Author Topic: အမောပြေဟာသမှတ်စု  (Read 716165 times)

0 Members and 4 Guests are viewing this topic.

သဘာဝ

  • စီနီယာ
  • အချစ်တက္ကသိုလ်
  • ***
  • Posts: 320
Re: အမောပြေဟာသမှတ်စု
« Reply #30 on: April 24, 2011, 03:20:31 AM »
Japanese in Istanbul / Maras Dondurmasi / Turkish Ice Cream



video ကြည့်ရန် spoiler ကိုနှိပ်ပါ


[spoiler]http://www.youtube.com/v/fvUQQF5S4Dg?fs=1&hl=en_US&rel=0[/spoiler]

စင်ကာပူနိုင်ငံ ကလပ်ကီး(clarke quay) မှာ အဲဒီလိုပညာရှင်ရေခဲမုန့်ဆိုင်တစ်ဆိုင်တွေ့မိတယ်။
ထီးအဖြူကြီးတွေရှိတဲ့ ပဘ် တွေတန်းစီနေတဲ့လမ်းမှာလို့ထင်တယ်။
စိတ်ဝင်စားရင်သွားလို့ရတာပေါ့။

ကုလားလေး

  • အချစ်တက္ကသိုလ်
  • *
  • Posts: 30
Re: အမောပြေဟာသမှတ်စု
« Reply #31 on: May 02, 2011, 05:26:36 AM »
သြာ်... ယောက်ျားနဲ့ မိန်းမ

ကျွန်တော် အင်တာနက်ကနေ ရှာဖတ်ထားတဲ့ ဟာသလေးတွေပါ။

တစ်နေ့မှာ ယောက်ျားနဲ့မိန်းမဟာ နွားခြံတွေကို ရောက်သွားတယ်။ အဲဒီမှာ
နွားတွေကို မိတ်လိုက်နှုန်းနဲ့ အမျိုးအစားခွဲထားတယ်။ပထမနွားခြံမှာတော့
နွားတွေက တစ်နှစ်ကို အကြိမ် ၅ဝ မိတ်လိုက်တယ်တဲ့။
ဒါနဲ့ မိန်းမက သူ့ယောက်ျားကို ...
      "ကဲ... သူတို့က တစ်နှစ်မှာ အကြိမ် ၅ဝ တောင်... ရှင်သူတို့ဆီမှာ
သင်ယူသင့်တယ်"
တဲ့။
နောက်တစ်ခြံရောက်သွားတော့ အဲဒီကနွားတွေက တစ်နှစ်ကို ၆၅ ကြိမ်ဆိုတာနဲ့
မိန်းမက သူ့ယောက်ျားကို ထပ်ပြီး...
      "တစ်နှစ်မှာ ၆၅ ကြိမ်... တစ်လမှာဆို ၅ ကြိမ်တက်တောင်
ပိုသေးတယ်... ရှင်သူတို့ဆီကဆိုလဲ သင်ယူနိုင်ရင်ပိုကောင်းလိမ့်မယ်"
တဲ့။
နောက်ဆုံးတစ်ခြံရောက်သွားတော့ အဲဒီကနွားတွေက တစ်နှစ်မှာ ၃၆၅
ကြိမ်ဆိုတာနဲ့ မိန်းမက အံ့သြပြီး...
      "အိုး... ယောကျာ်း ရှင်အမှန်တကယ်သင်ယူရမှာ
သူတို့ဆီကသိလား...တစ်နေ့ကို တစ်ကြိမ်တောင်" တဲ့။
ဒါနဲ့ ယောက်ျားက ဘာပြန်ပြောလဲဆိုတော့...
      "အေး... မင်းအဲဒီ ၃၆၅ ကြိမ်လုံးသွားကြည့်ပါလား... တစ်ကောင်ထဲနဲ့ပဲလားလို့"
ကဲ... မှတ်ကရော

