဆိုဗျာ’ လျစ်ကနဲ့ လေတိုက်သံနဲ့အတူ ဂိဂိအနားမှာပြောက်သွားကာ သဘောင်္ကုန်းပတ်ပေါ်သို့ရောက်ရောက်ရှီသွားကာ အရက်မူးက နည်းနည်းကြောင်နေသော ဂျေးဂျေးအား ၀င်ရောက်တိုက်ခိုက်ပါတော့သည်။
‘ရှီးဖုန်း ဖွမ်း ဒိုးဒုံးဒုံး’ တိုက်ခိုက်သံများထွက်ပေါလာလေ၏ ဂိဂိသိုင်းပညာကောင်းသည်မှာမှန်သော်လည်း အချင်းချင်းဖြစ်နေတာကတစ်ကြောင်း ညက များ၍ဒူးချောင်နေတာကတစ်ကြောင်းကြောင့်တစ်ကွက်တွင် အလစ်အငိုက်ခံရာက ဂျေးဂျေး၏ထိုးချက်မိသွားကာ သဘောင်္လက်ရန်းပေါသို့ပက်လက်ကျသွားက ဂျေးဂေျးမှဖိထားလိုက်လေတော့သည်။ ဂျေးဂျေးမှ သူ့လက်ဆွဲတော် လေသင်တုန်း ဖြတ်သူများကို ဖြတ်တောက်ပေးသည် သင်တူုန်းဒါးကို ထုတ်က ဂိဂိလည်ပင်းမှာထောက်လျှာက်
‘ဂိဂိ မင်းသေမယ်နော်  ငါ့ကိုလာမစမ်းနဲ့ကွ မင်းထက်ဗလကြီးလို့ ဗလကြီး ဂျေးဂျေးဆိုပီနာမည်ကြီးနေတာကွ’
‘ဂျေးဂျေး မင်းဂိဂိကိုလွတ်လိုက် မလွတ်ရင်တော့ငါ့အဆိုးမဆိုနဲ့ နောက်ဆုံးအခွင့်အရေးပေးလိုက်မယ်’ ဟုသောအသံနှင့်ကိုစီကာမှ ဂျေးဂျေးအား အနောက်မှ သေနတ်နဲ့ထောက်ကာချိန်ရွယ်ထားလိုက်လေသောသည်ထို့မှာသာ ဂျေးဂျေးလည်းအသိပြန်ဝင်ကာ ဂိဂိအားဖိထားသောလက်ကိုပြန်လည်ကာရုတ်သိမ်းပေးလိုက်လေ၏။
‘ကိုထွန်းအေး  ဒီကောင်သင်တုန်းဒါးကြီး ခင်ဗျား ယူခဲ့လိုက်ဗျာ ဂျေးဂျေးကိုကြိုးပါချည်လိုက်ပါ’ ဟုတ်ကိုစီကာ မှာပြောကာ စပီဘုတ်ရှီရာ နေရာသို့ကော့ပက်ကော့ပက်နှင့်ထွက်သွားလေတော့သည်။
00:30hr Location near America
လူနောက်ကြီးများ ပိုင် စစ်စင်ရေးသုံးလေယာဉ်ပေါတွင်
ပိုင်လော့ထိုင်ခုံနေရာတွင် ကိုစီကာ လက်ထောက်ပိုင်းလော့နေရာတွင် ကိုထွန်းအေးတို့နှစ်ယောက် နာမည်ကြီးမြန်မာဘီယာပုလင်းအား ကိုင်ကာ အောက်ပွဲခံနေကြသည်။
‘ကိုထွန်းအေး ဂျေးဂျေးကြိးကိုပြန်လွတ်ပေးလိုက်ပါတော့ဗျာ ဒီကောင်ကြီးမူးနေလို့ဖြစ်မှာပါ သူ့သင်ဒုန်းဒါးပါပြန်ပေးလိုက်ဗျာ’
‘ဖျောက်’ကနဲ့အသံနဲ့အတူ ဂျေးဂျေးလက်တွင်ချည်ထားသောကြိုးများပြတ်တောက်ကုန်ကျလေသည်
‘ရော့ဂျေးဂျေးမင်းလက်စွဲတော် ဓါး နောက်တစ်ခါတော့ မင်းအချင်းချင်းတွေအဲ့လိုမလုပ်ပါနဲ့ကွာ’
့ကိုထွန်းအေးမှာ အရှေ့သို့ပြန်လျှောက်လာပီးသူ့နေရာတွင်ဝင်ထိုင်ကာ မြန်မာဘီယာပုလင်းကာကိုင်လျှက် ကိုစီကားအား
‘မင်ရှင်တစ်ခုတော့အောင်သွားပီဗျာ ဘာတွေလာဦးမလည်းတော့မသိသေးဘူး အောင်မြင်မှုအတွက်ချိးယားဗျာ…………….’


(မှတ်ချက် တက္ကသိုလ်တွင် ပျော်စေပျက်စေကလက်စေဖြင့် အပျော်သဘောဖြင့်ရေးသနားတော်မူပါသည် အကယ်၍ အနှတ်များရသည်ဆိုကပါ ဆက်လက်ရေးသားဖို့မသင်တော်တော့ပါ ထို့ကြောင့်ဆက်လက်ရေးသားချင်းမပြုတော့ပါ အကယ်၍အပေါင်းများရသည်ဆိုပါက ဆက်လက်အားရပါးရရေးသားမည်ဖြစ်ပါသည် နောက်ထပ်မစ်ရှင်များလည်း လာကာ ကျောင်းသူများလည်းပါလာနိုင်ပါသည် တက္ကသိုလ်မှ နာမည်ကြီး ကိုတပ်ကြပ်ကြီး ကိုရင်ပြုံး ကိုအိုင်မေးတို့ လည်းပါလာမည်ဖြစ်ပါသည် မကြာချင်မျှော်)
sex is something we do but love is main thing we live

tunaye2011

  • ပါမောက္ခ
  • အချစ်တက္ကသိုလ်
  • *****
  • Posts: 3744
ရေးဗျ.. ရေး..ရေး..ဟီးဟီး

ကျနော်ကတော့ သဘောကျတယ်..  ကျနော့် အတ္တဘောခန္ဓာကိုယ်ကြီးနဲ့   ဓါးပေါက်ဝိဇ္ဇာ ဖြစ်တာ

