Author Topic: အချစ်တက္ကသိုလ်ကြေငြာစာတမ်း ၁/၂၀၁၁  (Read 13397 times)

0 Members and 4 Guests are viewing this topic.

Prof:SatePhwarr

  • Guest
အချစ်တက္ကသိုလ်မှ မန်ဘာများ၏ တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်မှုအတွက် အမှတ်ပေးစနစ်နှင့် မန်ဘာအဆင့်များကို ခွဲခြားသိရှိနိုင်ရန် ကြေငြာအပ်ပါသည်


Respect Point (Vote) ရမှတ်

Respect Point အမှတ်သည် တက္ကသိုလ်မန်ဘာတိုင်း ပေးပိုင်ခွင့်ရှိသည်။ မိမိနှစ်သက်သဘောကျသောပိုစ်အား အပေါင်းပေးနိုင်ပြီး မနှစ်သက်သော ပိုစ်အား အနှုတ်ပေးနိုင်သည်။ မိမိပေးသည်ကို မည်သူမျှမသိနိုင်သောကြောင့် လွတ်လပ်စွာပေးပိုင်ခွင့်ရှိသည်။ ၄င်း Respect point ဖြင့်အတန်းတက်သည်။



အဆင့်များအနေဖြင့်


သာမန်ကျောင်းသား

Register လုပ်ပြီးပါက ပထမဆုံးရရှိမည့် အဆင့်ဖြစ်သည်။


ကျောင်းသား

မန်ဘာအများစုကြိုက်နှစ်သက်မှုကြောင့် Respect Points 500 ရရှိခြင်း သို့မဟုတ် ပိုစ် ၅၀၀ ပြည့်ခြင်းတို့ကြောင့် ရောက်ရှိလာသော အဆင့်ဖြစ်သည်။ ဤအဆင့်မှစ၍ တက္ကသိုလ်အတွင်းရှိ သီးသန့်အခန်းတို့ကို စတင်ကြည့်ရှုနိုင်မည်ဖြစ်သည်။


စီနီယာ

မန်ဘာအများကြိုက်နှစ်သက်မှုကြောင့် Respect Points 1000 ပြည့်သွားသောအဆင့်ဖြစ်သည်။ ဤအဆင့်တွင်လည်း တက္ကသိုလ်အတွင်းရှိ သီးသန့်အခန်းတို့ကို ကြည့်ရှုနိုင်မည်ဖြစ်သည်။


ဂုဏ်ထူးတန်း

မန်ဘာအများကြိုက်နှစ်သက်မှုကြောင့် Respect Points 5000 ပြည့်သွားသောအဆင့်ဖြစ်သည်။ ဤအဆင့်တွင် တက္ကသိုလ်အတွင်းရှိ မန်ဘာများအား ဂုဏ်ထူးဆောင်ရမှတ်ကို စတင်ပေးနိုင်သော အဆင့်ဖြစ်သည်။


ဘွဲ့ရ

မန်ဘာအများကြိုက်နှစ်သက်မှုကြောင့် Respect Points 10000 ပြည့်သွားသောအဆင့်ဖြစ်သည်။ ဤအဆင့်တွင်လည်း တက္ကသိုလ်အတွင်းရှိ မန်ဘာများအား ဂုဏ်ထူးဆောင်ရမှတ်ကို ပေးနိုင်သော အဆင့်ဖြစ်သည်။ ပိုမိုထူးခြားသော လုပ်ဆောင်ချက်များရရှိမည်ဖြစ်သည်။


မဟာတန်း

မန်ဘာအများကြိုက်နှစ်သက်မှုကြောင့် Respect Points 25000 ပြည့်သွားသောအဆင့်ဖြစ်သည်။ ဤအဆင့်တွင်လည်း တက္ကသိုလ်အတွင်းရှိ မန်ဘာများအား ဂုဏ်ထူးဆောင်ရမှတ်ကို ပေးနိုင်သော အဆင့်ဖြစ်သည်။ ပိုမိုထူးခြားသော လုပ်ဆောင်ချက်များရရှိမည်ဖြစ်သည်။


မဟာဘွဲ့ရ

မန်ဘာအများကြိုက်နှစ်သက်မှုကြောင့် Respect Points 50000 ပြည့်သွားသောအဆင့်ဖြစ်သည်။ ဤအဆင့်တွင်လည်း တက္ကသိုလ်အတွင်းရှိ မန်ဘာများအား ဂုဏ်ထူးဆောင်ရမှတ်ကို ပေးနိုင်သော အဆင့်ဖြစ်သည်။ ပိုမိုထူးခြားသော လုပ်ဆောင်ချက်များရရှိမည်ဖြစ်သည်။


ဒေါက်တာ

မန်ဘာအများကြိုက်နှစ်သက်မှုကြောင့် Respect Points 100000 ပြည့်သွားသောအဆင့်ဖြစ်သည်။ ဤအဆင့်တွင်လည်း တက္ကသိုလ်အတွင်းရှိ မန်ဘာများအား ဂုဏ်ထူးဆောင်ရမှတ်ကို ပေးနိုင်သော အဆင့်ဖြစ်သည်။ ပိုမိုထူးခြားသော လုပ်ဆောင်ချက်များရရှိမည်ဖြစ်သည်။


 
အုပ်ချုပ်ရေးအဖွဲ့ (ကိုယ်စား)
ဘဂျီးတုပ်
မော်ကွန်းထိန်း
အချစ်တက္ကသိုလ်
« Last Edit: April 05, 2012, 05:16:44 PM by imail »

Prof:SatePhwarr

  • Guest
ကြေငြာချက် အမှတ် ၁/၂၀၁၂
« Reply #1 on: May 05, 2011, 06:14:08 PM »
အချစ်တက္ကသိုလ်၏ အုပ်ချုပ်ရေးအဖွဲ့အား အောက်ပါမန်ဘာများအား  ခန့်အပ်၍ ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်သည်