ကုလားလေး

  • အချစ်တက္ကသိုလ်
  • *
  • Posts: 30
Re: အမောပြေဟာသမှတ်စု
« Reply #32 on: May 02, 2011, 05:29:05 AM »
ကျွန်တော်ကျောင်းနေတုန်းက ယောက်ျားလေးအိမ်သာမှာ ရေးထားတဲ့
ကဗျာလေးတစ်ပုဒ်ပါ။ ကျွန်တော်မှတ်မိသလောက် ပြန်ရေးထားခြင်းဖြစ်ပါတယ်။
မှားရင်လည်း အမှန်ပြင်ပေးကြပါ။ ကဗျာလေးကတော့...
               ကျွန်မစောက်ဖုတ်... လက်တစ်အုပ်ကို
               သူ့လီးထောင်ထောင်... တပြောင်ပြောင်နှင့်
               တအားဆောင့်လိုး... အားရိုးရိုးဟု
               အော်ပင်အော်ငြား... ခံလို့ကောင်း၍
               ဖြဲပေးမိပါလေတကား......
                                                အမည်မဖော်လိုသူ အဆောင်သူတစ်ဦး


သားနဲ့ သမီးကွာပုံများ
for everyone
အမေက ငါ့သားအတွက် ဝါးရင်းတုတ်ကိုပေးခဲ့မယ်တဲ့။
ဒါပေမဲ့... ငါ့သားတဲ့ ရမ်းချင်တိုင်း လျှောက်မရမ်းနဲ့တဲ့။
ပြသနာတတ်လိမ့်မယ်တဲ့။
သမီးအတွက်တော့ လယ်တစ်ကွက်တဲ့။
သမီးစိုက်စားချင်တာ စိုက်စားတဲ့...
ကဲ... အဲလိုကွာတာ

ကုလားလေး

  • အချစ်တက္ကသိုလ်
  • *
  • Posts: 30
Re: အမောပြေဟာသမှတ်စု
« Reply #33 on: May 02, 2011, 05:34:44 AM »
အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။

" ဒါ ဘာလုပ်တာလဲ"
"ယောကျာ်းအပြန်ကို စောင့်နေတာလေ"
"ဘာမှ မ၀တ်ဘဲ စောင့်နေရသလား"
"ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်"
"လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ"
"ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်"

ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။

တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။

"ဒါ ည၀တ် အချစ်အင်္ကံင်္ျီလေ" လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက
" ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။

ကုလားလေး

  • အချစ်တက္ကသိုလ်
  • *
  • Posts: 30
Re: အမောပြေဟာသမှတ်စု
« Reply #34 on: May 02, 2011, 06:04:09 AM »
သို့
အချစ်လေးရေ

ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်
အချစ်လေး

မင်းရဲ့
ကိုကို

နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်

သို့
ယောက်ကျားရေ

ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူး တင်ပါတယ်
ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။

၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့် လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀

ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့
ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။

ကိုကို့ရဲ့
ချစ်လေး

ကုလားလေး

  • အချစ်တက္ကသိုလ်
  • *
  • Posts: 30
Re: အမောပြေဟာသမှတ်စု
« Reply #35 on: May 02, 2011, 06:06:21 AM »
 မေမေ့ တာဝန်ထားလိုက်

" အဲဒီလူနဲ့ သမီး လက်မထပ်ချင်ဘူး မေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး။ သူက ငရဲရှိတယ် ဆိုတာကို မယုံဘူးလို့ အကြောက်အကန် ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါ သမီးရယ် ၊ ငရဲ တကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန် ထားလိုက်စမ်းပါ "

ကုလားလေး

  • အချစ်တက္ကသိုလ်
  • *
  • Posts: 30
Re: အမောပြေဟာသမှတ်စု
« Reply #36 on: May 02, 2011, 06:20:45 AM »

သြော် မိန်းမ

သူ့မိန်းမ က အဲဒီ့ အံဆွဲလေးကို အမြဲ သော့ခတ်ပြီး သော့ကိုသိမ်းထားတယ်။ သူတောင်းကြည့်လည်း ပေးမကြည့်ဘူး ။

တစ်ရက်တော့ သူ့မိန်းမ ခရီးထွက်သွားတော့ သော့ ကိုဖျက်ဆီးပြီး ဖွင့်ကြည့်လိုက်တယ်။ အထဲမှာ ဒေါ်လာ ၁သောင်း နဲ့ ကြက်ဥ ၃ လုံးကို တွေ့တယ်။ သူ့မိန်းမပြန်လာတော့ မေးတာပေါ့......