ဒိတစ်ခါပဲ ရှိတယ်..ဟီးဟိး

ရဲရဲ

  • အငြိမ်းစား ကထိက
  • အချစ်တက္ကသိုလ်
  • ****
  • Posts: 1143
21:00 location New Orleans
လူနောက်ကြီးများအဖွဲရဲ့ အလုပ်လက်ခံညှိနိုင်းဆာင်ရွက်ပေး သူအကြီးအကဲ ဦးနတ်သား ၏ တက်တူးဆိုင်တွင် ကိုဒီတို တစ်ယောက် ပျင်းရိညီးငွေ့စွာ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေလျှက်ရှီပေသည်။ ၁နာရီလောက် ပျင်းရိအိပ်ငိုက်စွာစောင့်မျှော်ပြီးသကာ….
ဝူး ဘတွတ် ဘတွတ် ဖွတ်ဖွတ် ဖုန်းဖုန်း ဒိုင်ဒိုင်း ဟုသော ဆူညံပေါက်ကွဲသံနှင့်အတူ နာမည်ကြီးအချစ် တက္ကသိုလ် တွင် တတိယ မြောက်ဘွဲ့ရသူပင်ဖြစ်သော် ညားလည်း စားရေးချင်း တစ်ဖက်နဲ့ ၀ါသနာပါသော တက်တူးထိုးချင်း အလုပ်ကို မစွန့်လွတ် နိုင်သေးသော ဦးနတ်သား၏ ကိုဟာလီ ရဲ့ ဒယ်ဗဲဆင် ဆိုင်ကယ် ကြီးမီးခိုးတစ်လုံးလုံး နဲ့ ၀င်လာပါတော့သည်။ အနောက်မှာ တွင်လည်း ကောက်မလေးတစ်ယောက် မျက်နှာကိုမမြင်ရသေး၍ ဘယ်သူမှန်းတော့ မသဲကွဲသေး ကိုယ်လုံးကိုယ်ပေါက်ကတော့ အတော်လှသည်။
‘ဟာဦးနတ်သား ခင်ဗျားဟာ ကကြာလိုက်တာဗျာ ကျုပ်စောင့်နေတာ ၂နာရီလောက်ရှီပီဗျ ပျင်းလိုက်တာဗျာ’ ဟု ကိုဒီတိုမှ သမ်းဝေလျှက်ပြောလိုက်လေသည်။
‘နောက်ကြဆိုကွာ ဟောဒီက ဆက်ဆက်ပေါ့ မပြန်သေးဘူးအတင်းလုပ်နေတာလေ ဒီနေ့ ဘီယာသွားသောက်ကြတာလေကွာ’  ဟုဦးနတ်သားမှ ပြောလိုက်မှပင် သေချာကြည့်မိလေသောခါ အလိုလို အခြားသူမဟုတ် အချစ်တက္ကသိုလ်ဟူ သော ကမ္ဘာအကောင်းဆုံး ကက္ကသိုလ်ကြီးတွင် ဓါတ်ပုံဗေဒ အထူးပြု ဘာသာရပ် ဖြင့် တက်ရောက်ပညာယူသင်ကြားနေသော အလှပဂေးလေးဆက်ဆက်ပါလား….
‘ဟေးဆက်ဆက် မတွေ့တာကြာပီဟေ့ နေကောင်းလှဟ’
‘ကောင်းပါတယ်ကိုဒီတို ဒီနေ့ဆက်ဆက် ပျင်းနေလို့ဆိုပီး ဒီက ဦးနတ်သားကြီးကို ခေါ်ပီး ဘီယာသွားသောက်ကြတာ အဲ့ဒါဆက်ဆက် ကြောင့် နည်းနည်းနောက်ကြသွားတယ် ဆိုရင်ဆော်တီးနော်ကိုဒီတို’
‘ဟာရပါတယ် ဆက်ဆက် ကလည်း ရပါတယ်’ ဟုပြုံးတုံးတုံး မျက်နှာကြီးဖြင့် မအီမလည်ပြန်ဖြေလိုက်ပေလေသည်။
‘ဟုတ်ဒါဆိုလည်း ဆက်ဆက်ပြန်တော့မယ် အားလုံးပဲမွမွနော်’ ဟုသွက်လက်စွာပြောကာ သူမ၏ကားရှီရာဆီသို့ တစ်လှမ်းချင်း လျှောက်သွားလေပါတော့သည်။ ဦးနတ်သား နှင့် ကိုဒီတို တို့ မျက်လုံးများကတော့ ပစ်မှတ် တစ်ခုထည်းဆီသို့ ဦးတည်နေကြပေလေသည်။.ဂလု ဂလု
‘ကဲပြောဒီတို မင်းငါ့ကိုစောင့်နေတယ် ဆို’
‘ဟာ ဦးနတ်သားကလည်း မေ့နေပီလား ဟိုတစ်ပတ်ကထိုးထားတဲ့တက်တူး မပီးသေးဘူးလေဗျ ဆက်ထိုးရဦးမယ်လေ’
‘အေ ဟုတ်သားပေပဲကွ ငါလည်းအသက်တွေကြီးလာတော့မေကုန်ပါပီကွာ’
ထိုမှသာလျှင် ယခင်တစ်ပတ်က ထိုးထားသော ထိုးလက်စ တက်တူးအာ ဆက်လက်ထိုးရန် စတင်လိုက်ပေလေတော့ သည် …ကိုဒီတိုကျောတွင်ထိုးထားသည်က လူနော ပဲရှိသေးသည်မပီးဆုံးသေး ယခုမှာသာ ဦးနတ်သားက ဆက်လက်ထိုးပေးလိုက်၍ ကိုဒီတို၏ တောင့်တင်းသန်မှာ ကျစ်လစ် လုံးဝန်းလှပသော ကျောပေါ်တွင် လူနောက်ကြီးများ ဆိုသည်က လှပစွာထွက်ပေါ်လာပေလေတော့သည်.။
ထိုတချိန်ထဲမှာ ပင်တစ်ချားတစ်ဖက်၍လည်း ကို သရဲ က ယားတဲ့မဟာ ၅၀၀cc ဆူပါ ဗိုက် ကြီးကိုဆီးလျှက် သူ၏ချစ်သူလေး ယင်ဂတ်လိုင်း ရှိရာ အိမ်ရှေ့သို့ ဆိုက်ဆိုက်မတ်မတ်ရောက်ရှိလို့လာပါလေတော့၏။
‘တီ တီ တီ’ ဟွန်းတီးသံနှင့် အတူ အထဲမှာ ဘူလည်းဟူသော ယင်ဂတ်လှိုင်း အသံနှင့် ယင်ဂတ်လှိုင်းတစ်ယောက် ည၀တ်အိပ်အကျီကပိုကလှိုနှင့် ထွက်လာပါသည်။
‘ဟယ်ကိုကိုသရဲ တစ်ရောက်ပျောက်လိုက်တာ ယင်ဂတ်ဆီကိုတောင်ဖုန်းမဆက်ဘူး’
‘ဟုတ်ပါဘူးယင်လေးရယ် ကိုကိုတရဲမအားလို့ပါ အလုပ်တွေလည်းအရှမ်းရှပ်နေတာ  ခရီးတွေလည်းခနခနထွက်ရတယ်လေ စိတ် မဆိုးနဲ့ယင်လေး ယင်လေးအတွက်ကိုတရဲလက်ဆောင်ဝယ်လာတယ်ဒီမှာကြည့်’ ဟုတ် ဆိုကာ ကိုတရဲမှာ အနောက်တွင်ဖွက်ယူလာသော ၀ိုင်ပုလင်းကြီးအားထုတ်ပြလိုက်လေသည်။
‘ကြိုက်တယ်မဟုတ်လား ယင်လေးရဲ့’
‘အင်း’
‘ယင်လေးပုံစံကြည့်ရတာ နေသိပ်မကောင်းမလိုပဲမျက်နှာကဘာများဖြစ်လို့လည်းယင်လေးရ’
‘အင်း’
စိတ်မပါလက်မပါပြောနေသံအဆုံးတွင် အိမ်ထဲမှ အော်ခေါ်သံ တစ်ခုက ထွက်ပေါ်လာလေ၏
‘ယင်ဂတ် ဘယ်သူလည်းစကားပြောနေတာလည်း ညနက်နေပီလေ ဘာလုပ်နေတာလည်းအိပ်ရှေ့ကြီးမှာ’
ဟူသောအသံနှင့်အတူထွက်လာတာကာ ယင်ဂတ်နဲ့ ကိုတရဲစကားပြောနေသည်ကိုကြည့်ကာ အဲ့ဒါဘယ်သူလည်းယင်ဂတ်
‘အော် အဲ့ဒါယင်ဂတ်ရဲ့သူငယ်ချင်းပါ’
‘အေးညနက်နေပီ အိပ်ထဲဝင်တော့လေ’
‘အော် ယင်ဂတ် ကမျက်နှာ မကောင်းတာဒါကြောင့်ကိုး ဟဟ သူငယ်ချင်းတဲ့လား အခုတော့ ငါးကင်မြင်တော့ ငါးစိမ်းပြစ်ပီပေါ့ဟုတ်လား သိပ်မုန်းတယ် မင်းကိုသိပ်မုန်းသွားပီယင်ဂတ် ငါ့တို့ဘွက နင့်တို့ပြုသမျှ နုရတဲ့ဘ၀ပါဟာ’ဟု ကိုတရဲမှ ဆွဲမြေ့ကြေကွဲ ၀မ်းနည်းသောလေသံဖြင့် မျက်ရည် ဥလေးအ၀ိုင်းသားနှင့် ပြောရှာလေသည်။
‘မဟုတ် ဘူး ကိုတရဲ ယင်ဂတ် ကိုအထင်မလွဲပါနဲ့ ကိုတရဲရယ် ကိုတရဲဆိုတာ ကဘာလုပ်လို့ဘာကိုင်နေမှန်းမသိ ယင်ဂတ်ဆီကို လာချင်တဲ့အချိန်မှာလာ တစ်ခါတစ်ခါ အချိန်အကြာကြီး ပျောက်ပျောက်သွား ဒီတော့ တစ်ကောင်ကြွက်ယင်ဂတ်ဘ၀အတွက် အားကိုဆိုတာလိုတယ်လေ ကိုတရဲ ဒါကြောင့်ယင်ဂတ်က ဒီလူကြီးနဲ့တွဲလိုက်ရတာပါ ကိုတရဲရယ်’
‘အေးတစ်နေတော့ ငါ့ဘာအလုပ်လုပ် လုပ်တယ်ဆိုတာနင်သိလာမှာပါဟာ အခုတော့ ငါသွားပီ နင့်နင့်အကောင်နဲ့ပျော်ရွင်ပါစေဟာ’
ဝူးကနဲ့ဆိုင်ကယ်မောင်းထွက်သံနဲ့အတူ မျက်စိတစ်ဆုံးလိုက်ကြည့်နေသူလေးကတော့ ယင်ဂတ် ခေါင်းထဲမှာတော့ အတွေးပေါင်မြောက်များစွာ………
« Last Edit: October 21, 2011, 08:14:48 AM by zawye »
sex is something we do but love is main thing we live