Administrator

(၁) လစ်ကာ @ Licker
(၂) အိုင်မေး @ Imail
(၃) ပရော်ဖက်ဆာဆိတ်ဖွား@ Prof:SatePhwarr


မော်ကွန်းထိန်း

(၁)ကိုရင်ပြုံး


ကထိက

(၁)မင်းသွေး


ဌာနမှူး

(၁)ဂိဂိ
(၁)ကိုကိုကြီး



အုပ်ချုပ်ရေးအဖွဲ့ (ကိုယ်စား)
ပရော်ဖက်ဆာဆိတ်ဖွား

« Last Edit: April 05, 2012, 05:21:32 PM by imail »

Prof:SatePhwarr

  • Guest
၂/၂၀၀၂ နောက်ဆက်တွဲ(က)

ဌာနမှူး

(၁)Eros
(၂)zawye



မော်ကွန်းထိန်း  ဘဂျီးတုပ် အား ယနေ့မှစတင်၍ မော်ကွန်းထိန်းတာဝန်မှ အနားယူခွင့်ပြုလိုက်သည်။

ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား
အုပ်ချုပ်ရေးအဖွဲ့
အချစ်တက္ကသိုလ်
« Last Edit: April 05, 2012, 05:23:11 PM by imail »

ကိုရင်ပြုံး

  • မော်ကွန်းထိန်း
  • အချစ်တက္ကသိုလ်
  • *****
  • Posts: 4256
06 May 2011 နေ့  မှ စ၍ ကျွန်ုပ် ကိုရင်ပြုံးမှ မော်ကွန်းထိန်း တာဝန် အ၀၀ ကို လွှဲပြောင်းတာဝန်ယူ လိုက်ပြီ ဖြစ်ကြောင်း အမောင်ကျောင်းတော်သား အပေါင်းတို့  အား သိစေအပ်သည် ။

ပုံ
ကိုရင်ပြုံး (မော်ကွန်းထိန်း)
အုပ်ချုပ်ရေးကော်မတီအဖွဲ့ 
အချစ်တက္ကသိုလ်
« Last Edit: May 16, 2011, 10:04:59 PM by ကိုရင်ပြုံး »

ကိုရင်ပြုံး

  • မော်ကွန်းထိန်း
  • အချစ်တက္ကသိုလ်
  • *****
  • Posts: 4256
အရှိန်အဟုန်ဖြင့် ရှေ့ ခရီးဆက်နေသော အချစ်တက္ကသိုလ် အုပ်ချုပ်ရေးကော်မတီ အား အင်အားဖြည့်သည့် အနေဖြင့် အောက်ပါကော်မတီအဖွဲ့ ဝင်များဖြင့် တိုးချဲ့ ဖွဲစည်းလိုက်သည် ။ အချစ်တက္ကသိုလ် အပေါ် သံယောဇဉ်ကြီးမားစွာဖြင့် အားပေးကူညီ ကြသော ကျောင်းတော်သူ ကျောင်းတော်သား အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် ။

Administrator
deedthar      
moeset      
Prof:ဆိတ်ဖွား         
imail      
licker
      

မော်ကွန်းထိန်း
ကိုရင်ပြုံး      

ကထိက
minthowae   

လ/ထ ကထိက
sayama

ဌာနမှူး      
ဘဂျီးတုတ်
Eros      
ဂိ ဂိ      
zawye      
drlanmadawthar   
Seeker      
longhairlover   
jayjay      
kokogyie      
devil11      
DETONATOR   
werewolf87
tunaye2011
   


(အချစ်တက္ကသိုလ် အုပ်ချုပ်ရေးကော်မတီ ကိုယ်စား)
ကိုရင်ပြုံး
မော်ကွန်းထိန်း
« Last Edit: May 16, 2011, 09:07:09 PM by imail »

deedthar

  • Guest
အချစ်တက္ကသိုလ် ၏ မန်ဘာဦးရေ တိုးတက်လာမှု အခြေအနေကြောင့် ၊ ကျောင်းအတွင်း လယ်ပယ်အဆင့်များ ကို ပြန်လည် ပြုပြင်မှု ၊ လုပ်ရန်လိုအပ်ပါသဖြင့် အက်ဒမင်အဖွဲ့ မှ အောက်ပါ အတိုင်း ပြုလုပ်ရန်၊ သဘောတူ ဆုံးဖြတ်ခဲ့ကြပါသည်။

၁) စုစုပေါင်း ပို့စ် ၅၀ ပြည့် သွားသော မန်ဘာများကို ကျောင်းသား အဆင့် ဖြင့် သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊
၂) လက်ရှိကျောင်းသားဖြစ်ပြီး သူများနှင့် Respect Points 500 နှင့် အထက်ရသူများ အား ကျောင်းသားကြီး လယ်ပယ် အဆင့် သတ်မှတ်ပေးသွားမည်၊ ဖြစ်ကြောင်း၊

လက်ရှိ လယ်ပယ်အဆင့် ပြောင်းခြင်း၊ ၀င်ခွင့်ရမည့် အခန်းများပြောင်းလဲ ခြင်းများကို၊ အက်ဒမင်များမအားသည့် ကြားမှ လုပ်ပေးနေကြသည်ဖြစ်သောကြောင့်၊ လောလောဆယ်တွင် အဆင်မပြေမှုများကို ခေတ္တ သည်းညည်းခံ ၍ စောင့်ပေးကြစေလိုပါသည်။

ဒိသာ
တက္ကသိုလ် အုပ်ချူပ်ရေးအဖွဲ့ ကိုယ်စား၊

« Last Edit: February 08, 2012, 11:25:14 AM by imail »

ကိုရင်ပြုံး

  • မော်ကွန်းထိန်း
  • အချစ်တက္ကသိုလ်
  • *****
  • Posts: 4256
အချစ်တက္ကသိုလ် မှ ပြောင်းလဲသတ်မှတ်လိုက်သော ကျောင်းသားမန်ဘာတို့ ၏ အဆင့်လယ်ဘယ် နှင့်လိုက်လျှောညီမျှမှု့  ရှိစေရန် ကျောင်းသူမန်ဘာ တို့  ၏ လယ်ဘယ်အဆင့်အတန်းကို အောက်ပါ အတိုင်း သတ်မှတ်ပြဌာန်းလိုက်သည် ။