(ယောက်ျား)...“ မိန်းမ ဒီပိုက်ဆံနဲ့ ကြက်ဥ ၃ လုံးက ဘာလုပ်တာလဲ”။
(မိန်းမ)....“ ကျွန်မ တခါ ဖေါက်ပြန်တိုင်း ကြက်ဥ ၁လုံးဝယ်တယ။်

 (ယောက်ျား)...“ အော် ငါမင်းကိုခွင့်လွှတ်ပါတယ် ငါနဲ့ပေါင်း လာတဲ့ နှစ်တွေဒီလောက်ကြာတာတောင် မင်း၃ခါပဲ ဖေါက်ပြန်ခဲ့တာပေါ့.... ဒါနဲ့ ဒီ ဒေါ်လာ ၁ သောင်းကရော”။

(မိန်းမ)...“ ကြက်ဥ ၁ ဖာ ပြည့်တိုင်း သွားသွားရောင်းတယ်လေ”


grandpashawng

  • စီနီယာ
  • အချစ်တက္ကသိုလ်
  • ***
  • Posts: 303
  • never never never give up
Re: အမောပြေဟာသမှတ်စု
« Reply #37 on: May 02, 2011, 06:18:31 PM »
"သစ်ပင်ပေါ်မှာ"

တစ်ခါက သူငယ်ချင်းနှစ်ယောက် မာလကာပင်ပေါ်တက်ပြီး မာလကာသီးခူးစားကြသတဲ့။
တစ်ယောက်က အရင်တက်ပြီး တစ်ယောက်က အောက်ကနေ လိုက်တက်ရတာပေါ့၊
အပင်ပေါ် မာလကာသီးတွေလည်း အများကြီး၊ အောက်ကတစ်ယေက်လည်း အသီးတွေအများကြီးဆိုပြီး အားရ ဝမ်းသာ လက်လှမ်းခူးလိုက်တာ
အပေါ်က သူငယ်ချင်းရဲ့ ဂွေးစိ ကိုမှ တည့်တည့်ကြီး လှမ်းကိုင် လိုက်မိတယ်။ အဲဒါနဲ့ အပေါ်က တစ်ယောက်လည်း အထိတ်တလန့် နဲ့

"သူငယ်ချင်း၊ အဲဒါ ငါ့ဟာကြီး...." လို့ပြောလိုက်တယ်။ အောက်ကတစ်ယေက်ပြန်ပြောလိုက်တာကတော့...
“ သူငယ်ချင်းကလည်းကွာ.. အပင်ပေါ်မှာ နင့်ဟာ၊ ငါ့ဟာခွဲခြားဖို့လိုသေးလို့လား“... တဲ့
လောကမှာ တတ်သိတဲ့လူတွေများတယ်၊ ဒါပေမဲ့ သိတတ်တဲ့လူတွေတော့ နည်းတယ်..

imail

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #38 on: May 02, 2011, 06:59:02 PM »
စောရွှေပန်းတစ်ယောက် မိန်းမရဲ့တူမဖြစ်သူကို လူတစ်ယောက်မှ မုဒိမ်းကျင့်သွားလို့ တရားရုံးမှာ ထွက်ချက်ပေးရပါတယ်။

တရားသူကြီးမှမေးသံ
အမည်--- စောရွှေပန်း (လက်နှပ်စက်သံ ဂျောက်ဂျောက်ဂျောက်)

အသက်--- (လေသံရှည်ဖြင့်)လေးဆယ်.........(ဂျောက်ဂျောက်).......တစ်နှစ်

လက်နှိပ်စက်စာရေးမှ
ဟာဗျာ ခင်ဗျား စကားကိုကောင်းကောင်းပြောဗျာ

ထို့နောက် တရားသူကြီးမှ စီရင်ချက်ကိုဖတ်ကြားရာတွင် မုဒိမ်းမှုဟုသုံးနှုန်းနေ၍စောရွှေပန်းမှ