ရဲရဲ

  • အငြိမ်းစား ကထိက
  • အချစ်တက္ကသိုလ်
  • ****
  • Posts: 1143
ဝူး ကြွိကြွိ ဂူးဂဒိန်း ဒိန်း ဟူသော ဆိုင်ကယ်သံနဲ့အတူ ကိုဒီတို နဲ့ ဦနတ်သားတို့ တက်ထူးထိုးနေသော နေရာသို့ရောက်ရှီလာသူကတော့ ပေါက်ကွဲနေသော ကိုတရဲ
‘ဟေ့သရဲ ဘာဖြစ်တာတုန်းကွ မင်းပုံစံကြည့်ရတာလည်း စိတ်မသက်သာလိုက်တာကွာ’
‘အေးကွာ စိတ်ညစ်စရာလေးတစ်ခုတွေ့လာလို့ပါကွာ”
ပြောနေစဉ်အချိန်လေးတွင်းမှာပဲ ဦးနတ်သား အလုပ်စာပွဲပေါမှ ဖုန်းသံက မည်လာလေသည်။
ပုတွတ် ပုတွတ် နဲ့ ဆယ်မိနစ်လောက် ပြောပြီးသောအခါတွင် ဖုန်းကို ဂလွပ်ကနဲမည်အောင် ချလိုက်ပါလေတော့သည်။
ဦးနတ်သားက ‘ကဲ ဒီတို နဲ့တရဲတို့ရေ မနက်ဖြစ် မစ်ရှင်တစ်ခု အတွက် တွေ့ဆုံနွေးဖို့ချိန်းတာဟေ့ နံဖက် နံနက် ၁၀နာရီမင်းတို့မြို့ထဲက ဘုရားရှီခိုးကျောင်းမှာ လူတစ်ယောက်ကိုသွားတွေ့ပါ ကျောင်းထဲရောက်သွားရင်လူတစ်ယောက်ကို တွေ့ရင် ပြောရမယ့် စကားဝှက်ကတော့ ကြူမလား ဘူးမလား လို့ပြောရမယ် ဟိုဖက်ကလည်း ကြူလည်းကြူမယ် ဘူးလည်းဘူးမယ် ဆိုရင် အဲ့ဒါကိုယ်လူပဲ အဲ့ဒါအသေးစိတ်သာသူနဲ့ဆက်လက်ဆွေးနွေးပေတော့…..
10:00 Location New Orleans
မြို့အတွင်းရှိဘုရားရှိခိုးကျောင်းအတွင်းသို့ ကိုဒီတို တစ်လှမ်းချင်းဝင်လိုက်လေသည်
ဘုရားရှိုခိုးကျောင်းအတွင်းတွင်တော့ လူများက တစ်ယောက်ထဲ ကိုဒီတိုလည်း
‘ကြူမလား ဘူးမလား’
တစ်ဖက်လူကလည်းအားကျမခံ
“ကြူလည်းကြူမယ် ဘူးလည်းဘူးမယ်”
ဒါဆိုရင်တော့ သေချာပီဒီလူပဲ ဟု တွေးကာ
“တွေ့ရတာ ၀မ်းသာပါတယ် ကျတော်နာမည် ဒီတိုနေတာပါ မနေ့ကအလုပ်ကိစ္စအတွက်လာပါတယ်’
“အေး ငါ့နာမည်ကတော့ ကိုရင်ပြုံး လိုခေါ်တယ်ကွ CIA ကမော်ကွန်းထိမ်းပဲ”
ကိုဒီတို စိတ်ထဲတွင်တော့ “ဒီလူကြီးအသက်တာကြီးပေမယ့်မပျက်ဆီးသေးဘူးပဲအသံကအခုထိမာတုန်း ကတုံးကြီးပေမယ့် ခန့်ချောချောတော့ ချောသားဟ ဗလလည်းအတော်တောင့်တောင့်ပဲ”
‘အေးငါကတော့ အလုပ်ကိစ္စကတော့ တော်တော်လေးအရေးကြီးတယ် ကွ ဒါကြောင့်မင်းတို့လိုပဲ အလုပ်လုပ်တဲ့ နောက်တစ်ယောက်ကိုစောင့်နေတာ သူမကြာခင်လာတော့မယ်’
ကြွ ခနဲ့တံခါးဖွင့်သံနဲ့အတူ တံခါးဝမှဝင်လာသူတစ်ယောက် နေရောင်ထိုးနေ၍မျက်နှာကိုတော့ သဲသဲကွဲကွဲမမြင်ရသေး အရပ်ကတော့ ၆ပေထက်နိမ့်မည်မထင် ဗလကတော မောင်အိုလံပီယာ လိုခန္ဒာကိုယ်မျိုး ရေးဆေးငါးကြီး အမေကြီးကန် သားတွေဝတ်သော ဆိုင်ကယ်စီး သားရေးဂျတ် ကက်နဲ့ ဂျင်ပန်းကို စတိုင်ကြစွာဝတ်ထားပီးဘွတ် ကိုစီးထားသော ခံညားသော ပုံစံကိုအဝေးမှပင်မြင်နေရလေ၏…..
ထိုလူကပင်စတင်၍
“မင်္ဂလာနံနက်ခင်းပါ” ဟူသောနှတ်ဆက်သံနဲ့အတူ ၀တ်ဆင်ထားသော ရေသဘင်မျက်မှန်ကြီးအားချွတ်လိုက်သောအခါတွင်မှလားလားအချားသူဟုတ်ရိုးလား
အချစ်တက္ကသိုလ် တွင် ဒုတိယမြောက်ဘွဲ့ရသွားသော စာရေးဆရာကြီး ကိုတပ်ကြပ်ကြီး…..အမေရိကန်စစ်တပ်တွင်လည်း တပ်ကြပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ
“ကဲလူလည်းစုံပီ အလုပ်အကြောင်းလေးပြောလိုက်ရအောင်” ဟုတ်ကိုရင်ပြုံးကနေပင်စတင်၍ စတင်ကာရှင်းပြပါလေတော့သည်။
“ကဲမင်းတို့ ဗီလီနာ ဆိုတဲ့ကျွန်းကို သိကြသလား”
“မသိဘူး”
ဟုကိုဒီတိုက သွက်လက်စွာဖြေလေသည်
“ဗီလီနာ ဆိုတာ မက်ဆီကို ပင်လယ်ကွေ့နဲ့ တောင်အမေကြီးကားတိုက် အလယ်က ကျွန်းနိုင်ငံလေးမဟုတ်လား” ဟု ကိုတပ်ကြပ်ကြီးမှ အေးဆေးစွာပင် ဖြေကြားလိုက်လေ၏
“မင်းစားများများ ဖတ်ဖို့လိုတယ် ဒီတို’
“လုပ်ပေါ့ဗျာ ကိုကြပ်က စာရေးဆရာဆိုတော့ ကုန်ကြမ်းရအောင်စာတွေဖတ်နေရတော့ သိတာပေါ့ဗျ ကျတော်တို့က တိုက်တာခိုက်တာ ပဲဝါသနာပါတာဗျ”
ကိုရင်ပြုံးကပင်ဆက်လက်၍
“အဲ့တိုင်းပြည်မှာ ကိုကင်းတွေဆိုပီးတော့ အရမ်းဆိုးတဲ့စစ်တပ်အုပ်ချုပ်နေတယ် အုပ်ချုပ်နေတဲ့စစ်တပ်ကတော့”
ကိုပြုံးစကားမဆုံးသေခင်ပင်ကိုကြပ်က
“ဗိုလ်ချုပ် နဂေး ဆိုတာ မဟုတ်လား စစ်တပ်အင်အားက ၅၀၀လောက်ရှီမယ် ပြည်သူတွေကိုအနိုင်ကြင့်တယ်”
..စသည့်အချက်အလက်များကိုပြည့်စုံစွာကိုတပ်ကြပ်ကြီးကပင် ရှင်းပြလိုက်ပေလေတော့သည်။
ကိုရင်ပြုံးလည်းသဘောကျစွာနှစ်ချိုက်ပြုံးရင်း ပြောမည်အလုပ်ကိုကြပ်ကပင်ဆက်လက်၍
“ဘာပဲဖြစ်ဖြစ် ကျတော် အခုစာတွေဇာတ်လမ်းတွေရေးနေရတာနဲ့ တက္ကသိုလ်ကိုအုပ်ချုပ်ရတာနဲ့ မအားတော့ဘူး ဒီတော့ ဒီအလုပ်ကို ဒီတိုနေတာတို့အဖွဲကိုသာ လုပ်ခိုင်းလိုက်ပါ ကျတော်သွားပီ”
ဟုပြတ်သားစွာပြောကာ ဒီတို ငါတို့တစ်ရက်လောက် ညစားစားရအောင်”
“ဘယ်တော့လည်း ကိုကြပ်”
“နောင်နှစ်တစ်ထောက်လောက်နေရင်”
“အရမ်းနီးတယ်”
 ကော့ပက်ကောပ့က်နှင့်ကိုကြပ်ထွက်သွားလေတော့သည်။
“ကိုကြီးကြပ်ကအခုမအားတော့ဘူးဗျ” ဟုကိုဒီတိုမှ ကိုရင်ပြုံးအားလှမ်းပြေသည်
“အေးဟုတ်တယ် ကွ ဒီလူကြီးက နောက်နှစ် သမ္မတရွေးကောက်ပွဲလည်း ၀င်ပြိုင်ဦးမယ်ပြောနေတယ် သူကတက္ကသိုလ်မှာလည်း ဗုတ်တွေမနည်းဘူးရတာကွ”
“ကဲအချက်အလက်တွေတော့ သိရပြီးကိုရင်ပြုံး ဒီတော့ ကျတော်တို့အဲ့ဒီကျွန်းကိုအရင်အခြေအနေသွားကြည့်မယ် ကြည့်ပြီးရင် လုပ်သင့်တာကိုဆက်လက်လှုပ်ရှားမယ် ဒီတော့စရံငွေ ၅သန်းအရင်လိုချင်တယ် မစ်ရှင်ပြီးသွားရင်ကျန်တဲ့တစ်ဝက်ကို ထပ်လိုချင်တယ်”
“အေးဟုတ်ပီ ငါပေးလိုက်မယ် ရော့ဒီမှာငွေသားချည်းပဲ ၅သန်း ဒါပေမယ့်မင်းငါ့ကို ကလိန်ကကျစ်တော့မကျသွားနဲ့နော် ကိုရင်ပြုံးတဲ့ တစ်ပြုံးထဲရှိတာ ကျူတံ နဲ့ကို ကျူထိုးသလိုကျူပလိုက်မှာ”
“ကျုပ်က ဒေါသသာကြီးတာ မဟုတ်မမှန်တာ ဘယ်တော့မှမလုပ်ဘူးဗျ” ဟုပြောကာကိုဒီတိုတစ်ယောက်  ငွေအိတ်ကိုဆွဲလျှက် ထွက်ခွာသွားလေတော့သည်။
« Last Edit: October 21, 2011, 08:10:11 AM by zawye »
sex is something we do but love is main thing we live