ကျောင်းသူ ။    ။ ကော်မတီဝင် သို့ မဟုတ် အက်ဒမင် တစ်ဦးဦးမှ မိန်းကလေးဖြစ်ကြောင်း အတည်ပြုချက် ပြနိုင်သော မန်ဘာ အား ကျောင်းသူ အဆင့်သို့  သတ်မှတ်မည်ဖြစ်သည် ။ ဤအဆင့်မှစ၍  ကျောင်းသူ သီးသန့်  အခန်း သို့  ၀င်ရောက် နိုင်မည်ဖြစ်သည် ။

ကျောင်းသူမမ ။    ။ မန်ဘာအများစုကြိုက်နှစ်သက်မှုကြောင့် Respect Points 500 ရရှိခြင်း ကြောင့် ရောက်ရှိလာသော အဆင့်ဖြစ်သည်။ ကျောင်းသားကြီး အဆင့်နှင့်လယ်ဘယ်တူညီပြီး တက္ကသိုလ်အတွင်းရှိ သီးသန့်အခန်းတို့ကို စတင်ကြည့်ရှုနိုင်မည်ဖြစ်သည် ။

စီနီယာမမ ။     ။ မန်ဘာအများကြိုက်နှစ်သက်မှုကြောင့် Respect Points 1000 ပြည့်သွားသောအဆင့်ဖြစ်သည်။ ဤအဆင့်တွင်လည်း တက္ကသိုလ်အတွင်းရှိ စီနီယာသီးသန့်အခန်းတို့ကို ကြည့်ရှုနိုင်မည်ဖြစ်သည်။

ဂုဏ်ထူးတန်းမမ ။     ။ မန်ဘာအများကြိုက်နှစ်သက်မှုကြောင့် Respect Points 5000 ပြည့်သွားသောအဆင့်ဖြစ်သည်။ ဤအဆင့်တွင် တက္ကသိုလ်အတွင်းရှိ မန်ဘာများအား ဂုဏ်ထူးဆောင်ရမှတ်ကို စတင်ပေးနိုင်သော အဆင့်ဖြစ်သည်။

ဘွဲ့ရ။  ။ မန်ဘာအများကြိုက်နှစ်သက်မှုကြောင့် Respect Points 10000 ပြည့်သွားသောအဆင့်ဖြစ်သည်။ ဤအဆင့်တွင်လည်း တက္ကသိုလ်အတွင်းရှိ မန်ဘာများအား ဂုဏ်ထူးဆောင်ရမှတ်ကို ပေးနိုင်သော အဆင့်ဖြစ်သည်။ ပိုမိုထူးခြားသော လုပ်ဆောင်ချက်များရရှိမည်ဖြစ်သည်။

မဟာတန်း။  ။ မန်ဘာအများကြိုက်နှစ်သက်မှုကြောင့် Respect Points 25000 ပြည့်သွားသောအဆင့်ဖြစ်သည်။ ဤအဆင့်တွင်လည်း တက္ကသိုလ်အတွင်းရှိ မန်ဘာများအား ဂုဏ်ထူးဆောင်ရမှတ်ကို ပေးနိုင်သော အဆင့်ဖြစ်သည်။ ပိုမိုထူးခြားသော လုပ်ဆောင်ချက်များရရှိမည်ဖြစ်သည်။

မဟာဘွဲ့ရ။  ။မန်ဘာအများကြိုက်နှစ်သက်မှုကြောင့် Respect Points 50000 ပြည့်သွားသောအဆင့်ဖြစ်သည်။ ဤအဆင့်တွင်လည်း တက္ကသိုလ်အတွင်းရှိ မန်ဘာများအား ဂုဏ်ထူးဆောင်ရမှတ်ကို ပေးနိုင်သော အဆင့်ဖြစ်သည်။ ပိုမိုထူးခြားသော လုပ်ဆောင်ချက်များရရှိမည်ဖြစ်သည်။

ဒေါက်တာ။  ။ မန်ဘာအများကြိုက်နှစ်သက်မှုကြောင့် Respect Points 100000 ပြည့်သွားသောအဆင့်ဖြစ်သည်။ ဤအဆင့်တွင်လည်း တက္ကသိုလ်အတွင်းရှိ မန်ဘာများအား ဂုဏ်ထူးဆောင်ရမှတ်ကို ပေးနိုင်သော အဆင့်ဖြစ်သည်။ ပိုမိုထူးခြားသော လုပ်ဆောင်ချက်များရရှိမည်ဖြစ်သည်။

အခါအားလျှော်စွာ အချစ်တက္ကသိုလ်တွင် တက်ကြွစွာပါဝင်လှုပ်ရှားသော ကျောင်းသူများအတွင်းမှ ဆရာမလယ်ဘယ်နှင့် ဌာနမှူးလယ်ဘယ်များကို လိုအပ် လာပါက အက်ဒမင် နှင့် ကော်မတီဝင်များမှ လျှို့ ဝီက်မဲစနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာ အပ်သည် ။

ကိုရင်ပြုံး
မော်ကွန်းထိန်း
အချစ်တက္ကသိုလ် အုပ်ချုပ်မှု့ ကော်မတီ


« Last Edit: November 23, 2011, 09:14:18 AM by KoyinPyone »