တရားသူဂျီးမင်း မုဒိမ်းမှု မုဒိမ်းမှုနဲ့ မပြောဘာနဲ့ အမှုပေါ့တယ်

လို..လို..လိုးတယ်လို့ပြောပါတရားသူကြီးမင်း

grandpashawng

  • စီနီယာ
  • အချစ်တက္ကသိုလ်
  • ***
  • Posts: 303
  • never never never give up
Re: အမောပြေဟာသမှတ်စု
« Reply #39 on: May 03, 2011, 05:46:41 AM »
“.........”
အိမ်နီးချင်းအမျိုးသမီးနှစ်ဦး ယာလမ်းမှအပြန် စကားလက်ဆုံကျ လာသည်။
” ဟဲ့ ဟိုဟာလုပ်နေတဲ့အချိန် ဖင်ဝကိုလာလာပြီးရိုက်တာ ဘာလဲ သိလား”
”မသိဘူးဟ..ငါ့ယောက်ကျားကိုပြန်မေးကြည့်လိုက်မယ်လေ..”

အိမ်ပြန်ရောက်သော် အဖြေသိရသဖြင့် ခြံစည်းရိုးမှ သူငယ်ချင်းကိုလှမ်းအော်ပြောလိုက်သည်မှာ..
” သူငယ်ချင်းရေ..သိပြီ.. လဥ......... တဲ့”
လောကမှာ တတ်သိတဲ့လူတွေများတယ်၊ ဒါပေမဲ့ သိတတ်တဲ့လူတွေတော့ နည်းတယ်..

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #40 on: May 03, 2011, 07:56:16 AM »
တခါကပန်းခြံတစ်ခုရှေ့မှာ စောင့်တဲ့ရဲတယောက်နားကို ကလေးလေးတယောက် ရောက်လာပါတယ်
ပြီးတော့ ရဲသားကြီးကို "ဟေ့ ရဲသားကြီး နောက်15မိနစ်လောက်နေရင်
တားတားဖင်လာနမ်းလှည့်"လို့ပြောပြီး
ထွက်ပြေးသွားတယ်။။။
ရဲသားကြီးကလည်း ပထမတော့ကြောင်နေတာပေါ့ နောက်တော့မှာဒေါသူပုန်တွေထပြီး
အဲ့ကလေးလေးနောက်ကို ပြေးလိုက်တာပေါ့ အင်မတန်ရိုင်းတဲ့ကလေး
မှတ်လောက်အောင်ဆုံးမယ်ပေါ့
အဲ့လိုကလေးနောက်ကိုပြေးလိုက်ရင်းနဲ့ လမ်းမှာ ရဲမှုးကြီးနဲ့သွားတိုးတယ်
ရဲမှုးကြီးက"ဟေ့ ရဲဘော် ဘာလို့တာဝန်ကျနေရာမှာမရှိဘဲ လျှောက်ပြေးနေရတာလဲ"
ဒီတော့ ရဲသားကြီးက "ဟိုရှေ့မှာပြေးသွားတဲ့ကလေးလေ ကျွန်တော့်ကို နောက်15မိနစ်နေရင်
သူ့ဖင်လာနမ်းလှည့်လို့ပြောသွားလို့ "
အဲ့လိုပြောလိုက်ရော ရဲမှုးကြီးက
"မင်းကလဲကွာ အေးဆေးပေါ့ 15 မိနစ်ကြီးတောင် ကျန်သေးတာကိုး"


သားလိမ္မာ
----------

“မောင်တိုးလေး... မင်းဖေဖေနဲ့ မေမေ ညကျရင် ဘယ်လိုအိပ်သလဲကွ...
မင်းသိလား...“
“ဟီး...ဟီး...သိတာပေါ့ဗျာ.... ကျွန်တော်နဲ့ တူတူအိပ်တာပဲဟာ....
“ဟုတ်လား...အဲဒါဆို အစ်ကိုတို့ကို ပြောပြပါလား...“
“ဟာဗျာ... ပြောစရာလားဗျ...မပြောချင်ပါဘူး....“
“ပြောပါကွ... မောင်တိုးလေးက လိမ္မာပါတယ်....“
“ဟာဗျာ... မပြောရဲပါဘူးဗျာ... သွားတော့မယ်...ဗိုက်ဆာလာပြီ.....“
“နေပါဦး မောင်တိုးလေးရ...ကိုကြီးတို့ မုန့်ဝယ်ကျွေးမှာပေါ့...
မင်းကြိုက်သလောက်စား....“
....
“ကဲ.. မောင်တိုးလေး.. စားပြီးပြီဆို ပြောပြတော့လေ...ဟီး..ဟီး..“
“ပြောဆိုလည်း ပြောပြရတာပေါ့ဗျာ... အမေက စောင်လေးခြုံပြီး အိပ်တယ်ဗျ...အဖေကတော့
လက်နှစ်ဘက်ကို ပေါင်ကြားထိုးပြီး ကွေးကွေးလေး အိပ်တယ်ဗျ....“
“ကောင်းကွာ...“