ရဲရဲ

  • အငြိမ်းစား ကထိက
  • အချစ်တက္ကသိုလ်
  • ****
  • Posts: 1143
နောက်တစ်နေ့မနက်တွင်မူညက သိပ်စိတ်ဆိုးမပြေသေးသော သရဲ၁၁ တစ်ယောက် ယင်ဂတ်လေးအားသွားတွေ့ချင်စိတ်တွေဖြစ်ပေါ်ကာ ဆိုင်ကယ်အားစက်နိုး၍ ယင်ဂတ်၇ှိရာ သို့ဦးတည်လိုက်ပါလေတော့သည်။
ယင်ဂတ်တို့ အိပ်သို့အရောက်တွေ့လိုက်ရသည်က ညိုမည်းစွဲနေသော ယင်ဂတ်မျက်နာ တရဲဒေါသတွေအထွတ်အထိပ်ရောက်ကုန်တော့သည် အနှစ်နှစ်အလလ ကိုယ်ချစ်ခဲ့ကာ လက်နဲ့ပင်မ၇ွယ်ခဲ့သောကိုယ်ချစ်သူကို ဘာမဟုတ်သည် ကောင်က သမသွားသည်။
‘ဘယ်မှလည်းနင့်အကောင် ငါ့ကိုလိုက်ပြစမ်း မပြရင်တော့ ငါ့အဆိုးမဆိုနဲ့
‘ဟုတ်ဟုတ် ဟိုဟို ဘက်စကတ်ဘောသွားစော့ကြတယ်’
‘ဘယ်နားမှာလည်း’
‘ဒီနားတင်ပဲ”
‘လာနင်ပါလိုက်ခဲ့’
တစ်ပြလောက်မောင်းပီးတော့ တွေ့ပါပီ ဘက်စဘောကွင်းအတွင်းတွင် ဆော့နေကြသော ယင်ဂတ်၏ဘဲ နဲ့သူ့အပေါင်းအပါလေးငါးယောက်
‘နင်ဒီမှာနေခဲ့ယင်ဂတ် ငါ့သွားရှင်းလိုက်ဦးမယ်’ ယင်ဂတ်တစ်ယောက် ကြောက်တာ တုန်တုန်ယင်ယင်ဖြင့်သေးတောင်အနည်းငယ်ထွက်သွားကြောင်းသိရှိရလိုက်ပေသည်။
တရဲတစ်ယောက်ဒေါသသံဖြင့်
‘ဟေ့ကောင်မင်းလားကွ ငါ့ကောင်မလေးကို ညက ရိုက်နှက်တယ်ဆိုတာ’
‘အနေအထိုင်မတတ်လို့ဆုံးမလိုက်တာ ဘာဖြစ်လည်းကွ’ ဟုရင်ဂတ်ဘဲကလည်း အုပ်စုအားကိုးဖြင့်နှတ်ခမ်းတစ်လန်ပန်းတစ်လန်ဖြင့်ကက်ကက်လန်ပြန်ရန်တွေသည်။
‘အေးမင်းတော့နာပီပေါ့ကွာ’ ဟုကိုတရဲ၁၁ မှစကားမဆုံးမှီပြင် ဘာလုပ်လို့ဘာကိုင်လိုက်မှန်း မသိ အားလူံး ပေါင်ခြံလေးတွေကိုကိုယ်စီကိုင်ကာ အတုံးအရုံးဖြင့်တအီးအီး တစ်အားအားနဲ့ လဲကျကုန်တော့သည်။
ကိုတရဲ၁၁ မှဂုဏ်ယူဝင့်ကြွားသောခြေလှမ်းဖြင့် လဲကျနေသော ယင်ဂတ်ဘဲရှီလျှောက်သွားကာ
‘ဟရောင့်မှတ်ထားကွ ဒါသိုင်းက တက္ကသိုလ်ကဘွဲ့ရ တဲ့ ဦးနတ်သား ရေးထားတဲ့ သိုင်းကြမ်းစာအုပ်ထဲက သိုင်းတွေကွအရမ်းအဆင့်မြင့်တယ် မှတ်ထား မင်းကိုနောက်ဆုံးသတိပေးလိုက်မယ် မင်ကိုယင်ဂတ်နဲ့ မြင်ရင်မင်းနောက်တစ်ခါ ဒီလိုဘောလုံး မခံပဲထိုးထဲ့လိုက်မယ်ကြားလားဟေ့ရောင်’
 ဟုဆိုကာ ဘက်စကတ်ဘောဘောလုံးအား ယင်ဂတ်ဘဲ၏ ရင်ဘတ်တွင်တင်ကာ ခါးတွင်ဆောင်လာသော မောင်းချဒါးဖြင့် အားကုန်ထိုးချလိုက်လေရာ ဘောလုံးထဲရှီလေများ ဖူးရှူးခန့လျှော့သံနင်တူ အောက်တွင်လည်းသေးများအီးများ ထွက်ကျလာပါလေတော့သည်။ ထို့နောက်တွင်မူ ကတုန်ကရင်နဲ့ ကြောင်ကာရပ်ကြည့်နေတသာ ယင်ဂတ်ရှီသို့ လျှောက်သွားကာ
‘အခုတော့ ကိုတရဲ ဘယ်လိုအားကိုးရတယ်ဆိုတာ သိပီမဟုတ်လား ယင်ဂတ် လာဆိုက်ကယ်ပေါ်တတ်သွားမယ်’
မစ်ရှစ်စရန်အကြောင်းဖန်လာပီဆိုတော့ လူနောက်ကြီးများအဖွဲ့ ပြင်ဆင်စရာရှိတာ ပြ င်ဆင်ရတော့လေသည်။ လူနောက်ကြီးများ မစ်ရှင်များဆွေးနွေးရာ အဆောက်အအုံထဲသို့ ကိုစီကာ ကားလေးထိုးဆိုက်လို့လာပါလေသည်။ ကားကိုရပ်လိုက်သောအခါတွင်တော့ ဘေးနားတွင်ဘာလုပ်လို့ဘာကိုင်နေမှန်မသိသော ဗလကြီးဂျေးဂျေး က ကိုစီကာအား
‘ကိုစီကာ ဒီတစ်ခေါက် ဗင်လီနာ ဆို’
‘အေးဟုတ်တယ် ဒါပေမယ့် စိတ်တော့မကောင်းဘူးကွာ ဒီတစ်ခေါက်မစ်ရှင်တော့မင်းမပါတော့ဘူး ဂျေးဂျေး’
‘ဟာကိုစီကာကလည်း ဘာလို့လည်းဗျ ဟိုတစ်ခါကအရက်ကြောင်ကြောင်ပြီး ဂေးဂေးဆိုတဲ့ကောင်မြူဆွယ်လို့ ကလပ်တက်မိပီး အိပ်ရေးသိပ်မ၀လို့ လူကဂေါက်ကြောင်ကြောင်ဖြစ်သွားတာပါဗျာ ဒီတစ်ခေါက်မဖြစ်စေရပါဘူး’
‘မဖြစ်ဘူးဂျေးဂျေး ငါ့တို့အလုပ်က အသက်စွန့်လုပ်ရတာကွ မင်းပြောမရဆိုမရဖြစ်နေရင်ငါတိုတစ်ဖွဲ့လုံးဒုက္ခရောက်မယ် ဒီတော့ ဒီမစ်ရှင်မှာ မင်းမပါတော့ဘူး’
စိတ်ဆိုးဒေါသထွက်စွာဖြင့်ဂျေးဂျေး တစ်ယောက် တံခါးကို ဖွင့်ကာ ကွတကွတနှင့် ထွက်သွားပီး ပါးစပ်မှလည်း ပွစိပွစီနဲ့ ဆီမန်းမန်းသလိုဘာတွေပြောမှန်းမသိပြောကာ
‘ခင်ညားတို့ကျုနုပ် အကြောင်း ကောင်းကောင်း သိမယ်’ကိုစီကားအားလှန်းအော် ပြောကာထွက်သွားပါလေတော့သည်။
လူနောက်ကြီးများအဖွဲ့စုရုံးကာ ကိုစီကာနှင်ကိုဒီတိုမှဦးဆောင်၍ မစ်ရှင်အကြောင်းအကြမ်းဖြင်းရှင်းပြပေးနေလေသည်။
‘ဒီမစ်ရှင်ကိုမစခင် ဗင်လီနာ ကျွန်းရဲ့ အခြအနေကို  ဟော့ဒီက ဂိဂိနဲ့ ကိုထွန်းအေး တို့ကအရင်သွားရောက်စုံစမ်းမှာဖြစ်တယ်’
ကိုဆီကာကပင်ဆက်လက်၍ ‘ငါကတော့ ဒီစုံစမ်းတဲ့ အချိန်မှာ ငါ့မလိုက်နိုင်သေးဘူး ဘာလို့လည်းဆိုတော့ ငါ့မှာ အရေးကြီးကိစ္စတစ်ခုရှိတယ် ပန်းသီးနဲ့အန်းဒရိုက် ဘယ်ဟာပိုကောင်းလည် ဆိုတာကို ငါစာတမ်းပြုစုရဦးမယ် နောက်ပီးပန်းသီး ကန်ပနီက ငါ့ကို ကွန်ဖရန့်တစ်ခုတက်ဖို့ဖိတ်ခေါ်ထားတာရှီတယ် ဒီတော့ ဂိဂိနဲ့ ကိုထွန်းအေး သွားရင်လုံလောက်ပါတယ် လုံလောက်တဲ့သတင်းအချက်အလက်သာ ရအောင်ယူလာခဲ့ရင်အဆင်ပြေမှာ ပါဒီတော့ာ့ ကိုထွန်းအေး နဲ့ဂိဂိ ကံကောင်းပါစေ.. goodluck’
11:00am location Port Velina
ဗီလီနာဆိပ်ကပ်း လေးသို့သိမ်းငှက်ပုံစံ ရေပေါ်တွင် တွင် အဆင်းအတက်လုပ်နိုင်သောလေယာဉ်တစ်ဆင်း ဆိုက်ကပ်လာလေသည် လူနောက်ကြီးများ လေယာဉ်ပင်ဖြစ်ပေမယ့် ဆေးများမှုတ်ပြီးလေယာဉ်အားအရောင်ပြောင်းကာ စာများလည်းပြောင်းထားပေလေသည် လေယာဉ်တွင် ရေးထားသောစာက’တရိစ္ဘာန် လေ့လာရေးအဖွဲ”
ပျင်းရိအိပ်ငိုင်နေသော ရဲနှစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်လာသည် ဖြစ်မည်ဆိုလည်းဖြစ်လောက်ပေသည် လေယာဉ်နှင့် သူတို့အလွန်ဆိုးရိမ်သော မြန်မာနိုင်ငံသား နှစ်ယောက် အိဒြေရသော ခြေလှမ်းများနဲ့တစ်လှမ်းချင်းဝင်လာကာ တစ်ခုတည်းသော immigration ကောင်တာဆီသို့တန်းတန်းမတ်မတ် လျှောက်သွားလေသည်. ပတ်စပို့စာအုပ်၂အုပ်အား ကောင်တာတွင် တင်ပေးလိုက်လေ၏
Immigration အရာရှိကစာအုပ်၂အုပ်အားဆွဲယူကာ ကြည့်လိုက်လေ၏
‘ဘာကိတ်စနဲ့လာတာလည်း’ ဟုတ်အရာရှီက ခတ်မာမာဆိုလေ၏
‘ကျုပ်က တရိစ္ဆာန် လေ့လာရေးနဲ့ဘွဲ့ရတားတယ် သူကတော့ မှတ်တမ်းတင်မယ့် ဓါတ်ပုံဆရာ” ဟုတ်ကိုထွန်းအေးမှ အေးဆေးစွာမြင်သေသေဖြင့်ဖြေကြားလေ၏
ပတ်စပို့စာအုပ်အား အနည်းငယ်ကြည့်ပြီးသကာ လ စာအုပ်အနီ၂အုပ်ပေါ်တွင် …….ဒုံး ဒုံးဟူသောအသံနဲ့အတူ ………..၀င်ခွင့်တုံးပေါ်လာလေပေသည်…….