ကိုရင်ပြုံး

  • မော်ကွန်းထိန်း
  • အချစ်တက္ကသိုလ်
  • *****
  • Posts: 4256
အချစ်တက္ကသိုလ်မှ ပူးပေါင်းပါဝင်ကြသော မန်ဘာများ အား အသိမှတ်ပြုသည့် အနေဖြင့် ပိုစ့် အရေတွက် ၅၀ ရှိပါက ကျောင်းသား အဆင့်သို့  တိုးမြှင့်ပေးခဲပါသည် ။ သို့ သော် အချို့ သော ပိုစ့်များမှာ အရည်တွက် ပြည့်လျှင်ပြီးရော ဆိုသလို ဖြစ်ကတတ်ဆန်း ပိုစ့်များ ၊ အခြားမန်ဘာ တို့  အတွက် စိတ်အနှောက်ယှက်ဖြစ်စေသော ပိုစ့်များ ၊ အရည်သွေးမရှိသော ပို့ စ် များကို တွေ့ နေရပါသည် ။ ထို့  ကြောင့် ပိုစ့် အရေတွက် ၅၀ ပြည့် သော်လည်း Respect point ( - ၅၀ ) အထိ ကျဆင်း နေသော မည်သည့်မန်ဘာကို မဆို လယ်ဘယ် တစ်ဆင့် ချ သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည် ။

ကိုရင်ပြုံး
မော်ကွန်းထိန်း
အချစ်တက္ကသိုလ်

ကိုရင်ပြုံး

  • မော်ကွန်းထိန်း
  • အချစ်တက္ကသိုလ်
  • *****
  • Posts: 4256
အချစ်တက္ကသိုလ် မှ သတ်မှတ်ထားသော ကျောင်းသားအဆင့် စီနီယာတန်း ( Respect 1000 ) နှင့် ဂုဏ်ထူးတန်း ( Respect 5000 ) အကြား ကွာခြားမှု့  ကို ညှိသည့် အနေဖြင့် ( Respect point 2500 ) ရရှိသော ကျောင်းသားများ အတွက် ကောလိပ်ဂျင် အဆင့် ကို စတင်ဖွင့်လှစ်ပေးလိုက်သည် ။ ထို အဆင့် ရရှိသော ကျောင်းသားများ အနေဖြင့် အဆင့် နှင့် ညီမျှသော အခန်းများသို့  ၀င်ရောက်နိုင်မည် ဖြစ်သည် ။

ကိုရင်ပြုံး
မော်ကွန်းထိန်း
အချစ်တက္ကသိုလ်

deedthar

  • Guest
အချို့သော မန်ဘာများကမြန်မာယဉ်ကျေးမှု နူင့် မဆီလျှော် ဟု ကျောင်းတွင်း အငြင်းပွားစရာ၊ အမြင်မကြည်စရာ၊   များ ဖြစ်စေနိုင်သည့်၊ ပို့စ်များ၊ ဇာတ်လမ်း၊ ဓါတ်ပုံ၊ မူဗီ များကို ကျနော်တို့ သီးသန့်အခန်းတခု ခွဲထားပြီး စမ်းသပ်နေပါသည်၊ ယခုအချိန်မှာ ပို့စ်များ မရှိသေးသော်လည်း၊နောင်အခါကျလျှင် ရှိလာမည်ဖြစ်ပါသည်၊ ဝင်ရောက်ကြည့်ရူချင်သော မန်ဘာများ ကိုယ့်သဘောနူင့်ကိုယ် ဝင်ရောက်၊ ပို့စ်တင် ဆွေးနွေး မှုများ ပြုလုပ်နိုင်ကြပါသသည်၊

ဥပဒေနူင့်မလွတ်ကင်းသေား ခလေးပွန် များကိုတော့လက်မခံမပါ၊ အထူးသတိထားရှောင်ရှားပေးစေလိုပါသည်။ အသက် အရွယ်မှာ တနိုင်ငံနူင့်တနိုင်ငံ အရွယ်ရောက်သတ်မှတ်ခြင်းမတူညီပါသဖြင့် မိမိ နိုင်ငံတွင် တရားဝင်သော်လည်း နိုင်ငံတကာတွင် တရားမဝင်ပါသဖြင့် ၁၈နူစ်ထက် ငယ်ပါက အသက်ကို ကွက်လပ်ချန်ပြီးလည်းကောင်း၊ တိုက်ရိုက် မဖေါ်ပြပဲ လည်းကောင်း၊ ရေးသားလို့ ရပါသည်။

မည်သို့ပင် ဖြစ်စေ၊ မန်ဘာ တဦးထက် မက က ကန့်ကွက်တိုင်ကြားစာပို့လာပါက ၊ ထိုပို့စ်များကို ကျောင်းအုပ်ချူပ်သူများမှ၊ စိစစ်ပြီး လိုအပ်လျှင် အမှိုက်ပုံးထဲ ပို့ ပစ်မည်ဖြစ်ကြောင်း၊သိစေအပ်ပါသည်၊

ထိုအခန်းဝင်ခွင့်ပတ်စ်ဝပ်မှာ  Iwanttoread  ဖြစ်ပါသည်၊

ဒိဿာ
အချစ်တက္ကသိုလ် အုပ်ချူပ်ရေးအဖွဲ့


ကိုရင်ပြုံး

  • မော်ကွန်းထိန်း
  • အချစ်တက္ကသိုလ်
  • *****
  • Posts: 4256

အချစ်တက္ကသိုလ်  စာမကျေသူများအတွက် ကျူရှင် (categories)  အောက်ရှိ
မရှက်တမ်းမေးမယ်(ဆေးပညာနဲ့မဆိုင်သော) ( http://achittatkatho.net/index.php/board,52.0.html ) နှင့်
ကျောင်းသူတွေ အကြောင်း စီနီယာမမ ကိုမေးမယ် ( http://achittatkatho.net/index.php/board,53.0.html )
boards များ ကို မော်နီတာ (Moderator) အဖြစ် စီနီယာကျောင်းသူ  hotsexygirl အား တာဝန်ပေး ခန့်  အပ် လိုက်သည် ။

ကိုရင်ပြုံး
မော်ကွန်းထိန်း
အချစ်တက္ကသိုလ်

deedthar

  • Guest
ကြေငြာချက် အမှတ် 5/2011
« Reply #11 on: October 10, 2011, 09:01:28 PM »
ကြေငြာချက် အမှတ် 5/2011