မမြင်ရက်လို့ပါ
--------------

ဘတ်စ်ကားပေါ်မှာ လူတစ်ယောက် မျက်စိကြီး အတင်းမှိတ်ပြီး ထိုင်နေတဲ့သူကို သူ့ရှေ့ကလူက
“မိတ်ဆွေ.. ခင်ဗျား ခေါင်းမူးနေလို့လား... အန်ချင် နေတာလား.... ကျွန်တော်ဘာများ
ကူညီပေးရမလဲ ခင်ဗျ....”
“ကျုပ်ကတော့ ဘာမှ မဖြစ်ပါဘူးဗျာ... ကျုပ်ရှေ့မှာ သက်ကြီးရွယ်အိုတွေ မတ်တပ်ရပ်
ဒုက္ခရောက်နေတာကို မမြင်ရက်လွန်းလို့ပါဗျာ....”




jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #41 on: May 03, 2011, 07:59:51 AM »

ပြောပြပါ့မယ်
-------------

ဘယ်ညာ အချက်ပြမီး ပျက်နေလို့ ကားမောင်းရင်း လက်တစ်ဖက်ကို အပြင်ထုတ်ထုတ်ပြီး အချက်ပြ
နေရတဲ့ ဘတ်စ်ကား ဒရိုင်ဘာကို အစိုးရိမ်ကြီးတဲ့ အဘွားအို တစ်ယောက်က
“သားလေးရယ် သားလေးရဲ့ လက်တွေကို အဲဒီ ဘီးအဝိုင်းကြီးကိုသာ
မြဲမြဲကိုင်ထားပြီး ဆက်မောင်းပါ
ကွယ်.... အပြင်မှာ မိုးရွာမရွာ သိချင်ရင် အမေကြီး သေချာ ကြည့်ထားပေးပါ့မယ်နော်...“


တစ်ကိုယ်လုံးပေါ့
-----------------
“ကျွန်တော်က ကြုံတိုင်းရွာမှာ မွေးတာပါ....“
“ဟုတ်လား ကြုံတိုင်းဆို ကျုပ်သိတယ်... ဘယ်အပိုင်း မွေးတာလဲ...“
“တစ်ကိုယ်လုံးပေါ့ဗျ... ရူးနေလားမသိဘူး....ပေါက်ပေါက်ရှာရှာ မေးတတ်တယ်“




ဘယ်လိုလုပ်ရမလဲ
ကျွန်တော် သူ့ကိုချစ်မိနေလို့ သူငယ်ချင်း တစ်ယောက်နဲ့တိုင်ပင်တယ်ဗျာ။
အဲဒါကို မောင်မင်းကြီးသားက “မလုပ်နဲ့ အဲဒါကြိုတင်ကြံစည်မှု” တဲ့၊
အဲဒါကြောင့် သူအပြင်ထွက်တဲ့အခါ စာလိုက်ပေးမယ်ပြောပြန်တော့ သကောင့်သားက
“မလုပ်နဲ့ အဲဒါ ၀တ္တရားနှောက်ယှက်မှု” တဲ့ဗျာ။“အိုကွာ ဒါဆိုရင်
သူမြင်သာအောင် သူ့အိမ်ရှေ့ ခေါက်တုံ့ ခေါက်ပြန်လုပ်မယ်ကွာ”၊ “ဟကောင်ရ
အဲဒါ မသင်္ကာမှုနဲ့ ငြိမယ်ကွ မလုပ်နဲ့” တဲ့၊ “ဟာဒါဆိုရင်တော့
ဂစ်တာလေးတီးပြီးတော့ သူသိအောင် လုပ်ပါရစေကွာ”၊ “သြော်
မင်းကဆူပူသောင်းကျန်းမှုနဲ့ ငြိချင် နေပြီထင်တယ်” တဲ့၊
လုပ်ပြန်ပြီဗျာ၊ကျွန်တော် ဘယ်လိုလုပ်ရတော့မလဲ။ “ကျွန်တော်ချစ်တာကို
သူမသိနိုင်ရင်နေပါစေတော့၊ ချောင်ကွယ်တနေရာကနေပဲ ငေးတော့မယ်ကွာ၊
ကိုယ်ချစ်နေရရင်ပြီးတာပါပဲလေ”၊ “ဟာ မင်းကလဲကွာ မှောင်ရိပ်ခိုမှုတွေ
ဘာတွေနဲ့ငြိနေဦးမယ်နော်၊ ကြည့်လုပ် ကြည့်လုပ်”၊ “ဟ မင်းဟာက အမှုတွေ
များလှချည်လား၊တော်ပြီကွာ မချစ်တော့ဘူး”၊ “ဟေ့ ဟေ့ မလုပ်နဲ့ မလုပ်နဲ့
အဲဒါမှထိန်ချန်မှုနဲ့ တိုက်ရိုက် ငြိသွားမယ်” တဲ့။
ဘယ်လိုလုပ်ရတော့မလဲဗျာ၊ကျွန်တော်လဲ မကြံတတ်တော့ဘူး၊ စဉ်းစားပေးကြပါဦး။