sex is something we do but love is main thing we live

ရဲရဲ

  • အငြိမ်းစား ကထိက
  • အချစ်တက္ကသိုလ်
  • ****
  • Posts: 1143
“ ကိုထွန်းအေး ရေကျတော်တို့တော့ သတ်မှတ်ချိန်းဆိုထားတဲ့ မောတယ် ကို ဘယ်လိုသွားမလည်းဗျ’
“အ…လိုက်တာ ဂိဂိရာ မင်းကလည်း ဘယ်လိုသွားမလည်း လမ်းလျှောက်ပြီးသွားမှာပေါ့ဟ”
ဒီလိုနဲ့ တစ်ပြလောက်လမ်းကြဉ်းလေးမှလျှောက်သွားပီသကာလ…….ဗလီနာ ကျွန်းရဲ့နာမည်ကျော် လမ်းဘေးဈေးလေးကို .မျက်ဝါးထင်ထင် မြင်လိုက်ကြရပေသည်။ နာမည်ကျော်ဈေးတန်းလေးတွေအရင်ဆုံးတွေ့လိုက်ရသည်ကတော့ အခြားမဟုတ် နာမည်ကြီး ဟိတ် စာအုပ်ဆိုင် ကမ္ဘာအကောင်းဆုံးတက္ကသိုလ်တွင် စာတမ်းပြုစုရင် ဂုဏ်ထူး တန်းတွင် ပညာသင်ကြားရင့်း တစ်ဖက်တစ်လမ်းကနေ စီးပွားရှာ နေတဲ့ ကိုဟိတ်ခေါ်ကိုခစ်ခစ် ဦးစီးပြီးဖွင့်ထားသော ‘ဟိတ်’ စာအုပ်ဆိုင်…စာအုပ်ဆိုင်ကြီးက နည်းတာကြီးမဟုတ် ဆက်လက်လျှောက်သွားကြတော့ ထပ်တွေ့ပြန်ပါပီ “ဂျင်” ခံစားချက် အနုပညာအရောင်းဆိုင် ဟူသောဆိုင်းဘုတ်ကြီးနဲ့ အတူ ခန့်ခန့်ကြီးတွေ့ရတာက ကိုဂျင်ကလိ အချစ်တက္ကသိုလ်တွင် ဘွဲ့ရသွားကာ စာတမ်းများကိုဆက်လက်ပြုစုရင် သူလည်း တစ်ဖက်တစ်လမ်း ကနေ ၀ါသနာပါရာကိုလုပ်နေတာဖြစ်မည်.. ဆိုင်ထဲကိုနည်းငယ် ကြည့်လိုက်တော့ သူ့နာမည်ကြီး စာပေလေကာတွင် တောင် တသသဖြစ်နေကြရတဲ့ စာအုပ်ထဲက ဇာတ်ကောင် အောင်ဘညို အတိုင်း အရောင်းစရေးမလေးတွေ အတွေးရေးမှု မလေးတွေကို စည်ကားဝေစာစွာတွေ့ရလေပေသည်…
ဆက်လက်ကာလျှောက်သွားတော့
‘ပရီမီယံတွေ ရမယ် ပရီမီယံတွေရမယ် filesonic ယူရင် hotfile အလကားရမယ် ပရီမီယံတွေရမယ်နော် account invalid ဖြစ်နေရင်ပြန်လည်းပေးတယ်နော် ၅ခုယူရင်ကံစမ်းမဲဖောက်ပေးမယ်နော်’
ဟူသော အော်ကာရောင်းနေသော အသံနှင့် အတူ ရှင်းသန့်အလုအယက်ဝယ်နေသူများကို အကောင့်နဲ့ပက်စ၀တ်ပါသော ကဒ်ပြားလေးများကို ပြန်ပေးရင်း အိပ်ဖောင်းနေတာ ကိုတွေ့လိုက်လေ၏ အော်ရှင်းသန့်ရှင်းသန့် တော်တော်အလုပ်ဖြစ်နေပါလား ဒါကြောင့်လည်း ပရီမီယံလောကမှာရှင်းသန့်ရှင်းသန်ရဆိုပြီး အလုပ်ဖြစ်နေတာပါလားဆိုကာ ဆက်လက်လျှောက်သွားတော့
“ဆံရှည်ချစ်သူ” ဗီစီဒီဒီဗီဒီဘလူးရေး ငှားရမ်းရောင်းဝယ်ရေးဆိုတဲ့ဆိုင်းဘုတ်ကြီးက အထင်းသား…..လူများကြိတ်ကြိတ်တိုးကာအားပေးနေလေကြ၏……..(အသက်၁၈+မပြည့်ရင်မ၀င်ရဆိုတာကြီးက ပါသေးသည်)
ကိုထွန်းအေးနဲ့ ဂိဂိလည်း အံအားသင့်ကာဆက်လျှောက်ရင်း
‘ချန်းကို” တီးပန်းချီကားအရောင်းပြခန်း …….ဆိုင်းအ၀ရှီ မှန်ဘောင်ထဲတွင် ပီယာနိုဆရာမလေး တီးနေတဲ့ပုံ ပန်ချီဆရာမလေး တီးနေတဲ့ပုံ ကလေးအမေလေးတီးနေတဲ့ပုံ အစရှီတဲ့ ပန်းချီ ဆရာတစ်ဖြစ်လည်း အချစ်တက္ကသိုလတွင်ဘွဲ့ရ စာတမ်းပြုစုသူ ချမ်းကိုအား တီးလျှက်ပင်တွေ့ရှိလိုက်ရပေသည်………
ရှည်လျှားလှသော ဈေးတမ်းလေးက မဆုံးသေး ကိုထွန်းအေးနဲ့ ဂိဂိ တို့ ဟိုနေဒီငေး နဲ့ထပ်မံလမ်းသလားလိုက်တော့.ခေတ်မှီတိုးတက်လှပသော ဆိုင်းဘုတ်ကြီးနဲ့အတူ
“Nereus ဖုန်းအရောင်းပြခန်း” နဲ့အတူ အထဲတွင် မြောက်များလှစွာသော ဘဒန်း တွေနဲ့ဖုန်းတွေကို တွေ့ရသည် ဆိုင်အ၀တွင် မှတ်ချက်တစ်ခုကလည်းရှိသေး “အိုင်ဖုန်း လုံးဝမရောင်းပါ အန်းဒရိုက်သာလျှင်ရောင်းပါသည်”… အထဲကိုနည်းနည်းစောင်းကြည့်လိုက်တော့ သူထိန်းကြီးနေရာတွင့် ဆိုင်ပိုင်ရှင် Nereus ခေါ်ကိုနီအား မိန့်မိန့်ကြီး တွေ့ရလေ၏……ကာစမန်တစ်ယောက်နဲ့ဆွေးနွေးနေပုံရလေသည်
အန်းဒရိုက်ကကောင်းဆုံးဗျ ခင်ဗျား အိုင်ဖုန်း ၄s ယူလာခဲ့ကျတော် ဆိုင်မှာရှီတဲ့ Samsung glaxys2 နဲ့ယှဉ်ပြီး ၆ပေအမြင့်ကပြစ်ချပြမယ် ခင်ဗျားအိုင်ဖုန်းမကွဲဘူးဆိုရင် Samsung အလားပေးလိုက်မယ် ဟူ နှတ်ခမ်းတစ်လန်ပန်းတစ်လန်နဲ့ ပြောနေသော ကိုနီအား တွေ့ရလေသည်…။
‘ဟရောင် ဂိဂိ ငါတို့လျှောက်လာတာလည်းများပြီ လေယာဉ်စီးလာတော့ မင်းဗိုက်မစာဘူးလားကွ”
“ဘယ်နှယ့်များပြောလိုက်ပါလိမ့်ကိုထွန်းအေးရာ စာတာမှဗိုက်ထဲက ဗလစ်ဗလစ်မြည်နေပီ”
“အေးဒါဆိုလည်း တစ်ဆိုင်ဆိုင်မှာဝင်စားကြတာပေါ့ကွာ”
