ကဲ ဒီခေါင်းစဉ်အောက်မှာဘဲ ရေးလိုက်တယ်ဗျာ။
နံမည်ကြီး အဆိုတော်နှင့် သရုပ်ဆောင်တို့၏ အင်တာဗျူး ကျနော် များ NAKED NEWS သတင်းဌာနမှ CEO ဖြစ်သူ ကိုကြီးပြုံး ရဲ့ လမ်းညွှန် စေခိုင်းချက်အရ
ဒီညမှာတော့ လွန်စွာ ခမ်းနာပြီး ကြီးကျယ်လှသော Rock Concert ပွဲသို့ သတင်းယူရန် ရောက်ရှိလို့
နေပါတယ်။သတင်းထောက် သတင်းကြေငြာသူ အဖြစ် ကျနော် Seeker / ကင်မရာ မန်း အဖြစ် ကိုအိုင်မေး / ဘေးနားမှ ဟကောင် ဟိုကောင် နဲ့ စုံနေအောင်ပြောပြီး စီစဉ်ညွှန်ကြားနေသော ဘကြီးတုတ်
အသံဖမ်း နဲ့ ရုပ်သံ ထုတ်လွှတ်ရေး အင်ဂျင်နီယာ အဖြစ် မာယာ ရိုက်ကူးရေးယာဉ်မောင်း နဲ့ စက်အင်ဂျင်နီယာ အဖြစ် ကိုလစ်ကာ တို့နဲ့အတူ ရောက်ရှိလို့လာပါတယ်။
ဒီည မှာ ကျနော်တို့အချိန်မရှိတဲ့အတွက် တွေ့တဲ့ အဆိုတော် တွေနဲ့ သရုပ်ဆောင်တွေကိုဘဲ အင်တာဗျူးသွားမှာဖြစ်ပါတယ်။
ဟောပြောရင်း ဆိုရင်း နဲ့ တွေ့လိုက်တာကတော့ ချွေးတလုံးလုံးနဲ့ ခပ်သွက်သွက်လျှောက်လာတဲ့ အဆိုတော် ဖြူဖြူကျာ်ပိန်း ဘဲ ဖြစ်ပါတယ်။
Seeker: အမ ဖြူဖြူကျော်ပိန်းရေ ကျနော်တို့က NAKED NEWS သတင်းဌာနက ဖြစ်ပါတယ်။
ဒီညမှာ အမနဲ့ ကြုံလို့ အင်တာဗျူးလေး နဲနဲ ဗျူးချင်ပါတယ်။ အချိန်ရမလား

?
ဖြူဖြူကျော်ပိန်း: အော် ၀ုတ်ကဲ့ရပါတယ်။(အသံသြ ကြီးဖြင့်ပြန်ဖြေသည်)။ naked news ကဆိုတော့ဖြူဖြူလဲ ကြည့်ရပါတယ်။
ဖြူအရမ်းကြိုက်တာဘဲ ခစ်ခစ် ။ဒါဆိုဖြူ အ၀တ်အစားတွေအကုန် ချွတ်ထားလိုက်မယ်လေ။ ပိုပီး ပီပြင်သွားအောင်။
Seeker : ရပါတယ်။ဒီလောက်နဲ့ လုံလောက်ပါတယ်။ ကျနော်တို့သတင်းဌာနက ကျယ်တဲ့လူတွေကို မပြပါဘူးခင်ဗျာ။
ဖြူဖြူကျော်ပိန်း ဘာ....................
Seeker sorry ဒီလိုပါ။ ကျနော် ဆိုလိုတာက အသံကျယ်ပီး အောင်တဲ့သူတွေကို မပြတာကိုဆိုလိုတာပါ။ မဖြူဖြူ ဘယ်လိုကနေ ဘယ်လို အဆိုတော်ဖြစ်လာတယ်
နောက်အနာဂတ်အတွက် ဘယ်လောက်ထိရည်မှန်းထားတယ်။ နံမည်လဲ ဘာလို့ ဖြူဖြူကျော်ပိန်းပေးထားတယ် ဆိုတာလေးကိုအရင်ဆုံးပြောပြလား ခင်ဗျ။
ဖြူဖြူကျော်ပိန်း အော် ၀ုတ်ကဲ့ ဖြူက ငယ်ငယ်တုန်းက အရမ်းအော်ပီးငိုတာလေ။ ဖြဲကားပီး တော့ကိုငိုတာ။ အိမ်ကလူတွေ မခံနိုင်ဘူး။ အဲဒီတော့အိမ်က ဖြူဖြူကို ဖြဲဖြဲ ဆိုပြီး နံမည်ပြောင်ပေးတယ်။
ဖြဲဖြဲဘ၀ကနေ နောက် အပျိုဘော်ဝင်ကာစမှာ ဖြဲဖြဲ ဆိုတဲ့ နံမည်ကို မလိုချင်တော့ဘူး။ ထပ်ပီးပြောင်းချင်လာတယ်။ အဲဒီအချိန်မှာ ဖြူက အပျိုပေါက်စသာပြောတာပါ။
တော်တော် ပြဲနေပြီ
Seeker ဘာပြဲတာလဲ ခင်ဗျ
ဖြူဖြူကျော်ပိန်း (မျက်စောင်းထိုးလျှက်) အသံပြောတာ အသံ အသံ တကယ်ထဲ မပြောချင်ဘူး ထစ်ကနဲ ဆိုဒါဘဲတွေးလား မသိပါဘူး ယောက်ျားတွေများ
Seeker ဟုတ်ကဲ့ ဆက်ပြောပါ မဖြူ