အချစ်တက္ကသိုလ် ကျောင်းတွင်းမန်ဘာများ အချင်းချင်း ချစ်ခင်ရင်းနှီးမှုများ ကို အားပေးပါသည်
တစ်ယောက်နှင့် တစ်ယောက် မထိခလုပ်ထိခလုပ် နောက်ပြောင် ကြည့်စယ်မှုများကို စန်းစန်းတင့် မဖြစ်ခြင်း များကို အားပေးပါသည်၊
အချစ်တက္ကသိုလ် အတွင်း မန်ဘာအချင်းချင်း ရိုင်းပြစွာဆဲဆိုခြင်း၊ ရိုင်းပြသော အရေးအသားများဖြင့် ဆက်ဆံခြင်း၊ စသည်တို့ကို အထူးကန့်ကွက်ပါသည်၊ ပြင်းထန်စွာလည်း အရေးယူမည်ဖြစ်ပါသည်၊

သို့ရာတွင်
၁) မန်ဘာ အချင်းချင်းသော်လည်းကောင်း၊
၂) အက်ဒမင်၊ အပါအ၀င်၊ မော်နီတာ၊ ဌာနမှုး အစရှိသည့် တက္ကသိုလ် အုပ်ချူပ်ရေးအဖွဲ့ ၀င်များ အချင်းချင်း သော်လည်းကောင်း၊
၃) အက်ဒမင်၊ အပါအ၀င်၊ မော်နီတာ၊ ဌာနမှုး အစရှိသည့် တက္ကသိုလ် အုပ်ချူပ်ရေးအဖွဲ့ ၀င်များနှင့် မန်ဘာများ သော်လည်းကောင်း၊

 အချစ်တက္ကသိုလ်၏ ပြင်ပတွင် ဆက်ဆံကြသည့် ကိစ္စများ၊ ကိုယ်ပိုင် ဂျီတော့၊ အီးမေး၊ စကိုက်၊ တယ်လီဖုန်း၊ ဗီဇီယို အစရှိသည်တို့အပြင် လူကိုယ်တိုင်သော်လည်းကောင်း၊ တွေ့ဆုံခြင်း၊ ပြောဆိုခြင်း၊ အစရှိသည်တို့များကို
မိမိတို့၏ အသိညဏ်၊ အဆင်ခြင်၊ အတွေ့အကြုံများပေါ် အခြေခံ၍သာ ပြုလုပ်ကြစေလိုပါသည်။ ထိုကဲ့သို့ ပြင်ပတွင် ဖြစ်ပျက်မှုများသည်၊ အချစ်တက္ကသိုလ်နှင့် အုပ်ချုပ်သူများ၏တာဝန် လုံးဝ မဟုတ်သည့်အပြင်၊ တိုင်ကြား မှုများရှိလာပါကလည်း၊ မည်သို့မျှ အရေးယူဆောင်ရွက်ပေးနိုင်မည်မဟုတ်ကြောင်း၊ မန်ဘာများ သိသာစေရန် ကြေငြာအပ်ပါသည်၊

ဒိဿာ
အချစ်တက္ကသိုလ် အုပ်ချူပ်ရေးအဖွဲ့ ကိုယ်စား
« Last Edit: April 05, 2012, 05:24:50 PM by imail »

ကိုရင်ပြုံး

  • မော်ကွန်းထိန်း
  • အချစ်တက္ကသိုလ်
  • *****
  • Posts: 4256
ကြေညာချက် အမှတ် ၆/၂၀၁၁
« Reply #12 on: October 27, 2011, 03:25:41 PM »
အချစ်တက္ကသိုလ် အတွင်း အချို့  သော မန်ဘာ တို့  ပေးထားသည် အမည် များမှာ မန်ဘာ အချင်းချင်း သော် ၄င်း ၊ ကျောင်းသူ မန်ဘာ များမှ သော် ၄င်း ခေါ်ဆိုရန် မသင့်တော် သည် ကို တွေ့ နေ ရ ပါသည် ( ဥပမာ Leegyeekaung ) ။ ထို Display name ပိုင်ရှင်များ သည်  ၂၀၁၁ နိုဝင်ဘာ ၁ ရက်နေ့  နောက်ဆုံးထားပြီး မိမိတို့  ၏ အမည်များကို ပြောင်းလဲ ပေးပါရန် နှင့် မပြောင်းခဲ့ ပါ က ရက်ဂျစ်စတာ လုပ် ထားသည့် email ပေါ် အခြေခံပြီး အက်ဒမင် အဖွဲ့ မှ ပြောင်း ပေးသွားမည် ဖြစ် ကြောင်း ကြေညာ အပ်ပါသည် ။

ကိုရင်ပြုံး
မော်ကွန်းထိန်း
အချစ်တက္ကသိုလ်

« Last Edit: April 05, 2012, 05:25:15 PM by imail »