“ကိုကိုကြီး ရက်စတော့ရန့်”
“ဂိဂိ ငါ့တို့ဒီဆိုင်ပဲဝင်စားရအောင် ကိုကိုကြီး ခေါက်ဆွဲပြုတ်က သိပ်စားလို့ကောင်းတာကွ”
ဆိုင်ထဲဝင်လိုက်တော့ ကိုကိုကြီးအကြိုက် ခေါင်းမြီးခြုံမလေးမလေးတွေ ဆာဘား မလေးတွေ ယပလက်မလေးတွေ ဖားမလေးတွေ ကကြီးမလေးတွေ အသီးသီးစားပွဲထိုးကာ လူတွေကြက်ပျံမကြစဉ်ကားနေလေကြပေသည်။
“ကဲဂိဂိ ငါတို့ဝမ်းမီးလည်းငြိမ်းသွားပီ ဒီတော့ ငါ့တို့ချိန်းထားတဲ့ဟော်တယ်ကိုချီတက်ကြစို့”
လမ်းတစ်လျှောက်တွင်တော့ radeon မှဦးစီးဖွင့်လှစ်သော ရေဒီယို အရောင်းပြခန်း ရေဒီယိုများ တန်းစီကာဖွင့်ကြည့်နိုင်ပါသည် ဟူသော မှတ်ချက်ကရှိသေးသည်။
လမ်းထောင့်တစ်နေရာတွင်တော့ လမ်းသလားနေကြသော ဂေးလေး တို့အုပ်စု အံမယ်သူတို့လည်းအလုပ်ဖြစ်ပုံရသည်။ စကိုင်းမင်းဆိုသော ကောင်လေးကလည်း ညကကလပ်တွင်အလုပ်ဖြစ်ကြောင်း အဘွားကြိး၂ယောက် ကိုင်လိုက်၍ ကနေ့ကလုပ်ပင်မဆင်းနိုင်တော့ ကြောင့် မျက်ရည်လည်ရွဲနဲ့ပြောနေကြပေသေသည်။
ဓါတ်ပုံဆရာ နော်ထွန်း ၀င်းဝင်းခင် သူတို့ဆိုင်များလည်း စီကားသိုက်မြိုက်စွာတွေ့ရလေသည်..
ထိန်ဝင်းသူ တော်ဝင်အခွေငှားဆိုင် ..ကလည်းစီကားလျှက်…
နာမည်ကြီးဆိုင်များတစ်ဆိုင်ပြီးတစ်ဆိုင် ကျော်ဖြတ်အပြီးတွင်တော့ သတ်မှတ်ထားရာနေရာဖြစ်သော ဖင်ဖြူသူဌေးကြီး ကိုအိုင်မေးပိုင် ဆိုင်မှုထဲက တစ်ခုအပါအ၀င်ဖြစ်သော imail ဟော်တယ်သို့ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပေတော့၏။
ဟော်တယ်ကောင်တာရက်စက်ရှင်တွင်တော့ ပြင်းရိညီးငွေ့စွာ အိပ်ပျော်နေသော အန်တီကြီးတစ်ယောက် …..သရေများပင်ကြနေသေးသည်..
‘ဒီမှာဗျို့ ဒီမှာ မေးစရာတစ်ခုရှိလို့ထ ပါဦးဗျ” ကိုထွန်းအေးမှ ပြောလိုက်လေသည်
‘ကတောက် ကတောက် ဒီမှာအိပ်ကောင်းနေတာကို ဘယ်သူလည်းဟ” အန်တီကြီးမှ အိပ်မှုံစုံမွားဖြင့်ထလာလေ၏
“ကျုပ်တို့လူတစ်ယောက်နဲ့ချိန်းထားလို့ဗျ သူက ဒီဟော်တယ်မှာ ဆံမယ်ပြောထားလို့ ဒီဟော်တယ်ရဲ့ဧည့်ခန်း မှာစုံမယ်တဲ့ ကျုပ်တို့က ဘန်းကျော်ကလာတာဗျ..” ဂိဂိမှ နုတ်လှန်ထိုးလေသည်
“အော် ဘန်းကျော်ကဆိုရင်တော့ ဟုတ် တယ်ဒီနေ့ ရက်စာဗေးရှင်းယူထားတယ် ဟောဟိုမှာတွေ့နေရတဲ့တံခါးလေးကိုဖွင့်ဝင်သွားလိုက် အဲ့မှာဧည့်ခန်းကိုတွေ့လိမ့်မယ်” ဟုခတ်ပြတ်ပြတ်ပြောပြီး
“ကတောက် ကတောက် လူတွေလာလာကိုနှောင့်ယှက်တယ”်ဟုပွစိပွစိနုတ်က ရွတ်ကာ
 ကွန်ပူတာတွင့် တစ်မိနစ်တွင် ၁၅၀လုံးလောက်ရိုက်နိုင်သော တိုက်ပစ် စပိနဲ့အားရ၀မ်းသာအတင်းတုပ်(အဲ့လေ့မှားလို့) ပျော်ရွင့်စွာချက်နေလေတော့သည်။
“ဒီမယ် အန်တီ အန်တီကြီးကိုရေလည်လေးစွားသွားပီ နာမည်လေးတစ်ချက်လောက်သိလို့ရမလားခင်ချင်လို့ပါ” ဟု ကိုထွန်းအေးမှ မေးလိုက်လေသောအခါ အန်တီကြီးမှာ ငယ်မူပြန်ကာ ရှက်သွေးဖြာလျှက်
‘’အမနာမည်က hhk ခိခိအချစ်တက္ကသိုလ်မှာကျောင်းတက်နေတယ် အခုက ပတ်တိုင်းအလုပ်ဝင်လုပ်တာ….ဖုန်းနံပတ်က ၁၂၃၄၅၆၇၈၉ သိရား”ဟုမျက်နှာများနီမြန်းလျှက်ဖြေလေသည်…
ညွန်ပြသောတံခါးကိုတွန်းဖွင့်ကာဝင်ရောက်သွားပီး ဧည့်ခန်းတွင် ၁၅မိနစ်လောက် ထိုင်ဆောင့်လိုက်သောအခါတွင်တော့
တောက် ဒေါက် ဒေါက် ဟူသော ဒေါက်ဖိနပ်သံနဲ့အတူ ကိုထွန်းအေးနဲ့ ဂိဂိ နှစ်ဦးလုံး တိုင်ပင်ထားသလိုခေါင်းလှည့်ကာ ကြည့်လိုက်သောအခါတွင်တော့ အခြားသူဟုတ်ရိုးလား အချစ်တက္ကသိုလ်တွင် တက်ရောက်နေသော နာမည်ကြီး မမ…….
မမက သူ၏ထရိတ်မတ်ဖြစ်သော စနေနှစ်ခိုင်ကြီးဝင့်ကာဝင့်ကာနဲ့ တစ်လှမ်းချင်းဝင်ရောက်လို့ရပါသည်…
ကိုထွန်းအေးနဲ့ ဂိဂိမှာတော့ ရင်ဘတ်တစ်ချက် စီတွင် ဘတ်စကတ်ဘော ဘော်လုံးတစ်လုံးစီချိတ် သလားအောက်မေ့ရသည့် စနေနှစ်ခိုင်အားမျက်စိမှမခွာတော့ပေ…….
“ဒီက ကိုထွန်းအေးမဟုတ်လား ဒါက ဂိဂိထင်တယ်”ဟု မမသူ့ဖာသာမှတ်ချက်ချကာ မိတ်ဆက်လိုက်လေသည်
“ဒီတော့အချိန်လည်းမရှီဘူး မမမှာကားပါတယ် သွားချင်တဲ့နေရာကိုတစ်ခါတည်းသွားရအောင်” ဆိုပြီး မမမှလောဆော်ကာ သွားဖို့ပြောလိုက်လေသည်…………
မမရဲ့စီးတော်ယာဉ် လေးက၀ူးကနဲ့ မောင်းထွက်သွားလေတော့သည်………….


