ကျောင်းထဲကို မောင်ဖုန်းရောက်တော့ စာရေးချင်တဲ့ မောင်ဖုန်းရဲ့  အာသီသတော့ ပြည့်ပြီဟဲ့လို့  အားရ၀မ်းသာ စာတွေရေး
ပို့ စ်တွေတင်နဲ့ ...။ တစ်ရက် နှစ်ရက်နေတော့ သတိထားမိလာတယ်..။ ကျောင်းသားတွေ အားပေးတဲ့ စာရေးဆရာ.. လူဝင်များ
တဲ့တော့ပစ်မှာ ပို့ စ်တစ်ခုတက်လာပြီဆို နောက်က လိုက်ဖုံးတဲ့ ပို့ စ်တွေ တက်လာတာ တွေ့ ရတာပဲ...။ ဒါကြောင့်မို့  ကထိက ကို
ဇော်ရဲက ဗုတ်သူခိုးပြဇာတ်ရေးပြီး သရော်နေတာလို့  မြင်လာမိတယ်...။ အခုလဲ မောင်ဖုန်းကို ပို့ စ်ဖုံးအောင်လုပ်တယ်... ဗုတ်ခိုး
တယ်လို့  မထင်လိုက်ပါနဲ့ ဗျာ...။
မောင်ဖုန်း စာရေးတာက ကိုယ်တိုင်ဖြစ်ပျက်ခဲ့တာ ကြုံတွေ့ ခဲ့တာတွေကို ရေးပြီးတင်ပြတာပါ...။ ကိုယ်တိုင်ကြုံတွေ့ ခဲ့တာ
လဲ ရှိမှ...ရေးချင်တဲ့ အာသီသ ကလည်း ရှိမှ..အချိန်ကလည်းပေးမှ ရေးနိုင်တာပါ...။ မုဒ် မ၀င်လို့ ကတော့ ရေးပြီး တင်လိုက်လဲ ဖတ်
လို့ ကောင်းမယ် မထင်ပါဘူး....။ အခုတော့ ရေးစရာအကြောင်းအရာကလည်းရှိ ရေးချင်စိတ်ကလည်း ပြင်းပြနေတာ ထိန်းလို့ ကို
မရတာနဲ့  ရေးလိုက်ပါတယ်ဗျာ..ကိုဇော်ရဲလည်း ခွင့်လွှတ်ပါ...။ အခန့် မသင့်ရင် အနှုတ်လေးတွေတောင် ရနိုင်ပေမဲ့ တတ်နိုင်တော့ဘူး
ရေးလိုက်ပြီ....။
အသက် လေးဆယ်ကျော်မှ မချစ်ရဘူးလို့  ဘယ်သူပြောခဲ့တာလဲ..
ကိုယ့်မှာ အိမ်ထောင်ရှိတာနဲ့  မချစ်ရတော့ဘူးလို့  ဘယ်သူပြောခဲ့တာလဲ..
မင်းကို ချစ်တာ အပြစ်တဲ့လား..
တို့ နှစ်ဦး ချစ်နေရင် ပြီးတာပါပဲ အချစ်ရယ်..
ပိုင်ဆိုင်ဘို့ မှ မလိုပဲ..ကိုယ်တို့ နှစ်ဦး ချစ်ဘို့ ပဲ လိုတာပါကွယ်..
တို့ တွေနားလည်မှု ရှိဘို့ အဓိကပါ...
တစ်ခုပဲ တောင်းဆိုချင်ပါတယ်.
ခဏခဏ..စိတ်မကောက်ပါနဲ့ ကွယ်..
မောင်ဖုန်းရဲ့  ဘာညာသာရကာ စမူဆာ လေးက ခဏခဏ စိတ်ကောက်တတ်..ရစ်တတ်တော့ ကြာတော့ မောင်ဖုန်း စိတ်
ညစ်လာတယ်ဗျ...။ အဲ့ဒီတော့ မောင်ရဲ့ ဘာညာသာရကာ စမူဆာ လေး အတွက် မောင်ဖုန်းက ပုံပြင်လေးတစ်ပုဒ် ပြောပြချင်နေ
တာ..။ ပုံပြင်ဆိုပေမဲ့ ဇာတ်တော်လာ ပုံပြင်တစ်ပုဒ်ပေါ့ဗျာ...