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #42 on: May 03, 2011, 08:24:32 AM »
ခွဲစိတ်ခန်းထဲသို့ လူနာ ဂျေဂျေကို ခေါ်ဆောင်လာခဲ့သည်။
လူနာအား မေ့ဆေးပေးရန်အတွက် မေ့ဆေးဆရာဝန် ရောက်လာသည်။
ရေချိန်ကိုက်နေသော မေ့ဆေးဆရာဝန် ဒေါက်တာ ဖရိုက်အား လူနာဂျေဂျေမှ
“ဆရာ မူးနေတာလား ခင်ဗျာ”
“ဗျာ... ကျွန်တော့်ကို မူးနေတယ်လို့ ပြောတာလား ကျွန်တော်မမူးပါဘူး
  မူးတာက ခွဲစိတ်ဆရာဝန် ဒေါက်တာ လမ်းမတော်သားဗျ
  ဒီလူမှ တကယ်မူးနေတာ သူရောက်လာရင်ကြည့်”  ;) ;) ;)

မစ္စဝေးဆိုသောအမျိုးသမီးငယ်တယောက်အသံလေ့ကျင့်ခန်းလုပ်ပြီးကိုယ့်ဟာကိုယ်ကျေနပ်နေသည်
။သို့ သော်သူမစိတ်ထဲတွင်ဘဝင်မကျတာတခုက..သူမအသံလေ့ကျင့်ခန်းလုပ်တိုင်း
..သူမအဖေကလည်းအိမ်ရှေ့ ဝရန်တာ သို့ ထွက် ကာကိုယ်လက်လေ့ကျင့်ခြင်း
ဖြစ်သည်.။ထို့ ကြောင့်တနေ့ တွင်
“ အဖေ“
“ဟေ“
“ ဘာဖြစ်လို့ သမီးအသံလေ့ကျင့်တိုင်း..အဖေကလည်းဝရန်တာထွက်ပြီး
ကိုယ်လက်လေ့ကျင့် ရတာလဲ “
“ဒီကိစ္စ ကိုပြောရရင်.......“
အဖိုးကြီးကသမီးမျက်နှာကိုတချက်ကြည့်ပြီးဆက်ပြောသည်
“ငါနင့်အမေကိုရိုက်နေတာမဟုတ်ဘူးဆိုတာ..အိမ်နီးချင်းတွေမြင်စေချင်လို့ ပါကွယ်“

jayjay

  • Guest
Re: အမောပြေဟာသမှတ်စု
« Reply #43 on: May 04, 2011, 02:58:55 PM »
(၁)
လူတစ်ယောက်ဟာ ဆိုင်ကယ်စီးရင် လေတိုးသက်သာအောင်ဆိုပြီး အနွေးထည်ကို
နောက်ပြန်ဝတ်တတ်သတဲ့။ တစ်နေ့တော့ အရက်မူးပြီး သူဆိုင်ကယ်မှောက်တယ်။
ဆိုင်ကယ်မှောက်တဲ့နေရာကိုရဲတွေရောက်လာတယ်။
ပထမရဲ။။ဟာ...တော်တော်ဖြစ်သွားတာပဲ။