ကိုရင်ပြုံး

  • မော်ကွန်းထိန်း
  • အချစ်တက္ကသိုလ်
  • *****
  • Posts: 4256
အထူးကြေညာချက် အမှတ် ၇/၂၀၁၁
« Reply #13 on: October 31, 2011, 01:32:44 AM »
အချစ်တက္ကသိုလ်အတွင်း ကျောင်းသူအဆင့်မန်ဘာများကို မိန်းကလေး စစ်မှန်ကြောင်း သေချာ စီစစ်ပြီးမှ ပေးအပ်ခဲ့ ခြင်း ဖြစ်ပါသည် ။ ထို့ ကြောင့် ကျောင်းသူများ အနေနှင့်လည်း မိမိတို့ရရှိထားသည့် ကျောင်းသူ အဆင့်ကို တန်ဖိုးထားရန် လိုအပ်ပါသည်။ ကျောင်းသူ မန်ဘာအဆင့်တွင် သာမန် မန်ဘာများ မမြင်နိုင်သည့် ကျောင်းသူ သီးသန့် အခန်းများလည်း ပါရှိနေပါသဖြင့် ကျောင်းသူတို့ အနေဖြင့် မိမိတို့အကောင့်များကို အခြားသူ တစ်စုံတစ်ဦးနှင့် ခွဲဝေသုံးစွဲခွင့်မရှိပါ။ အကယ်၍ အကောင့်ခွဲဝေသုံးစွဲကြောင်း စစ်ဆေးသိရှိပါက
( ၁ ) လက်ရှိသုံးစွဲနေသော အကောင့်စကားဝှက် (Password) အား အက်ဒမင် အဖွဲ့ မှ ယာယီစကားဝှက် တစ်ခု နှင့်ပြောင်းလဲပြီး အကောင့်ကို ယာယီထိမ်းသိမ်းထားမည်ဖြစ်သည်။ (ကျောင်းသူသော်လည်းကောင်း၊ ခွဲဝေသုံးစွဲသူ သော်လည်းကောင်း ထိုအချိန်တွင် ကျောင်းအတွင်းသို့  ကျောင်းသူ၏အကောင့်နှင့် ၀င်ခွင့်ရမည်မဟုတ်ပါ)
( ၂ ) အကောင့်အား ကျောင်းသူမန်ဘာအဆင့်မှ နှစ်ပါတ် ယာယီအဆင့်ချထားမည် ဖြစ်သည်။
( ၃ ) ထို နှစ်ပါတ်တာကာလအတွင်း ကျောင်းသူမှ မည်သည့်အကြောင်းကြောင့် အကောင့်ကို ခွဲဝေသုံးစွဲခဲ့ရ ကြောင်း(သို့မဟုတ်) ဖြစ်ပေါ်နေသော အခက်အခဲကို အချစ်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ မှ လက်ခံနိုင်မည့် ရှင်းလင်းချက်တစ်ခု ပေးရမည်။
( ၄ ) အချစ်တက္ကသိုလ်အုပ်ချုပ်ရေးကော်မတီမှ လက်ခံနိုင်သည့် ဖြေရှင်းချက်ရမှသာ ကျောင်းသူအကောင့်ကို ပြန်လည် အဆင့်တိုးမြှင့် ဖွင့်ပေးမည်ဖြစ်ပါသည်။

ယခုကဲ့သို့စီစဉ်ရခြင်းမှာ အခြားသောကျောင်းသူ မန်ဘာများ၏ လုံခြုံရေးအတွက်ဖြစ်ကြောင်း နားလည် ပေးစေချင်ပါသည်။

အချစ်တက္ကသိုလ် အုပ်ချုပ်ရေးကော်မတီ ကိုယ်စား
ကိုရင်ပြုံး
မော်ကွန်းထိန်း


ကိုရင်ပြုံး

  • မော်ကွန်းထိန်း
  • အချစ်တက္ကသိုလ်
  • *****
  • Posts: 4256
အထူးကြေညာချက် အမှတ် ၈/၂၀၁၁
« Reply #14 on: December 15, 2011, 02:48:55 AM »
အောက်တန်းကျစွာ တိုက်ခိုက်မှုအား အချစ်တက္ကသိုလ်မှ ပြင်းထန်စွာ ရှုံ့ ချ ခြင်း

ဒီဇင်ဘာ ၁၁ ရက် မြန်မာစံတော်ချိန် ၁၀ နာရီ ၀န်းကျင်ခန့်တွင် minnkhamg@gmail.com ဆိုသည့် gmail ပိုင်ရှင်တစ်ဦးမှ အချစ်တက္ကသိုလ်ပိုင် rec.achittatkatho@gmail.com အကောင့်အား အဆင့်မရှိသည့် နည်းလမ်းကို အသုံးပြုကာ ခိုးယူခဲ့ပါသည်။ အကောင့်အား ခိုးယူပြီးနောက် password ၊ recover mail နှင့် security question တို့ ကို ပြောင်းလဲခဲ့သည့်အပြင် minnkhamg@gmail.com သို့ forword mail လုပ်ပြီး This account was Hacked by Hacker Group ဆိုသော status ကိုတင်ပြီး  အချစ်တက္ကသိုလ်အား တိုက်ခိုက်ရန် ကြံစည်ခဲ့သည်။ သို့ သော်လည်း မအောင်မြင်ဘဲ အချစ်တက္ကသိုလ်မှ ထို အကောင့်ကို အချိန်မှီ ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ ထိုအဖြစ်ပျက်ဖြစ်ပွားပီး မကြာခင်မှာပင် ညမင်းသားဆိုဒ်မှ အက်ဒမင်ဟောင်းတစ်ဦးဖြစ်သော  jitpasekounglay ( jitpasekounglay@gmail.com ) မှ အချစ်တက္ကသိုလ်ချက်ခန်းအတွင်း အက်ဒမင်ကိုရင်ပြုံးအား အချစ်တက္ကသိုလ် တိုက်ခိုက်ခြင်းခံ နေရပြီဖြစ်ကြောင်း၊ ၄င်းအနေနှင့်ကူညီလိုကြောင်း၊ ဂျီမေလ်းနှင့် စကားပြောရန် minnkhamg@gmail.com အကောင့်အား add ပေးစေချင်ကြောင်း၊ ထို minnkhamg@gmail.com ဆိုသူမှာ ၄င်း၏ အကို security admin ဖြစ်ပြီး DDoS နှင့်တိုက်ခိုက်လာပါက မည်သို့ ကာကွယ်ရမည်ကို ပြောပြမည်ဖြစ်ကြောင်းများ လာရောက်ပြောဆိုပါသည်။
ဂျစ်ပစီကောင်လေးနှင့်ပြောဆိုထားသည်များကို အောက်တွင် chat log ကူးပြီး တင်ပြထားပါသည် ။