ဖြူဖြူကျော်ပိန်း အဲဒီအချိန်မှာ ပေါ့နော် အပျိုပေါက်စမှာ အသံတော်တော် ပြဲနေတော့ကိုယ့်နံမည်ကို ပြဲပြဲ ဆိုပီး ကိုယ့်ဟာကို ထပ်ပေးလိုက်တယ်။ နောက်တော့ ရည်စားလဲရလာတယ်
ရည်းစားက ဖြူ့ကို အသားမဲလို့ဆိုပြီး ရမယ်ရှာပီး ထားသွားတယ်။ အမှန်တော့ စားပီး နားမလည်လုပ်တာ။ ဖြူက ဒီလောက်လဲ မဲတာမဟုတ်ပါဘူး။
ဒါပေမဲ့ အဲဒီမှာ သူ့ကိုစိတ်နာပီး အဖြူ ဖြစ်သွားအောင်ဆိုပီး ဖြူဖြူကျော်ပိန်း ဆိုပီး ပေးခဲ့တာပါ။
Seeker အော် ဟုတ်ကဲ့ မဖြူရဲ့ နံမည် history လေးကိုသိရတော့ တကယ့် classic story ပါဘဲဗျာ. သီချင်းဆိုဖြစ်ပုံလေး ပြောပြပါဦး။
ဖြူဖြူကျော်ပိန်း ဖြူက ဆေးကျောင်းသူလေ။ သိတယ်မလား ဆေးကျောင်းသူဆိုတော့ ရေချိုးရင်လဲ ကြာတယ်။ ဆေးနေရတာကိုး။ အဲဒီတော့ ဆေးရင်းနဲ့ သိချင်းကို
အားမနာပ အသံပြဲ ကြီး လျှောက်အော်ဆိုမိတယ်။ တခါတုန်းကဆို ဖြူ ရေချိုးခန်းထဲကနေ သီချင်းအော်ဆိုတာ။ ဟိုဘက်အိမ်က ဖြူ့ကို ကျေးဇူးတောင် တင်သေးတယ်။
အဖြစ်က ဒီလို။ ဟိုဘက်က ကပ်ရက် အိမ်မှာ အလည်လာလာနေတယ် ကိုဒီဗယ် ဆိုတဲ့ လူရှိသတဲ့။အဲဒီလူက အရက် အရမ်းသောက်ဆိုဘဲ။
တခါတုန်းက သူအရက်သောက်လို့ကောင်းတုန်း မူးနေတဲ့အချိန် ဖြူကလဲ ရေချိုးခန်းထဲမှာ ဆေးရင်းနဲ့ အသံပြဲနဲ့ထုံးစံအတိုင်း သီချင်းအော်ဆိုတာပေါ့။
ဘာဖြစ်တယ်မသိပါဘူး။ ဖြူ့အသံကိုလဲကြားရော အဲဒီ ကိုဒီဗယ်ဆိုတာ နောက် မလာတော့ဘူးတဲ့။ အရက်ကိုတောင် စိတ်နာသွားတယ်လို့ကြားတယ်။
အရက်သောက်တိုင်း ဖြူ့အသံကို နားထဲမှာ ကြားယောင်နေလို့ အရက်ဖြတ်လိုက်တယ်ဆိုလား ဘာလား မသိပါဘူး။ အဲဒီလိုတခါ ကြုံဘူးပါတယ်။
Seeker အော် တကယ် မှတ်သား စရာပါဘဲနော်။ မဖြူက တကယ်ကိုအဆိုမှာ genius လို့ပြောလိုရတယ်ပေါ့နော်။
ဖြူဖြူကျော်ပိန်း ခစ်ခစ် ဒါက အသေးအဖွဲဘဲ ရှိသေးတယ်။ ဖြူ့အသံကို ကြားလို့ ဖြူနဲ့ဝေးတဲ့ နေရာမှာ ရောက်နေတဲ့တနှစ်ထဲ တက်ခဲ့တဲ့ ဆေးကျောင်းသားတွေ တပုံကြီး
တချို့ ဥရောပတွေမှာ တချို့ အမေရိက တွေဘက်ထိတောင် ထွက်ပြေးကြရရှာတယ်။ ဖြူ့အသံနဲ့ ဝေးရမှာ နေမှ ဖြစ်မယ်ဆိုတဲ့ ဆေးကျောင်းသားတွေလေ။
အခုလောက်ဆိုရင် ဒေါက်တာတွေ ဘာတွေ ဖြစ်နေလောက်ရောပေါ့။
ဥပမာ ပြောရရင် ရှင်တို့ သိနေတဲ့ နံမည်ကြီး ဒေါက်တာလမ်းမတော်သား ဆိုတာ ကိုကြည့်လေ။ သူဆိုဖြူ့အသံကို အရမ်းကြောက်လွန်း လို့
မြန်မာပြည်မှာတောင် မနေရှာဘူး။ တခါတလေ သတိရပါတယ် ကျောင်းတက်ခဲ့ရတဲ့ နေ့ရက်တွေကို....................
Seeker ဟုတ်ကဲ့ စကားစဖြတ်တယ်လိုတော့ မထင်ပါနဲ့။ သီချင်းဆိုတော့ ဘယ်လို mood နဲ့ဆိုတယ် ဘယ်လို ပညာ နဲ့ဆိုတယ် ဆိုတာပါ ပြောပြပါလား ခင်ဗျ။
ဖြူဖြူကျော်ပိန်း အော် ၀ုတ် ဒီလိုလေ ဖြူ့အသံက ..........................
(ဆက်ပါဦးမည်။ အဆင်ပြေမည့် နေရာမှာ ထားပေးဘို့ moderator အား ဒီနေရာကနေပီး တောင်းဆိုလိုက်ပါတယ်ခင်ဗျား။)