ဟိုးရှေးရှေးတုန်းကတဲ့ ...တိုင်းမသိ..ဗာရာဏသီ... ၊ မင်း မသိ..ဗြဟ္မဒတ် ဆိုတဲ့အတိုင်း..ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး
တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတုန်းကပေါ့ကွယ်....။ အဲ့ဒီ ဘုရင်ကြီးဟာ..ရှေးဘုန်း ရှေးကံကြောင့် ဒီ့ပြင် သာမန်လူတွေ နားမလည်
နိုင်တဲ့ မာဂဒစကားကို နားလည်သတဲ့...။ မာဂဒ စကားဆိုတာ တရိစ္ဆာန်တွေ ပြောဆိုတဲ့ ဘာသာစကားပေါ့ကွယ်..။ အဲ့ဒိလို မာဂဒ စ
ကားကို တတ်သိနားလည်တယ်ဆိုတာ ဘုရင်ကြီးရဲ့  အဂ္ဂဒေ၀ီ မဟေဂိ တောင် မသိဘူးတဲ့...။ ဒီလို မာဂဒစကားကို နားလည်တယ် ဆို
တဲ့အကြောင်းအခြားလူတွေကို ပြောပြရင်လည်းဘုရင်ကြီးခမျာ မလကီးယားပြီး နတ်ရွာလားရလိမ့်မယ်တဲ့..။ ဒါကြောင့် မင်းကြီးကဘယ်
သူ့ ကိုမှ ပြောမပြဘူးတဲ့ကွယ်....။
အဲ့ဒိလို ပြောမပြပေမဲ့ တစ်ရက်တော့ ဒုက္ခရောက်ပါလေရောကွယ်..။ ဖြစ်တာက ဒီလိုကွဲ့ ...။ အဲ့ဒီတစ်ရက်မှာ ဗြဟ္မဒတ်မင်းကြီးဟာ
သူ့ ရဲ့  အဂ္ဂဒေ၀ီ မဟေ၈ိ နဲ့  နန်းမဆောင်စမုဒ်ကနေပြီး အရှေ့ လောကဓာတ် တစ်ခွင်လုံးကို ရှူစားတော် မူနေတာတဲ့ကွယ်..။ အဲ့ဒီအချိန်
မှာပဲ နန်းပြဿတ် မှာ နားနေတဲ့ စာကလေး လင်မယားရဲ့  ရန်ဖြစ်သံကို ကြားသတဲ့ကွယ်..။ စာကလေးလင်မယား ဘာတွေရန်ဖြစ်နေတာ
လဲဆိုတော့..ဟိုဒင်း ဟိုဟာ..ဟိုဥစ္စာ ဖြစ်မှာပေါ့ကွယ်...။ စာကလေးလင်မယား ရန်ဖြစ်သံကြားတော့ ဘုရင်ကြီးက အမှုမဲ့  အမှတ်မဲ့နဲ့ အား
ရပါးရ ရီမောလိုက်တာပေါ့.....။ အဲ့ဒါကို ဘေးနား ခစားနေတဲ့ အဂ္ဂဒေ၀ီ မဟေဂိ က" မောင်တော် ဘုရား အကြောင်းမဲ့ ဘာလို့ ရီတာလဲဘုရာ့
နှမတော်ကို လှောင်တာပြောင်တာလားဘုရာ့...ဒါမှမဟုတ်...ကျောင်းထဲက အပျိုကြီးမမ ကိုပဲ အချက်ပြတာလားဘုရာ့. . ဟော့ဆက်ဆီဂဲလ်
ကိုပဲ အချိန်းအချက်လုပ်တာလားဘုရာ့.. မောင်တော် မပြောရင်ဖြင့် နှမတော် မထော်တော့ဘူး ဘုရာ့..ညစာလည်း စားဖို့ မစဉ်းစားနဲ့  ဘုရာ့
ပြောပါဆို...ပြောလေ..ဘုရာ့ " နဲ့  ဘုရင်ကြီးကို နားပူနားဆာ လုပ်တော့တာကိုးကွဲ့ ...။
ဘုရင်ကြီးလည်း သူအချစ်ဆုံး မိဖုရားလည်းဖြစ်နေတော့ ပြောမပြရင်လည်း ..ညစာငတ်.. ပြောပြရင်လည်း သူသေရမှာ ဆိုတော့ ဒုက္ခ
နဲ့  လှလှနဲ့  တွေ့ တော့တာပေါ့ကွယ်....။ ဘုရင်ကြီး အကြပ်ရိုက်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိချိန်မှာ..နတ်တို့ သနင်း ( စာရေးနေတဲ့ ကိုနတ်
သား မဟုတ်ပါ.. ) သိကြားမင်းရဲ့  ပ`ဏ္ဍု ကဗ္ဗလာ မြကျောက်ဖျာ တင်းတော့..ဦးမာဃသိကြားမင်းလည်း " တင်းတယ်....တင်းတယ်...တင်း
တယ်..တင်းတယ်ဟေ့... " နဲ့  သီချင်းဆို ထကပြီး လူပြည့်ကို ဒိဗ္ဗစက္ခု နတ်မျက်စိ ပုလင်းကွဲနဲ့  အတင်းဖြဲ ကြည့်တာပေါ့ကွယ်...။" လား..လား
ငါ့ ဘော်ဒါအရင်း.ဗြဟ္မဒတ်မင်းတော့ ဖွင့်ပြောရင် သေပွဲဝင်တော့မယ်... စစ်ကူလိုနေပြီ မာတလိရဲ့  တို့ နှစ်ယောက် ဆိတ်ယောင် ဖန်ဆင်း ပြီး.