[spoiler](2011.12.10 - 22:29:12) jitpasekounglay: hi admin ရှိလား
(2011.12.10 - 22:29:27) jitpasekounglay: မင်းတို့ အချစ်တတ်ကသိုလ်ဟက်ခံထားရတယ်
(2011.12.10 - 22:43:44) jitpasekounglay: ကိုရင်ပြုံိးု့
(2011.12.10 - 22:43:53) jitpasekounglay: ကျနော်နဲ့ private ထဲမှာပြောမယ်
(2011.12.10 - 22:43:53) jitpasekounglay: eamil ပို့လိုက်
(2011.12.10 - 22:45:10) jitpasekounglay: (whispers to ကိုရင်ပြုံး) email နဲ့ပြောရအောင်..အရေးကြီးတယ်ဆို်ဒ်အတိုက်ခံနေရပီ
(2011.12.10 - 22:47:31) ကိုရင်ပြုံး: (whispers to jitpasekounglay) ဘယ်သူ လဲ
(2011.12.10 - 22:49:18) ကိုရင်ပြုံး: (whispers to jitpasekounglay) ဆိုဒ် အတိုက်ခံ ရတယ် လို့  ဘယ်လို လုပ် သိလဲ ဗျ
(2011.12.10 - 22:50:02) jitpasekounglay: (whispers to ကိုရင်ပြုံး) reg.achitatkatho ကိုဟက်ထားတယ်
(2011.12.10 - 22:50:30) ကိုရင်ပြုံး: (whispers to jitpasekounglay) ဟုတ်တယ် .. အဲဒါ ကြောင့် နောက် အကောင့်တစ်ခု ထပ် လုပ် ထားပါတယ် ..
(2011.12.10 - 22:51:13) jitpasekounglay: (whispers to ကိုရင်ပြုံး) အခုသူတို့ဆိုဒ်ကိုတိုက်မယ်ပြောနေတ​ယ်
(2011.12.10 - 22:52:24) ကိုရင်ပြုံး: (whispers to jitpasekounglay) အလကားပါ ဗျာ ... အဲဒီအီးမေလ်း ရသွားတာ နဲ့ ဆိုဒ်ကို တိုက်လို့ မရ နိုင်ပါဘူး ..
(2011.12.10 - 22:52:54) jitpasekounglay: (whispers to ကိုရင်ပြုံး) ကိုရင်ပြုံး..hosting pwd ဘယ်သူကိုင်ထားတာလဲ
(2011.12.10 - 22:53:13) ကိုရင်ပြုံး: (whispers to jitpasekounglay) ဟဟ ... သိပ်သိချင်နေလား
(2011.12.10 - 22:54:09) ကိုရင်ပြုံး: (whispers to jitpasekounglay) ကလေးကွက်တွေ မလုပ်ပါနဲ့  ဗျာ ..
(2011.12.10 - 23:08:41) jitpasekounglay: (whispers to ကိုရင်ပြုံး) email နဲ့ချက်ရအောင်
(2011.12.10 - 23:09:00) jitpasekounglay: (whispers to ကိုရင်ပြုံး) ဒီကောင်တွေနဲ့ပြောနေတယ်ကျနော်..သူ​တို့ဆိုဒ်ကိုဒီည ddos နဲ့တိုက်မယ်တဲ့
(2011.12.10 - 23:13:40) jitpasekounglay: (whispers to ကိုရင်ပြုံး) မအားဘူးလား
(2011.12.10 - 23:15:44) ကိုရင်ပြုံး: (whispers to jitpasekounglay) အင်း ..
(2011.12.10 - 23:16:03) ကိုရင်ပြုံး: ဒီမှာ ပြောလဲ ရနေတာ ဘဲ ဗျာ
(2011.12.10 - 23:16:11) ကိုရင်ပြုံး: ဘာလုပ် ဘို့  အီးမေလ်း နဲ့  ပြော ဦးမှာ လဲ
(2011.12.10 - 23:16:53) ကိုရင်ပြုံး: (whispers to jitpasekounglay) ခင်ဗျ က ဘယ်လို လုပ် သိလဲ ဗျ
(2011.12.10 - 23:17:38) ကိုရင်ပြုံး: (whispers to jitpasekounglay) သူတို့  ဆိုဒ် ကို တိုက်မယ် ဆိုတာ
(2011.12.10 - 23:18:14) ဒဿ: (whispers to ကိုရင်ပြုံး) သြော် နေရင်းထိုင်းရင်း နဲနဲလောက်တတ်တာနဲ့ ကျောက်တိုင်တက်ချင်နေကြတယ်
(2011.12.10 - 23:18:43) ကိုရင်ပြုံး: jitpasekounglay ဆိုတဲ့ တစ်ယောက် ဗျ
(2011.12.10 - 23:19:05) ကိုရင်ပြုံး: ကျွန်တော်တို့  ဆိုဒ်ကို အတိုက်ခံ ရ လိမ့်မယ် လို့  လာပြော နေလို့  ပါ
(2011.12.10 - 23:19:36) ကိုရင်ပြုံး: (whispers to jitpasekounglay) အဲဒီ အကောင့်ကို ဟက်ခံ ရတယ် ဆိုတာ ခင်ဗျားကို ဘယ်သူ ပြော လဲ ..
(2011.12.10 - 23:21:25) ကိုရင်ပြုံး: (whispers to jitpasekounglay) ကိုကောင်လေး ကို အဲဒီ reg အကောင့်ဟက်ခံ ရတယ် ဆိုတာ ဘယ်သူ ပြောလဲ ဗျ ...
(2011.12.10 - 23:21:46) ကိုရင်ပြုံး: (whispers to jitpasekounglay) ဒီအကြောင်းကို သိတဲ့ သူ မရှိသေးဘူး ...
(2011.12.10 - 23:22:10) jitpasekounglay: (whispers to ကိုရင်ပြုံး) minnkhamg@gmail.com ကိုအပ်လိုက်ပါ
(2011.12.10 - 23:22:51) ကိုရင်ပြုံး: (whispers to jitpasekounglay) အဲဒါ ဘယ်သူ လဲ ဗျ
(2011.12.10 - 23:23:38) jitpasekounglay: (whispers to ကိုရင်ပြုံး) ကျနော့အကို အကို့ကိုပြောစရာရှိနေတယ်တဲ့
(2011.12.10 - 23:24:32) ကိုရင်ပြုံး: (whispers to jitpasekounglay) ဒီကနေ ပြော လို့ ရပါတယ် ကိုကောင်လေး ..
(2011.12.10 - 23:26:36) jitpasekounglay: (whispers to ကိုရင်ပြုံး) အကိုအမြန်တဲ့အလုပ်ရှီသေးတယ်တဲ့
(2011.12.10 - 23:30:25) jitpasekounglay: (whispers to ကိုရင်ပြုံး) အကို့ဆိုဒ်ကိုဒီည ddos နဲ့တိုက်တော့မယ်တဲ့
(2011.12.10 - 23:30:59) ကိုရင်ပြုံး: (whispers to jitpasekounglay) ဟုတ်လား
(2011.12.10 - 23:31:06) ကိုရင်ပြုံး: ဘယ်နည်းနဲ့  တိုက်မှာ တဲ့ လဲ ဗျ
(2011.12.10 - 23:32:01) jitpasekounglay: တကယ်လို့မအားရင်လဲသူပြန်တော့မယ်တဲ့​ကိုရင်ပြုံး
(2011.12.10 - 23:32:18) ကိုရင်ပြုံး: ဒီကနေ ပြော လဲ ရပါတယ် ကိုကောင်လေး
(2011.12.10 - 23:32:29) ကိုရင်ပြုံး: ဘယ်နည်းနဲ့  ကျွန်တော်တို့  ဆိုဒ် ကို တိုက်မှာ လဲ ဆိုတာ ကို
(2011.12.10 - 23:33:11) jitpasekounglay: DDOs
(2011.12.10 - 23:33:14) jitpasekounglay: ပါတဲ့ဆို
(2011.12.10 - 23:33:37) jitpasekounglay: (whispers to ကိုရင်ပြုံး) DDOs အဲ့ဒါကိုတခုတည်းသောနည်းနဲ့ပဲကာလို့​ရတယ်ဗျ
(2011.12.10 - 23:34:35) ကိုရင်ပြုံး: (whispers to jitpasekounglay) ဘယ်နည်း နဲ့  ကာ လို့  ရတာ လဲ ဗျ ..
(2011.12.10 - 23:34:42) jitpasekounglay: (whispers to ကိုရင်ပြုံး) မအားရင်လဲကျနော့အိုပြန်ပီတဲ့ဗျ
(2011.12.10 - 23:35:26) ကိုရင်ပြုံး: (whispers to jitpasekounglay) ခုန က ခင်ဗျားပြော တဲ့ လူ က ဘယ်သူ လဲ ဗျ
(2011.12.10 - 23:35:55) jitpasekounglay: (whispers to ကိုရင်ပြုံး) minnkhamg@gmail.com ကျနော့အကို securtity admin ပဲ
(2011.12.10 - 23:36:01) jitpasekounglay: (whispers to ကိုရင်ပြုံး) နိုင်ငံခြားမှာအလုပ်လုပ်နေတာ
(2011.12.10 - 23:37:12) ကိုရင်ပြုံး: (whispers to jitpasekounglay) သြော် . ကျေးဇူးဘဲ ဗျ ... ခုလို လာပြီး သတိပေးတာ
(2011.12.10 - 23:37:39) jitpasekounglay: (whispers to ကိုရင်ပြုံး) ဟုတ်အကိုဒါဆိုကျနော်လစ်ပီနော်
(2011.12.10 - 23:37:52) ကိုရင်ပြုံး: (whispers to jitpasekounglay) ကောင်းပါပြီ ဗျား .
(2011.12.10 - 23:43:16) ChatBot: jitpasekounglay has been logged out (Timeout).[/spoiler]