sex is something we do but love is main thing we live

ဖေဇော်ဂျီ

  • ကောလိပ်ဂျင်
  • အချစ်တက္ကသိုလ်
  • ****
  • Posts: 255
  • Don't Be Silly...Put a Condom on ur Willy~~
အနော်မပါသေးဘူးနော ကိုရဲ။စောင့်နေတယ်။ ဟွင်းဟွင်း  :P :P

ဖိုးသက်

  • ကောလိပ်ဂျင်
  • အချစ်တက္ကသိုလ်
  • ****
  • Posts: 252
ဦး ဦး ရဲ ကြီး နော်...
သား သား လဲ ပါ ချင် တယ်၊
သား သား မပါ ရ ရင်    ....... အ တန် (မှား လို့) အတန်း မတက် ပဲ...
မိန်း ခလေး အိမ် သာ နား မှာ သွား ထိုင် နေ မှာ ဂျ :'( :'( :'( :'( :'( :'( :'( :'(

nawhtun

  • ကောလိပ်ဂျင်
  • အချစ်တက္ကသိုလ်
  • ****
  • Posts: 396
အဲ နာပါတယ်ဟ ရဲရဲ ဇတ်လမ်းမှာ ရဲရဲကို ချစ်တွားဘီ  :-* :-* :-* :-* :-* :-* :-* :-*

Assassinator

  • စီနီယာ
  • အချစ်တက္ကသိုလ်
  • ***
  • Posts: 137
သရော်စာ ဆိုလို.ဆိုင်မဆိုင်တော. မသိဘူး။။။။
www.burmastrangenews.com ဆိုတဲ.ဆိုက်ကိုတော. အတော်လေး သဘောကျတယ်ဗျို.။။။ သိကြမယ်ထင်ပါတယ်...။။။
If YoU BoRn PoOr.
It Is NoT yOuR mIsTaKe.
BuT, iF yOu DiE pOor.
ThIs Is YoUr MiStAkE.

Assassinator

  • စီနီယာ
  • အချစ်တက္ကသိုလ်
  • ***
  • Posts: 137
ဖတ်ရင်းဖတ်ရင်း နဲ. ဒီဇာတ်လမ်းသိသလိုမှတ်တာ ဘယ်နှယ်. Expandables ကြီးကိုး....။။။
If YoU BoRn PoOr.
It Is NoT yOuR mIsTaKe.
BuT, iF yOu DiE pOor.
ThIs Is YoUr MiStAkE.