ဒုတိယရဲ။။ဟုတ်တယ်။ကြည့်စမ်း..ခေါင်းတောင်နောက်ပြန်လည်သွားပြီ။

ပထမရဲ။။အသက်ရှုနေသေးတယ်။ခေါင်းကိုတည့်ပေးလိုက်ကြရအောင်

ဒုတိယရဲ။။လာ..၁..၂..၃...အင်း..ခေါင်းတည့်သွားပြီ။

ပထမရဲ။။အင်း..အခုမှအသက်မရှုတော့ဘူး

(၂)
တစ်နေ့မှာ ခရီးသွားတစ်ယောက် ခရီးသွားရင်း လမ်းမှားခဲ့တယ်။ ခရီးသွားက
လမ်းဘေးမှာ ဆော့ကစားနေတဲ့ကလေးတစ်ယောက်ရဲ့ခေါင်းကိုကိုင်ပြီးလမ်းမေးတယ်။

"ဟေ့..ချာတိတ်ဒီနေရာကိုဘယ်လိုခေါ်လဲ?"

"ဒါကျွန်တော့်ခေါင်းလေဗျာ"

(၃)
"လကမ္ဘာဆိုတာ အကြီးကြီးပဲ။ လူ သန်းပေါင်းအများကြီး နေနိုင်တယ်"
ပထဝီဝင်ဆရာတစ်ဦးက ကလေးတွေကို ရှင်းပြတယ်။ အဲဒီမှာ ကလေးတစ်ယောက်က
ထအော်တယ်။

"ဒီလိုဆို မလွယ်ဘူးဆရာ... လဆန်း၊ လကွယ်ရောက်ရင် လူတွေ ကျပ်ညှပ်ပြီး
သေကုန်ကြလိမ့်မယ်"  ;D ;D ;D ;D

စိုင်းရွှေတိုး

  • ဘွဲ့ရ
  • အချစ်တက္ကသိုလ်
  • ******
  • Posts: 1656
  • Exercise is good for Health
Re: အမောပြေဟာသမှတ်စု
« Reply #44 on: May 05, 2011, 10:18:22 AM »
ပြောမယ်

နာမကျန်းတဲ့ အဘိုးအိုတစ်ဦး ဆရာဝန်သွားပြတော့ ဆရာဝန်က စမ်းသပ်ပြီး ရောဂါအခြေအနေ ဆိုးမှန်းသိတော့ အဘိုးအို လုပ်သင့်တာ လုပ်နိုင်အောင် မကွယ်မ၀ှက်ဘဲ ပြောပြလိုက်တယ်။
ဆရာဝန်က အဘိုးအိုကို “ခင်ဗျားလည်း ခင်ဗျားရောဂါ အခြေအနေအမှန်ကို သိချင်နေမယ်ထင်တယ်။ အခြေအနေကတော့ သိပ်မကောင်းဘူး။ ခင်ဗျားဘယ်သူနဲ့ တွေ့ချင်သလဲ ပြောပါ ကျွန်တော် ကူညီမယ်” လို့ ပြောတော့ အဘိုးအိုက ခေါင်းညိတ်ပြီး လေသံ တိုးတိုးလေးနဲ့ “ ဟုတ်ကဲ့... ကျွန်တော် နောက်ဆရာဝန် တစ်ဦးနဲ့ တွေ့ချင်တယ်” လို့ ပြောလိုက်တယ်။

သတိထား
ဆေးခန်းကို လူနာတစ်ယောက် ရေးကြီးသုတ်ပြာ ပြေးလာပြီး
“ဆရာ..ဆရာ.. ကျွန်တော့်ကို ကယ်ပါ။ ကျွန်တော် ဓာတ်ဆီ မှားသောက်မိလို့” လို့ ပြောတော့ ဆရာဝန်က “ ကိစ္စမရှိဘူး။ ဒီရက်အတောအတွင်း ခင်ဗျား ဆေးလိပ်မသောက်နဲ့” လို့ ပြန်ဖြေသတဲ့။