ထိုချက်အတွင်းပြောသည့် စကားများကိုထောက်ရှု၍ အချစ်တက္ကသိုလ်အား တိုက်ခိုက်ရန် ကြံရွယ်သူ minnkhamg နှင့် ဂျစ်ပစီကောင်လေးတို့ မှာ တစ်ယောက်ထဲ ဖြစ်သည်ဟု ကောက်ချက်ဆွဲ ယူဆနိုင်ပါသည်။
အချစ်တက္ကသိုလ်သည် မည်သူ့ ကိုမျှ တိုက်ခိုက်စော်ကားခြင်းမရှိခဲ့သည့် အပြင် ညမင်းသားဆိုဒ် တိုက်ခိုက်ခံခဲ့ရစဉ်က ဘ၀တူဆိုဒ်ခြင်း စာနာထောက်ထားသောအားဖြင့် ပြောလို ရေးလိုသည်များကို လွတ်လပ်စွာ ရေးသားခွင့် ပြုခဲ့ဖူးပါသည်။ ထိုကဲ့သို့ ၄င်းညမင်းသားဖိုရမ်တွင် အက်မင်ဖြစ်စဉ်ကတည်းက အချစ်တက္ကသိုလ် ပူးပေါင်းဆောင်ရွက်ခဲ့သည်ကိုမှ မထောက်ပဲ ဤကဲ့သို့ပြုမူလာသည်ကို တွေ့ရှိရပါသည်။ ယခုအချိန်တွင် ဂျစ်ပဆီကောင်လေးသည် ညမင်းသားဆိုက်နှင့် မသက်ဆိုင်တော့ပါဟုလည်း အချစ်တက္ကသိုလ် အုပ်ချူပ်ရေးကော်မတီက သဘောပေါက်နားလည်ထားပါသည်။
ထို့ကြောင့် ဤကဲသို့ အကျိုးအကြောင်းမဲ့ အောက်တန်းကျစွာ တိုက်ခိုက်မှုအား အချစ်တက္ကသိုလ်မှ ပြင်းထန်စွာ ရှုံချကြောင်း ကြေညာအပ်ပါသည် ။


ဖိုရမ်အုပ်ချုပ်ရေးကော်မတီ
အချစ်တက္ကသိုလ်
« Last Edit: April 05, 2012, 05:26:45 PM by imail »