..ဗြဟ္မဒတ်မင်းကို ကယ်ကြစို့ ... "
သိကြားမင်းနဲ့ မာတလိက ဆိတ်လင်မယားယောင်ဆောင်ပြီး နန်းဆောင်ရှေ့ နား တိုးကပ်လို့ သွားသတဲ့...။ ဗြဟ္မဒတ်မင်း ကြားလောက်တဲ့
နေရာရောက်မှ ရန်ဖြစ်ချင်ယောင်ဆောင်ပြီး..သိကြားမင်းက ပြောသတဲ့." ဟိုမယားကြောက် ဗြဟ္မဒတ်မင်းတော့ သူ့ မယား အလိုလိုက်တာနဲ့  သူ့ 
အသက် သေရတော့မယ်...ငါသာဆို ဒီလို ဘယ်ရမလဲကွာ " တဲ့...။ ဆိတ်မ အယောင်ဆောင်ထားတဲ့ မာတလိ ကလည်း ပြောတာပေါ့..." သူ့ မိန်း
မ သူချစ်ရင် ပြောရမှာပေါ့ " တဲ့....။ အဲ့ဒီတော့ ဆိတ်ထီး အယောင်ဆောင်ထားတဲ့ သိကြားမင်းက " ကိုယ့်အသက်သေမဲ့ ကိစ္စ ဒီလိုမျိုး လာမေး
နေလို့ ကတော့ ..မင်းကိုဆိုလဲ ဟော့ဒီလို ခွေ့ ပစ်လိုက်မှာ.. " ဆိုပြီး လိုက်ခွေ့ တော့တာပဲတဲ့ကွယ်....။ အဲ့ဒီတော့မှ ဗြဟ္မဒတ်မင်းလည်း သတိပြန်
ဝင်ပြီး..မိဖုရာကို ဆွဲတဲ့ပြီး..နီးရာ ယမထာရွှေကြိမ်လုံးနဲ့  ( ဒုတ်..မဟုတ်ပါ..

) ကျောပြင်ကို ဗျောတင်တာပေါ့ကွယ်....
" ကိုယ့်အရာမဟုတ်ပဲနဲ့  နေရာတကာ သိချင်ဦးဟဲ့ ...အထူအပါးနားမလည်ပဲနဲ့ လျှာရှည်ချင်ဦးဟဲ့...ညစာငတ်မလေး ဘာလေးနဲ့ 
စိတ်ကောက်ချင်ဦးဟဲ့..မာဂဒစကားကို ငါနားလည်တာ ဖွင့်ပြောရင် သေမယ်ဆိုတာ မသိပဲနဲ့  စပ်စုချင်ဦးဟဲ့...တိန်...ငါ..ပြောမိပြီ..
နောက်တစ်ခါလျှာရှည်ချင်...သိချင်..ကောက်ချင်လို့ ကတော့ နင့်ကို စဥ့်နီတုန်းပေါ်တင်ပြီး ဖြတ်ပြစ်မယ်ဟဲ့...."
အဲ့လို တစ်ဟဲ့ဟဲံနဲ့  ကျောပြင်ကို ဗျောတင်တော့မှ မိဖုရာလည်း အပိုးကျိုးသွားသတဲ့ကွယ်....။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်. မောင်ဖုန်း
ရဲ့  ဘာညာသာရကာ စမူဆာ လေး လည်း ပုံပြင်လေး နားထောင်ပြီး လိမ္မာယဉ်ကျေးရမယ်နော်...။ အဲ့လိုမဟုတ်ပဲ ပုံပြင်ထဲက မိဖုရားလို နေရာ
တကာ သိချင်....အထူအပါးနားမလည်ပဲ လျှာရှည်...ခဏခဏ စိတ်ကောက်...နားထောင်ချင်မှန်းမသိ .နားမထောင်ချင်မှန်း မသိနဲ့  သူများတွေ
နားဝဋ်ကြွေးခံခိုင်းရင်တော့ ..ပုံပြင်ထဲက ဘုရင်ကြီးလိုတော့ မောင်ဖုန်း မလုပ်ရက်ပါဘူးကွယ်....ကထိကကြီးကို အကူအညီတောင်းပြီး
" ကောက်
ချင်ရာကောက်...မဖင်ကောက် " ဆိုပြီးတော့ပဲ တော့ပစ်အသစ် ဖွင့်ခိုင်းလိုက်တော့မယ်..မောင်ဖုန်းရဲ့ ဘာညာသာရကာ စမူဆာ လေး အပိုင်စား
ယူပေတော့ကွယ်.....

တိုင်ဆိုင်မှုရှိလျှင် ခွင့်လွှတ်စေချင်တယ်ဗျာ ။ မောင်ဖုန်း ရည်ညွှန်းတာက မောင်ဖုန်းရဲ့ ဘာညာသာရကာ စမူဆာ လေး ကို ပါ..။
ဟတ်ထိ ကုန်ရင်တော့ တောင်းပန်ပါတယ်..