ရဲရဲ

  • အငြိမ်းစား ကထိက
  • အချစ်တက္ကသိုလ်
  • ****
  • Posts: 1143
ကားပေါ်တွင်တစ်လျှောက်လုံး ကိုထွန်းအေးနဲ့ ဂိဂိတို့ငန်းကြောထလာကြလေပေ၏.မမ၏စနေ၂ခိုင်ကို ကသိုင်းရှ့ရှ့ရင်း မြို့ပြင်ဖက်သို့ ရောက်မှန်းမသိရောက်လာလေပေသည်
‘ဂိဂိ ငါဒီနေရာကနေ့လမ်းလျှောက်သွားတော့မယ် မမပြောတာ ငါ့တို့သွားချင်တဲ့နေရာရောက်ဖို့ နီးနေပီတဲ့ ဒီတော့ တစ်ခုခုဖြစ်ရင်ငါကူလို့ရအောင် ငါဖြတ်လမ်းရှာပြီးလိုက်ခဲ့မယ် မင်းမမနဲ့လိုက်သွား ဟုတ်ပီလား ဂိဂိ”
ဂိဂိမှလည်း အလှပဂေးမမနဲ့ တူတူသွားရတော့မည်ဖြစ်သောကြောင့် တစ်ချက်မှမငြင်းပဲ ဟုတ်ဟုတ် နဲ့ပုတ်သင်ညို ခေါင်းညိတ်သလိုညိတ်ရှာလေသည်.။
လမ်းတစ်လျှောက်ကားပေါ်တွင်တော့ ဂိဂိတစ်ယောက် မမအားစတင်ကြူပါတော့သည် “သူဘယ်လောက်ချောကြောင်း အသားဘယ်လောက်ဖြူကြောင်း သတ္တိဘယ်လောက်ရှီကြောင့် သိုင်းမှန်သမျှ ပုဆိုးဂွင်းသိုင်းပါမချန်အကုန်တတ်ကြောင်း အရက်မသောက်တတ်ကြောင်း(၀ီကစီပဲသောက်တာလေ) ဆေးလိပ်မသောက်တတ်ကြောင်း(စီးကရက်ပဲသောက်တာနေမှာ) မိန်းမကိစ္စအရမ်းကင်းကြောင်း မဆိုလျှင် မီးချစ် ဓါးမ မီးဖို တောင်ပင်မသုံးဖူးကြောင်း ပက်ပက်စက်စက် အာမနပါ ကြူပါတော့လေသည်။
မမလည်း ဂိဂိ၏ကြူချက်များကို နားများအူလောက်အောင်နားထောင်ပြီးနောက် ကားကိုတစ်နေရာတွင် ထိုးရပ်လိုက်လေတော့၏
‘ကဲဂိဂိ အဲ့ဒါ ဂိဂိတို့သွားချင်တယ်လို့ပြောတဲ့နေတရာပဲ ဟိုမှာတောင်ကြီးတစ်ခုတွေ့လား အဲ့ဒါကို တောင်ကြီးလို့ခေါ်တယ် မှတ်ထားနော်’
‘ဟောဟိုဟာက ကိုကင်းစိုက်ခင်းတွေပဲ အမေရိကန်တွေနဲ့ ဒီနိုင်ငံက စစ်တပ်ပေါင်းပီး မြို့ခံတွေကို အဓမ စေခိုင်းကာ စိုက်ခိုင်းထားတာ’
ဂိဂိလည်းပါလာသော နီကွန်ကန်နန်အစုံပလုံ camera နဲ့ မှတ်တမ်းတင်ဓါတ်ပုံများရိုက်လေတော့သည်။
ဖြပ်ဖြပ် ဖြပ်ဖြပ်ဖြပ်ဖြပ် ချက်ချက် ချွတ်ချွတ် .နဲ့ကင်မလာရိုက်သံများဆူညံစွာထွက်ပေါလာလေတော့သည်…
‘ဟေ့ရပ်စမ်းမင်းတို့ဘာတွေလုပ်နေကြတာလည်းအခုချက်ချင်းရပ် ဒါသတ်မှတ်နယ်မြေကွ ဓါတ်ပုံရိုက်ခွင့်မရှိဘူး ရပ်ကြည့်ခွင့်မရှိဘူး သေးပေါက်ခွင့်မရှီဘူး အတွဲချိန်ခွင့်မရှီဘူး’ ဟူသောကြယ်လောင်သော အသံနဲ့အတူ စစ်ကားတစ်ကားထိုးဆိုက်လာကာ စစ်ကားပေါ်မှရုပ်ဆိုးဆိုး အသက်ကြီးကြီးလူတစ်ယောက်ခုန်ဆင်းလို့လာ၏
‘မင်းတို့တွေမြန်မာနိုင်ငံသားတွေမဟုတ်လား ရုပ်ကြည့်တာနဲ့သိတယ်နော်’ ဟူထိုလူကြီးကပင်ဆက်လက်၍ပြောလေ၏/
‘မဟုတ်ဘူး ဂျပန်ကား..မဟုတ်ဘူး.. ဒါက မမရဲ့အသိတွေပါ သူတို့ကဒီမှာ တရိစ္ဆာန်တွေလာလေ့လာတာပါ သုတေသနလာလုပ်ကြတာပါ’
‘ငါ့ကိုလာမညာနဲ့မမ မင်းငါ့ကိုအမြဲညာနေတာငါသိတယ်နော် ဘယ်မှာလည်းတရိစ္ဆာန်လေ့လာတယ်ဆို ဘယ်မှာလည်း တရိစ္ဆာန်…ကြာတယ်ကွာ ဟေ့ရောင်တွေသူတို့နှစ်ယောက်လုံး ကြိုးတုပ်ပီးကားပေါတင်ဟေ့ ကောင်မလေးကို ရှေ့ခန်းမှာထားလိုက် ဟိုကောင်ကိုတော့မင်းတို့အနောက်မှာလုပ်ချင်ရာလုပ်တော့ဟေ့.’
ဂိဂိလည်းအခြေအနေမကောင်းတော့သောကြောင့်ဖွက်ထားသော၂လုံးပူး သေနတ်ကိုထုတ်ကာ ပြစ်ပြစ်နဲ့ ပြစ်လိုက်တော့သည် အားလုံး စေးကပ်ကုန်ကာ ရွံရှာပီး အတုံးအရုံး သေကုန်ကျလေသည် ပြီးမှ ရှောင်နေလိုက်သော ဂျပန်ကားထွက်လာကာ ဂိဂိကာ သေနတ်နဲ့ချိန်ထားလိုက်လေတော့သည်
‘ဟားဟားဂိဂိမင်းသေနတ်ကနှစ်ခါမပြစ်နိုင်ပါဘူးကွာ ဟဟ ဒီတစ်လှည့်မင်းသေပီသာမှတ်ပေတော့.’.ဟုပြာရင်းသေနတ်မောင်းကို ဖြုတ်မယ်အလုပ်
ဖောက်စွပ်ကား သေပါပြီဟ ဟူသောအသံနဲ့အတူ ဂျပန်ကားတစ်ယောက် အုတက်ကာ ဂစ်ဂစ်ဂစ်ဂစ်နဲ့သေသွားပါတော့သည်။
‘တွေ့လားဂိဂိငါ့ဓါးဘယ်လောက်မြန်တယ်ဆိုတာ တွေ့ပီမဟုတ်လား မင်းတို့သေနတ်တွေသိုင်းတွေက မစွံပါဘူးကွာ…’
‘၀ူးဝူးဒိန်းဒိန်း ဂလုံးဂလုံး’’ဟူသော ဆူညံသံတွေနဲ့အတူ ဖုံလုံးတွေအလိပ်လိုက်တက်ကာ တက်ကာနဲ့ စစ်ကားတွေ လာနေကြပေလေသည်…
“ဂိဂိနဲ့ ကိုထွန်းအေး ပြေးမယ် ဒီတစ်ခေါက်လာတာအများကြီး ဒီကောင်တွေသတင်းရသွားတာနေမယ်……..လာလာကားပေါတက် မြန်မြန်”
ဝူးဝူး ၀ုန်းဝုန်း အသံများနဲ့အတူ မမကားလေး လျှင်မြန်စွာပြေးထွက်သွားလေ၏
‘ဟေ့ဟိုမှာပြေးပီလိုက်ဟေ့လိုက်ဟ လိုက်ကြဟေ့’
မမကပြေးရင်လူဆိုးများကလိုက်ရင် မမရဲ့ကားမောင်းကြွမ်းကြင်မှုကြောင့်မြို့ထဲသို့ပြန်ရောက်လာသည် သို့သောလည်း အနောက်ကလိုက်နေသောလူဆိုးများက ထပ်ချပ်မကွာလိုက်လျှက်ရှီနေတုန်းပင်
‘ကိုထွန်းအေးနဲ့ဂိဂိဒီနေရာကနေဆင်းပြေးပေတော့ ရှင်တို့လေယာဉ်ရှီရာကိုရောင်အောင်ပြေးပေတော့’
‘လာဂိဂိ သွားမယ်လာလာ…………’
ကနဦးအစက၀င်လာသော immigration ဂိတ်သို့အောင်မြင်စွာပုန်းရှိုးကွယ်ရှီုးရောက်လာလေသည်………..
ဂိတ်တွင် ပြင်းရိစွာအိပ်ငိုက်နေသောအစောင့်နတ်ဦး လှုပ်လှုပ်ရှားရျားနဲ့ ထပစ်လေသည် သို့သော် အင်မတန်မှလက်ဖြောင့်သော ကိုထ၊ွန်းအေးဓါးချက်မိသွားလေသည် ပြီးနောက် တဖန် immigration officer အား ဘူးတားကြီး ငပေါကြီးဆဲကာ ဂိဂိ မှာ ဟိုဟာလှန်ပြ သိုင်းနဲ့ချလိုက်ရာတစ်ခါတည်းရှောဘရားသားပြသွားပေတော့၏
‘ဂိဂိ နင်လေယာဉ်ကိုရောက်သွားငါဒီကောင်တွေကိုခံပြစ်ထားမယ်’
‘ဟုတ်ကိုထွန်းအေး ၁မိနစ်နော်’
‘အေးဟုတ်တယ်၁မိနစ်’
ကားကြီးသုံးစင်းနဲ့ရောက်ချလာသောစစ်သားများအား ကိုယ်ထွန်းအေးမှခုခံပြစ်ပြီး လက်ပြစ်ဗုံး ၃လုံးအား ပြစ်ကာ ဂိဂိရှီလာလေယာဉ်သို့ အလွန်လျှင်မြန်သော နှုန်းဖြင့်ပြေးလာလေတော့သည်….
‘မောင်းဟေ့မောင်းဟေ’့
နောက်တွင် စစ်သားများက ညာသံပေးကာ လိုက်ပြစ်ကြသော်လည်း ကိုထွန်းအေးအားမထိချေလေယာဉ်ကိုယ်ထည်ကိုသာမှန်ကုန်ကြလေ၏
လေယာဉ်လေးလျှင်မြန်စွာရေပေါ်တွင်ပြေးပြီး အမြင့်ပေတော်တော်များများသို့အရောက်တွင်သူ့လေယာဉ် ကိုအပြစ်ခံရ၍မကြေမနပ်ဖြစ်နေသော ကိုထွန်းအေးတစ်ယောက် ဂိဂိ ပြန်လှည့်ကွာ ဟိုလက်နက်ထုတ်သုံးမယ်
‘ဗုတ်ပြဲကြီး အကွက်လား ကိုထွန်းအေး’
‘အေးဟုတ်တယ်’
လေယာဉ် ၁၈၀ဒီဂ၇ီ ကွေ့လာပြီးကျွန်းရှိရာဖက်သို့ပြန်လည် ပြန်သန်းလာ ယခင်ကလူနောက်ကြီးများလေယာဉ် ဆိုက်ကပ်ခဲ့ရာနေရာမှ လူနောက်ကြိးများလေယာဉ်ကိုသေနတ်နဲ့လှမ်းပြန်နေကြသော စစ်သားအုပ်စု အား ကိုထွန်းအေးမှလေယာဉ်ထိပ်ပိုင်းသို့တွယ်တက်သွားကာ ကားယားခွလျှက် မောင်းခလုပ်ကိုဆွဲချလိုက်လေတော့သည် ဖျောင်းခနဲမြည်သံနဲ့အတူ လေယာဉ်ဝမ်းဗိုက်ပွင့်သွားပြီး လူနောက်ကြီးများနဲ့နာမည်ကျော် ခွေလှေးယားသီး ကိုအီးနဲ့ ပယ်ပယ်နယ်နယ် နယ်ထားသော အရားများ တဘတ်ဘတ် ထွက်ကြကာ စစ်သားများထံသို့ ပေကြံကုန်လေတော့သည်….စစ်သားများလည်း ယားယံ နံဟောင်လှသော အရာများကိုမခံနိုင်၍နှလုံးသွေးပျက်၍သော်လည်းကောင်း ရေထဲခုန်ချပြီးမှရေမကူးတတ်၍သော်တစ်ကြောင်း အတုံးတုံးအရှံးရှံးသေကုန်ကျလေတော့၏………….လူနောက်ကြီးများလေယာဉ်ကတော့ မျက်စိတစ်ဆုံးမှန်ပြပြသာမြင်ရတော့၏




sex is something we do but love is main thing we live